Pages

June 06, 2008

06 June 2008

ဒီနေ့  သောကြာနေ့ ။

တစ်ပတ် ၇ ရက်ထဲ ဘယ်နေ့ တွေကို ကြိုက်သလဲ မေးလာမယ်ဆို အခုနောက်ပိုင်း အရင်လို အလုပ်ပိတ်ရက်ကို ကြိုက်တာ မဟုတ်ပဲ ကြာသာပတေး နဲ့  သောကြာနေ့ တွေကို ပိုသဘောကျနေတယ်လို့  ဖြေမယ်။ ကြာသာပတေးနေ့  မနက် ရောက်ပြီဆို ... မနက်ဖြန် သောကြာ.. အလုပ်လုပ်ရမယ့် ရက်တွေ တစ်ဝက်ကျော် ကုန်သွားပြီလို့ တွေးပြီး စိတ်ချမ်းသာတယ်။ သောကြာနေ့ ဆိုလဲ ဒီနေ့  ဒီတစ်ပတ်အတွက် နောက်ဆုံး အလုပ်လုပ် လုပ်ရမယ့် နေ့ ဆိုပြီး စိတ်ကြည်လင် နေတယ်။ အဲ... သောကြာနေ ညနေပိုင်း ရောက်ပြီ ဆိုရင်တော့ အရင်လို အရမ်း စိတ်လက် ပေါ့ပါးတယ် ဆိုတာမျိုး မခံစားရဘူး။ ခုနောက်ပိုင်း စနေ၊ တနင်္ဂနွေရက်တွေဟာ အလုပ်မသွားရလို့  အိမ်မှာနေရတာကလွဲရင် ဘာမှ နှစ်သက်စရာ မရှိဘူး။ ဟိုရှုပ် ဒီရှုပ်၊ ဟိုကိစ္စ ဒီကိစ္စတွေ များပြီး စိတ်အဆင်မပြေမှု့ တွေနဲ့ ပဲ ကြုံတွေ့ နေရတာများနေတယ်။ ဒီအားလပ်ရက်မှာ စိတ်အနှောက်အယှက် ဖြစ်စရာ ဘာတွေများ ထပ်ကြုံရအုံးမလဲ တွေးပြီး စိတ်ထဲသိပ်မကြည်ဘူး။ Weekend ရောက်မှာတောင် လန့် နေတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ အားလုံး အဆင်ပြေသွားမယ် ထင်ပါတယ်။ ဒီလိုပဲ အားတင်း ရတာပေါ့။ ကိုယ့်ကိုကိုယ် မှ အားမပေး၊ ဘယ်သူလာ အားပေးမလဲ။
Keep a smile on your face, no matter what!..

ပြုံးတော့ ပြုံးနေပါရဲ့ ကိုယ်မျက်နှာပေါ်မှာ ရှိနေတဲ့ အပြုံးဟာ အများပြောတဲ့ မချိပြုံး ဆိုတာမျိုး မဖြစ်ဖို့ လည်း လိုမယ်။

People are just about as happy as they make up their minds to be. ~ Abraham Lincoln

No comments: