
ဇော်ဝင်းထွဋ် - တမူးသာ
အခွင့်သင့်မှ ခဏရမယ်လေ..
ဂုဏ်ငွေအရှိန်အ၀ါ နဲ့ စည်းစိမ်တွေ
ဘာမှမမြဲတဲ့ သဘောများသိထားလဲ

အရူးအမူးပဲ တက်မက်နေတယ်
လိုအင်ဆန္ဒများစွာလေ
ဖြည့်လို့ မပြည့်တဲ့ အိုးများ လူသားပဲ

ဘုရားဟောရှိခဲ့တယ် လူတွေတိုင်း

လောကထဲမှာကွယ်
ကိုယ့်အတ္တနဲ့ ကိုယ်စီ် အနဲအကျင်းတော့
ရူးကြတာပဲ
ရူးသွပ်မှု့ခြင်းတော့ တူတယ်
ပုံစံတွေသာ ကွဲနေမယ်

ဘာမှမထူးဘူး အားလုံးဒီအတိုင်းပဲ
ရှင်းပြဖို့ တော့ခက်နေတယ်

ကာယကံရှင်တွေသာ နားလည်မယ်
ချစ်တဲ့စိတ်ကြောင့် မင်းနဲ့ ကိုယ်ရူးခဲ့တယ်
ဘုရားဟောရှိခဲ့တယ် လူတွေတိုင်း
လောကထဲမှာကွယ်
ကိုယ့်အတ္တနဲ့ကိုယ်စီ် တစ်နေရာတော့
ရူးကြတာပဲ

ကြင်နာသူသာ အရူးလား
ကိုယ်ကိုတိုင်က အရူးလား
လူတွေအကုန်ဟာ အရူးလား
ဘယ်သူကဖြင့် တမူးသာမလဲ

ကြင်နာသူသာ အရူးလား
ကိုယ်ကိုတိုင်က အရူးလား
လူတွေအကုန်ဟာ အရူးလား
ဘယ်သူကဖြင့် တမူးသာမလဲ

အိုးးးး......အချစ်စိတ်ကြောင့်
အတွေးအခေါ်တွေ သေဆုံးလား
ကိုယ်တို့  ရိုးရိုးလေးချစ်နေတာ
ဘယ်သူတွေ ထိခိုက်လို့ လဲ

ဟူး.... နာ နာ... နာ..နာ.. နား နား ရေး

အားလုံးအတိုင်းပဲ
ကိုယ်တို့ ရူး အခုထိတော့
မထူးသေးပေမယ့်
မင်းလေးကမုန်းမယ်ဆို
မင်းလေးနဲ့ ဝေးမယ်ဆို
အများထက်ရူးမှာ ကိုယ်ပဲ

ကြင်နာသူသာ အရူးလား
ကိုယ်ကိုတိုင်က အရူးလား
လူတွေအကုန်ဟာ အရူးလား
ဘယ်သူကဖြင့် တမူးသာမလဲ

ကြင်နာသူသာ အရူးလား
ကိုယ်ကိုတိုင်က အရူးလား
လူတွေအကုန်ဟာ အရူးလား
ဘယ်သူကဖြင့် တမူးသာမလဲ
No comments:
Post a Comment