Pages

April 13, 2010

To get better Healthy Lifestyle

၁။ ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးကို အခြားနည်းဖြင့် သုံးစွဲခြင်းများကို ဖြတ်တောက်ပါ။
၂။ အရက်အလွန်သောက်ခြင်းကို ရှောင်ကျဉ်ပါ။
၃။ အဆီနည်းသော အစားအစာသာ စားသုံးခြင်းအလေ့အား မွေးယူပါ။ ထို့ပြင် ဗီတာမင် အေ၊ စီ နှင့် အီး ပါသော အစားအစာများကို စားသောက်ပါ။ ဘရိုကိုလီ (ပန်းပွင့်အစိမ်း)၊ ပန်းပွင့်ခေါ် ပန်းမုံလာ၊ ဂေါ်ဖီထုတ်၊ ပဲပင်ပေါက်တို့ကို စားပါ။
၎။ ဖိုင်ဘာဓာတ်များသော အစားအစာ။
ဥပမာ ဖြူဖွေးအောင် ကြိတ်ဖွတ်မထားသော သီးနှံဖြင့် ပြုလုပ်ထားသည့် အစားအစာတို့ကို စားပါ။ ပေါင်မုန့်ဆိုလျှင် ဖြူဖွေးသော ပေါင်မုန့်ကိုရှောင်ပြီး ပေါင်မုန့်ညိုကို စားပါ။ ဆန်ဆိုလျှင် ဖြူဖွေးသော ဆန်ထက် ပိုပြီး အကုန်အစင် မချွတ်ရသေးသော ဆန်ဖြင့်လုပ်ထားသည့် အစားကို စားပါ။
၅။ အစားအစာတွင် အဆီကို ယေဘူယျ လျှော့နိုင်သမျှ လျှော့ပါ။
၆။ မီးကင်ထားသော၊ မီးခိုးငွေ့ပေးထားသော၊ ဆားနယ်ထားသော အစားအစာကို စားခြင်းမှ ရှောင်ကြဉ်ပါ။
၇။ ၀ဖြိုးခြင်းကို အစားအသောက် ရှောင်ကြဉ်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ဖြင့် လျှော့ချပါ။ ကိုယ် လုံးကို မိမိအရပ်နှင့် လိုက်လျောညီထွေဖြစ်သည့် အလေးချိန်ထက် မပိုပါစေနှင့်။

ဂျူး ၏ သေမင်းကို ရွေးချယ်ခွင့်ရှိခဲ့လျှင် {ကလျာမဂ္ဂဇင်း၊ ၂၀၀၉ ဒီဇင်ဘာ} မှ ကောက်နှုတ်ချက်
Credit to Maya Magazine

ကိုယ့်ဘာသာစဉ်းစားကြည့်တာ
၁၊ ၂ နဲ့  ၇ အတွက် စိုးရိမ်စရာ မရှိဘူး။ ဆေးလိပ်မသောက်ဘူး၊ အရက်မသောက်ဘူး။ ကိုယ်အလေးချိန်ကိုရှိသင့်တာထက်တောင် နည်းနေတယ် ဆိုရမယ်။ အနည်းဆုံး ၁၅ ပေါင်လောက် တတ်လို့ ရသေးတယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်ဖြစ်ရင်တော့ ပိုကောင်းမယ် ဒါပေမယ့် မလုပ်ဖြစ်ဘူး။ လမ်းများများ လျှောက်ဖြစ်အောင် ကြိုးစားတယ်။ သိပ်မဝေးရင် လမ်းလျှောက်တယ်၊ ရထားနဲ့ သွားရင် စက်လှေခါးကို တော်ရုံ မသုံးဘူး၊ ရိုးရိုးလှေခါးကပဲ တတ်လေ့ ရှိတယ်။ အခု နှစ်တွေမှာ အသက်မှန်မှန်ရှူပြီး ခပ်သွက်သွက် လမ်းလျှောက်တာ အကျင့်တစ်ခုလို ဖြစ်လာတယ်။

၃ နဲ့  ၅ - အစားအသောက်မှ အဆီလျှော့စားရမယ်။ ဟင်းဆို ဟိုးငယ်ငယ်ကတည်းနေ ခုအချိန်အထိ ကြော်တာ၊ ဒါမှမဟုတ် ဆီပြန်ဆိုတာ တွေပဲ စားတတ်တော့ ဆီလျှော့စားဖို့  ဆီနည်းတဲ့ အစားအသောက်တွေ၊ ပြုတ်တာ၊ သုတ်တာတွေ စားတတ်အောင် ကျင့်ရအုံးမယ်။ တခြား အဆီများတဲ့ ကြက်ကြော်တွေဘာတွေလည်း လျှော့စားမှ။ ကြက်ကြော်ဆို ကြိုက်တယ်။ အဲ့ဒါတွေ စားတာကို အရမ်းမလျှော့နိုင်တော့ စားတဲ့ အကြိမ်အရေအတွက်ကိုပဲ လျှော့လိုက်မယ်။ အသီးအရွက်တွေလည်း မကြိုက်ပေမယ့် ကြုံရင်ကြုံသလို၊ အင်း အခုထက်ပိုပြီး မကြုံလည်း ကြုံအောင်လုပ်ပြီး စားဖြစ်အောင် ကြိုးစားရမယ်။

၎ - ပေါင်မုန့် ဆို အညို မကြိုက်၊ အဖြူ နူးညံ့နေမှ ကြိုက်တယ်။ ဆန်ဆို အရမ်းမကောင်တောင် ဆန်ညံ့၊ ဆန်ကြမ်းဆို မစားတတ်ဘူး။ မြိုလို့  မကျဘူး။ ဆန်ညံ့ဆို ထမင်းစားပျက်ရော၊ အနည်းဆုံးတော့ ဖြူဖွေးဆန်လုံးတွေလှနေမှ။ ဂျပန်ဆန်လို့  စေးတာတွေတော့ မကြိုက်ဘူး။ ဒါလည်း နည်းနည်း ဂရုစိုက်ရမယ်။ ထမင်းစားတဲ့နေရာမှာ သူပြောတဲ့ ဆန်မျိုးကို မစားနိုင်တော့ စားနိုင်တဲ့ ဆန်ပဲစားပြီး ထမင်းစားတဲ့အခါ အရမ်းအများကြီး မစားဖြစ်အောင် ဂရုစိုက်တာမျိုးလုပ်တာကောင်းတယ်။ :D တခြား ဖိုင်ဘာများတဲ့ အစားအသောက်တွေ စားဖြစ်အောင် စားရမယ်။

၆ ကလည်း အရမ်းမစားဖြစ်အောင် ရှောင်လို့ ရပါတယ်။ တခြား ဆားနယ်ထားတာတွေတော့ မစားဖြစ်ဘူး။ အကင်တွေကလည်း သူငယ်ချင်းတွေနဲ့ အပြင်သွားမှသာ စားဖြစ်တာ။ တလတခါ မစားဖြစ်တော့ ကိစ္စမရှိလောက် ပါဘူး။ ဒါပေမယ့် ငါးခြောက်ထောင်းကြော်တို့ ၊ ဆီးရွှဲရွှဲလေး ဆမ်းထားတဲ့ ငါးခြောက်ဖုတ်တို့ ကို သိပ်ကြိုက်။ လုံးဝမစားဘူး ရှောင်တယ်ဆိုတာလည်းမလုပ်နိုင်တော့ တန်ဆေး လွန်ဘေးဆိုသလို ဘေးဒုက္ခမဖြစ်အောင်တော့ ကြည့်ရှု့ စားသောက်ရမှာပေါ့။

ဒါက ဆက်တွေးတာ။
အစားစားတဲ့အခါ မြင်သမျှ စားသမျှ အားလုံး သဘောကျဆိုပြီး အကုန်စားရင် သိပ်မကြာပါဘူး ဟိုရှောင်ဒီရှောင်လုပ်ရ၊ ဟိုဟာမစားရဒီဟာမစားရ ဖြစ်ဖို့ က ၁၂၀% သေချာနေပြီ။ အရသာတော့ ကြိုက်တာပေါ့ ဒါပေမယ့် ဘယ်လောက်ကြိုက်ကြိုက် ချင့်ချိန်ပြီး စားတတ်မှ။ ဒါဆို လုံးဝ ရှောင်ရတယ်ဆိုတာ မဖြစ်တော့ဘူး။ နောက်ပြီး အစာမခံတာ ကောင်းတယ်။ အစာခံရင် ပိုစားဖြစ်တယ်။ ဒီလိုနဲ့ စားနိုင်တဲ့ ပမာဏ တိုးလာမယ်။ တခါတလေ ပျင်းပျင်းနဲ့ အရမ်းစာမှ စားဖြစ်တာရှိတယ်။ ဒါလေး နည်းနည်း ထိမ်းရမယ်။ အချိန်မှန် ပုံမှန်ပမာဏ စားတဲ့အကျင့်မျိုး လုပ်မှ။ ရေများများသောက်၊ လမ်းများများလျှောက်၊ ရှူးများများလည်းပေါက်။

နောက်ဆုံး သေချာစဉ်းစားကြည့်လိုက်တဲ့အခါ ကိုယ့်အတွက် အဓိကလုပ်ရမှာက ဆီလျှော့စားရမယ် ဆိုတာပဲ။

အခု ကျန်းမာပါတယ်။ ဘာမှ မဖြစ်ပါဘူး။ ၀လည်း အရမ်း မ၀ပါဘူး။

ဒီနေ့  ဂျူးရဲ့ဆောင်းပါလေး ဖတ်ဖြစ်ရင် အခု ဘာမှမဖြစ်ပေမယ့် နောင်ပိုင်းမှာ ကိုလက်စထရောများလို့ ၊ သွေးတိုးလို့ ၊ အရမ်းဝနေလို့  ဟိုဟာ မစား၊ ဒီဟာဆို ရှောင်ရ၊ လေ့ကျင့်ခန်းတွေ အတင်း လုပ်ရ မဖြစ်ရလေအောင် ခုချိန်ထဲက ကိုယ့်စီမှာရှိနေတဲ့ အကျင့်တွေနဲ့ သူရေးထားတာလေးတွေ နှိုင်းယှဉ်တွေးပြီး စဉ်းစားမိခဲ့ပါတယ်။ မစားချင်လို့ မစားတာ၊ စားချင်ရင် စားလို့ ရသေးတယ် ဆိုတာနဲ့  စားချင်စိတ်ရှိတယ် ဒါပေမယ့် လုံးဝ စားလို့ မဖြစ်လို့ ရှောင်လိုက်ရတယ် ဆိုတာ အရမ်းကွာတယ်။ ဒီတော့ ခုချိန်မှာ မ၀ပါဘူး၊ ကျန်းမာနေတယ်ဆိုပြီး ဂရုမစိုက်လို့  မဖြစ်ဘူးလေ။ နှစ်ကာလကြာလေကြာလေ စားထားသမျှတွေ၊ ပေတေထားသမျှတွေ ပိုပေါ်လာလေလေ။ အသက်ကြီးလာတာနဲ့ အမျှ ပိုဝလွယ်လာ၊ ပိုချူချာလာလိမ့်မယ်။ အင်း... အသက်တွေကလည်း မငယ်တော့ဘူး။

4 comments:

Anonymous said...

ကိုယ် လုံးကို မိမိအရပ်နှင့် လိုက်လျောညီထွေဖြစ်သည့် အလေးချိန်ထက် မပိုပါစေနှင့်။ နေနေလား. ဆယ်နှစ်..ဆယ်နှစ်.. ဘယ်တော့မှ ပိုမှာမဟုတ်ဘူး
;D
မမွန်

Rita said...

ဖတ်ပြီး ပိန်ခြင်းသည် လာဘ်ကြီးတပါး လို့ တွေးရမလို ဖြစ်သွားသေးတယ်။

Vista said...

ပိန်ခြင်းသည် လာဘ်ကြီးတစ်ပါး ဟားဟားဟား

khin oo may said...

မှန်၏။