မနေ့ က နေ့ လယ်ပိုင်း သွားစရာရှိလို့  နေ့ တစ်ဝက်ခွင့်ယူမယ်ပြောတော့ ကိုယ့်အထက်ကလူက ကိစ္စမက မကြာလောက်ဘူး ခွင့်မယူနဲ့  ထမင်းစားချိန်ပြီးတော့ ဆက်သွားလိုက်၊ ညနေ ၄ နာရီလောက်မှ ကိစ္စမပြတ်ဘူးဆို သူစီ အက်စ်အမ်အစ်ပို့ လိုက် ခွင့်တင်ပေးလိုက်မယ်တဲ့။ သဘောကောင်းနေတယ်။ ကိစ္စက မြန်ပါတယ်။ ၂ နာရီခွဲလောက်ပြီး၊ ၃ နာရီလောက် အလုပ်ပြန်ရောက်တယ်။ အဲဒီက စတာပဲ...
အထွက်တုန်းက အဲဒီနေ့ အဖို့  ပြန်လာမယ်မလာဘူး မသေချာတော့ ကွန်ပြူတာကို ပိတ်သွား၊ ဖုန်းကို Logout လုပ်သွား ဖြစ်တယ်။ ပြန်ရောက်တော့ ဖုန်းကို Login ၀င်၊ ကွန်ပြူတာ ပြန်ဖွင့်ပေါ့။ အားလုံး အဆင်ပြေတယ်။ Browser တွေဘာတွေဖွင့် Reader လေးကြည့်လိုက်သေးတယ်။ နောက်ဆုံးအဆင့် အီးမေးဝင်မှ ပြဿနာစတာ။ အလုပ်မှာ Lotus Notes သုံးတယ်။ Notes လေးဖွင့်ပြီး Password ရိုက်ထည့်မှာ၊ Password မှားနေတယ်ဆိုပြီး ၀င်မရဘူး။ Caps Lock ပွင့်နေလား၊ Unicode KB ဖြစ်နေလား ကြည့်ပြီး ထပ်ရိုက် ထည့်တယ်။ ဒါလည်း မရဘူး။ အလုပ်အီးမေး၊ တစ်ပတ် ၅ ရက်၊ တစ်ရက် ၄-၅ ခါ အနည်းဆုံး ရိုက်နေကြ Password မှားနေတယ်။ ထပ်စမ်းတယ်၊ လုံးဝ မရဘူး။
မေ့.. မေ့ .. မေ့ ... မေ့တတ်တယ်ဆိုတာ မကောင်းပါ။
နောက်ဆုံး ဘယ်လိုမှ ၀င်မရ၊ စဉ်းစား မရတာနဲ့  ကွန်ပြူတာကို Lock လုပ်ပြီး အကူအညီတောင်းဖို့  ဘေးကထိုင်နေတဲ့သူ စီသွားလိုက်တယ်။ အလုပ်မှာက ကွန်ပြူတာရှေ့ မှာ လူမရှိရင် ကွန်ပြူတာကို Lock ထားကိုထားရတယ်။ ဘာကြောင့် ဘေးကလူကို အကူအညီတောင်းရလဲဆို ဒီမှာက Password တစ်ခုခု မေ့ရင် ဒီတိုင်း ပြောင်းခိုင်းလို့ မရဘူး။ Lotus Notes ကနေ တစ်ဆင့် RSA create လုပ်၊ သက်ဆိုင်ရာ Depeartment ကို Assign လုပ်ပို့ ။ RSA ကအဆင့်ဆင့် approval တွေလိုတာဆိုတော့ မြန်ချင်ရင် ကိုယ့်ရဲ့ RSA Number ကိုယူပြီး Helpdesk ကို အီးမေးပို့ / ဖုန်းခေါ်။ ဒါမှ Helpdesk က အဲဒီကိစ္စနဲ့ ဆက်ဆိုင်တဲ့ department ကိုဆက်သွယ်ပြီး ကိုယ့်စီအကြောင်း ပြန်တယ်။ သိတယ် မဟုတ်လား၊ CMMI Level III လေးရထားတယ်ဆိုတော့ ဒီလောက်တော့ ရှုပ်ပေမပေါ့။
ဘေးလူကို Lotus Notes ၀င်မရလို့  သူအီးမေးကတစ်ဆင့် ကိုယ့်အတွက် Request လုပ်ပေးပါဆိုတော့ တစ်ခုခု မှားနေသလား သူကြည့်အုံးမယ် ဆိုလာလို့  ကိုယ့်နေရာကိုပြန်လာ၊ ကွန်ပြူတာကို unlock လုပ် တောက်တောက်.. တောက်တောက် နဲ့  ရိုက်လိုက်တာ်။ Password မှားနေတယ်တဲ့ ၀င်မရဘူး။ Keyboard ကိုစစ်တယ်။ အားလုံး အဆင်ပြေနေတယ်။ ထပ် ထည့်စမ်းတယ်။ မရပြန်ဘူး။ ဒါနဲ့ ... ငါရိုက်လိုက်တာ ဘာလဲ ငါ Password ကဘာလဲ စဉ်းစားလိုက်တယ်။ လုံးဝ စဉ်းစားမရဘူးတော့ဘူး။ မကြေနပ်ဘူး။ ခုနတင် ၀င်ထားတာလေ။ ဒါနဲ့  နောက်တစ်ခေါက် ထပ်စမ်းလိုက်တာ ကွန်ပြူတာ Lock ဖြစ်သွားရော။ ၃ ခါပဲ မှားခွင့်ရှိတယ် ဆိုတာကိုပါ မေ့သွားတာ။
ဒီတစ်ခါက ပိုဆိုးတယ်။ မေ့သွားတာ Domain Login Password လေ။ အကောင့် Lock ဖြစ်သွားပြီ ဆိုတော့ကား ဘာမှ ဆက်လုပ်လို့  မရတော့ဘူး။ ကိုယ့်ဘေးမှာ ထိုင်တဲ့သူလည်း ပြုံးစိစိနဲ့  RSA Create လုပ်ပေးပါတယ်။ သူစီက နံပါတ်ရပြီ ဆိုတော့မှ Helpdesk ကို ဖုန်းဆက်။ တော်သေးတယ်။ ဖုန်းက Password မမေ့ခင် ၀င်ထားမိလိုက်လို့ ။ Helpdesk နဲ့ စကားပြောတော့ Unlock လားဆိုလို့  ၊ မဟုတ်ဘူး Reset လုပ်ပါ၊ Unlock နဲ မရဘူး၊ Password တွေ မမှတ်မိဘူး ပြောလိုက်ရတယ်။ စောင့်ပါတဲ့။ ဖုန်းပြန်ခေါ်မယ်တဲ့။
ကွန်ပြူတာမှာကလည်း ကိုယ့်နာမည်နဲ့  အကောင့်ရယ်၊ Admin အကောင့်နှစ်ခုပဲရှိတယ်။ Admin အကောင့်က Password က ကိုယ်တို့ တွေ မသိဘူး။ ဒီတော့ ဘာမှ လုပ်မရဘူး။ အေးဆေးပေါ့။ ၃ နာရီခွဲလောက်ကနေ ၆ နာရီလောက်ထိ ဟိုယောင်ယောင် ဒီယောင်ယောင်ပေါ့လေ။ ဖုန်းနဲ့  ဂိမ်းဆော့လိုက် သူငယ်ချင်းတွေနဲ့ ချက်လိုက်လုပ်နေ လိုက်တယ်။
ဒီဟာတွေ မေ့သွားတယ်ဆိုတော့ တခြား Password တွေ သတိရသေးလား စဉ်းစားလိုက်တယ်။ စဉ်းစားမရဘူး။ အလုပ်မှာက ကိုယ့်တစ်ယောက်တည်း( ကိုယ့် ID ) နဲ့ သက်ဆိုင်တဲ့ အကောင့်တွေ အများကြီးပဲ။ Domain Account၊ Firewall Proxy၊ Lotus Notes၊ StaffNet၊ PM Tools၊ Dimension၊ PPMS၊ QC တော်တော်များတယ်။ တစ်ခုနဲ့ တစ်ခု Password တွေ မတူဘူး၊ တချို့  Password က ပြင်လို့ မရဘူး System က Auto Generate လုပ်ပေးထားတာ၊ တချို့ ဟာကြတော့ ၁၅ ရက်တခါ၊ ၁ လတခါ၊ ၃ လတစ်ခါဆိုသလို ပြောင်းပေးနေရတယ်။ မလွယ်ဘူး။ အရင်က အကုန်မှတ်မိတယ်။ ကြာတေ့ မမှတ်မိလို့  KeePass နဲ့ မှတ်ထားတယ်။ ခုစဉ်းစားတော့ အဲဒီ KeePass Password တောင် မမှတ်မိဘူး။ မှတ်မိလဲ ဘာမှ မတတ်နိုင်ပါဘူး။ ကွန်ပြူတာထဲမှ ၀င်မရတာ။
ဟိုလိုလို ဒီလိုလိုနဲ့  ၆ နာရီ ထိုးသွားတယ်။ Helpdesk က ဖုန်းမလာလဲ နောက်နေ့ မှ ဖုန်းဆက် မေးတော့မယ်၊ ခုအိမ်ပြန်တာ ကောင်းတယ်လို့  တွေးလိုက်မှာ ဖျက်ကနဲ့  Domain Account Password ကို သတိရလိုက်တယ်။ အလုပ်ချိန် ကျော်သွားပြီဆိုတော့ကား ဦးနှောက်က တဖြေးဖြေး အလုပ်ပြန်လုပ်လာတာ ထင်တယ်။ ကြားထဲမှာ စိတ်ထင်တဲ့ Password တွေစမ်းကြည့်သေးတယ်။ လုံးဝ စဉ်းစားမရတာ။ စမ်းကြည့်တော့ မှန်တယ်ဗျာ။ Lock ဖြစ်နေတော့ ဒီတိုင်း ၀င်မရဘူး၊ ဒါပေမယ့် Password မှန်တယ်ဆို Domain မ Join ပဲ (Network ကြိုးကိုဖြုတ် ) ၀င်ရင် ကွန်ပြူတာထဲတော့ ၀င်ရတယ်။ ပြီးမှ ကြိုးပြန်တတ်ပေါ့။ Password တွေမှတ်မိလား သိချင်တာနဲ့  Network ကြိုးပြန်တတ်ပြီး အလုပ်က ကိုယ်နဲ့ ပတ်သက်တဲ့ အကောင့်တွေ လိုက်ဝင်ကြည့်တာ ၀င်လို့ ရတယ်။ ဒါပေမယ့် Lotus Notes Password တော့ မမှတ်မိဘူး။ မှတ်မိသွားရင် အီးမေးတွေဖတ်၊ ပြန်လုပ်နေရင် အိမ်ပြန်နောက်ကျမှာကို ဦးနှောက်က သိနေလို့ ထင်ပါတယ်။ အမေ့ ကောင်းလေး မေ့တာပါလို့  အဲ့ဒါကြောင့် ပြောတာပေါ့။ တစ်ညနေလုံးလည်း အလုပ်မလုပ်လိုက်ရဘူး။ ;)
၆ နာရီ ၁၅ လောက်မှ Helpdesk က ဖုန်းဆက်ပြီး Domain Account ကို Reset လုပ်ပြီးပြီလို့ ပြောပါတယ်။ ခုချိန်ထိ Lotus Notes အတွက် Reset မရသေးဘူး။ ဒါပေမယ့် ကိစ္စ မရှိဘူး။ ဒီမနက် အဲဒီ Password ကို ပြန်မှတ်မိလို့  အီးမေးလည်း ၀င်လို့ ရပြီ။
ဒါပဲ တော်ပြီ။ ဒီနေ့  အလုပ်လုပ်နေရင်း စဉ်းစားနေတာ တစ်ခု မရတာနဲ့  မနေ့ ကကြုံတာတွေ ချရေးတာ။ အလုပ်ပြန်လုပ် လိုက်အုံးမယ်။
အသက်ကြီးလာလို့  မေ့တတ်တာလာလို့ ပြောရင် ကျွန်မထက် အသက်အများကြီး ကြီးတဲ့သူတွေ စိတ်ဆိုးမှာစိုးလို့  မပြောတော့ဘူး။ မေ့တတ်လို့  မေ့တတ်လာတာလို့ ပဲ ပြောတော့မယ်။ အသက်ကြီးကြီး ငယ်ငယ် မေ့တတ်တဲ့သူက ဟိုမေ့ဒီမေ့ မေ့တာပါပဲ။
8 comments:
Yes I happen every month for any reason. 2 formal emails a/c, 4 accounts system, 1 network and 2 support systems with monthly password renewal. Can't repeat the password more than 2/3 digit or alphabet and must be mix with digit and alphabet.
I need to write down at somewhere at safe place. :(
But every mth I need to send urgent urgent urgent mail request to respective support team..he heee..
ဘာကိုမေ့တာလဲဆိုတာ ထည့်ရေးဖို့ မေ့သွားတယ် ထင်တယ်။
link ကို ဖွင့်မကြည့်မိဘဲ ပြောလိုက်တာ။ စောသွားတယ်။ ဆောဆော
ဟားဟား.. ကျနော်လည်းဖြစ်တယ်၊ သုံလေးလ တခါလောက်ပေါ့။ တခေါက်က စိတ်တွေ ဘယ်ရောက်နေလဲမသိဘူး၊ password ရိုက်တဲ့နေရာမှာ ခါတိုင်း IM မှာ နှုတ်ဆက်နေကျ hihi ရိုက်ထည့်ပြီး enter ကောက်နှိပ်လိုက်တာဗျာ၊ သတိပြန်ဝင်လာတော့ ရီလိုက်ရတာ။
ဘာမေ့တာလဲမသိလို့ကွန်မက်ဆီမှအဖြေရှာကြည့်တာ ရီတာဆီကနေသိသွားတယ။် ကောင်းပါလေ့သတိထား ရူးမယ်။
မရူးဘူး... ထူးတာပါ။ မယုံရင် ကို TZA နဲ့  မနွယ် မေးကြည့်။
စုဖတ်သွား၏။
Post a Comment