Pages

August 17, 2007

ဒီနေ့ ဖတ်မိသမျှ - 16 August 2007

ယောင်္ကျားစိတ်
"ယောင်္ကျားစိတ်ဆိုတာ အခက်သား။ ကိုယ့်ဘက်က တရားတယ်လို့ ထင်တဲ့ ကိစ္စမျိုးကို သူများ ဘယ်လောက်တားတား လုပ်ပစ်လိုက်ရမှ ။ ပြီးမှ မှားသွားရင် တိတ်တိတ်ကြိတ်ခံတတ်တာမျိုး"

ပါရမီဖက်
"ယောင်္ကျား တစ်ယောက်စီက စည်းစိမ်ချမ်းသာ နဲ့  သုခကို မျှဝေခံစားပြီးတဲ့ မိန်းမတစ်ယောက်ဟာ အဲ့ဒီ ယောင်္ကျားရဲ့ ဒုက္ခဆင်းရဲတွေကိုလည်း မျှဝေခံစားနိုင်ရမှာပေါ့။ လူတစ်ယောက်ကို စုံမက်ပြီး ပေါင်းသင်းတဲ့အခါ သူ့ ရဲ့အကောင်းတွေကို ကိုယ်ယူရသလို သူ့ ရဲ့ အဆိုးတွေကိုလည်း ကိုယ်ယူရမယ် မဟုတ်လား။ တစ်ဖက်သတ်ကြီး ဘယ်ရပါ့မလဲ။ "

ဂျူး - ကျွန်မချစ်သောယောက်ျားများ ၀တ္ထုတိုမှ..

4 comments:

ThuHninSee said...

ဒုတိယအချက်က မှန်လိုက်လေဟလို့သာ
သဲ့သဲ့လေး အသံပြုလိုက်နိုင်ပါတယ်။

Soe Moe said...

ဒါကတော့ ယောင်္ကျားစိတ်မှ မဟုတ်ပါဘူး၊ မိန်မတွေမှာလဲ တွေရတတ်ပါတယ်။

ဒုတိယအချက်ကိုတော့ ထောက်ခံတယ် N3 ရေ . . .

Soe Moe said...

ပါရမီဖက်ကို သွားရမှာလား၊ ဒါမှအဟုတ်ပါရမီဖက် ကိုမကွေ့ပဲ ၈မိုင်ဖက် ကိုဆက်သွားရမှာလား N3 ရေ

Nay Nay Naing said...

မမွန်>> အသံကျယ်ကျယ်ပြောပါ။ ကိုပေါက် မကြားလောက်ပါဘူး။ :P မမွန်က ဒီလိုပြောတော့ နောက်ကလိုက်ရမယ့်သူတွေ တွန့် ကုန်ပါပြီ။

စိုးမိုး>> မိန်းကလေးတွေမှာ လည်း ဒီလိုမျိုးစိတ်ဓာတ်ရှိသူတွေ ရှိပါတယ်။ ဒါပေမယ့် ယောင်္ကျားလေးတွေမှာ အဲဒီလို စိတ်ဓာတ်ရှိသူများတယ်လို့ ထင်တယ်။ ဘာလို့  အဲ့လိုပြောတယ်ဆိုတဲ့ အထောက်အထား၊ အချက်အလက်၊ အသေးစိတ်ကို သိချင်တယ်၊ ဆက်ဆွေးနွေးချင်သေးတယ်ဆိုရင် ဖုန်းဆက်လိုက်ပါ။

"ပါရမီဖက်" အကြောင်းကတော့ စာအုပ်ထဲမှာ ပါရမီဖက်လို့ ရေးတားလို့  အဲဒီလိုရေးလိုက်တာပါ။ ပါရမီဖြည့်ဖက် နဲ့ တူမယ် ထင်ပါတယ်။

ဒါနဲ့  ၈ မိုင် ဘက်ဆက်သွားရင် ကျွန်မ့ အိမ်နဲ့ ပိုနီးသွားပါလိမ့်မယ်။ :P ကိုစိုးမိုးမှာလည်း သူများကိုယ်စား ရေးပေးရတာတွေ အတော်များတာပဲ။ ကိုယ်တိုင်ရေးခိုင်းလိုက်ပါလား။ ဒီလေသံ ဘယ်သူ့ လေသံလဲဆိုတာကို သိနေတယ်။