Pages

August 17, 2007

Windows Live ID Web Authentication Release

Windows Live(TM) ID Web Authentication final version (1.0) ကို Release လုပ်လိုက်ကြောင်း ဖတ်လိုက်ရတယ်။ ASP.NET, Ruby, Java, Perl, Python, PHP Programming Language တွေမှာ အလွယ်တကူ အသုံးပြုနိုင်ကြောင်း ရေးသားထားပါတယ်။ [Window Live ID, Window Live ID Team's Blog]

အရင်ကတော့ Microsoft Live ID တစ်ခုကို သုံးပြီး Microsoft ရဲ့ Websites နဲ့  Services အတော်များများကို ၀င်လို့ ရတယ်။ ခုလို Live ID Authentication System ကို ထုတ်လုပ်ပြီဆိုတော့ နောက်ဆို အဲဒီ System ကို သုံးပြီး ရေးထားတဲ့ Website တိုင်းကို Live ID သုံးပြီး ၀င်လို့ ရတော့မယ်ပေါ့။ ဟိုတလောကတင် Google ကလည်း သူ့ ရဲ့ Gmail Account ကို သုံးပြီး Online Website အတော်များများမှာ ဈေးဝယ်နိုင်အောင် "Google CheckOut" ဆိုပြီး လုပ်ခဲ့သေးတယ်။ Microsoft ကလည်း အားကျမခံ သူ့ ရဲ့ Live ID ကိုသုံးပြီး တခြား Website တွေမှာ ၀င်နိုင်အောင် ကြိုးစားလာပြန်တယ်။ သူတို့ နဲ့ အပြိုင် နာမည်ကြီးတဲ့ Yahoo ကရော တခြား ထူးထူးခြားခြား ဘာလုပ်အုံးမလဲ မသိဘူး။ စိတ်ဝင်စားစရာပဲ။

နောက်ဆို IPhone က "IPhone is everything" ဆိုပြီး ကြော်ငြာခဲ့သလို ပုံစံလိုမျိုး .... ဒီ Free Email ID တစ်ခုရှိတာနဲ့  အင်တာနက်ပေါ်မှာ အရာရာလုပ်လို့ ရနေပါပြီ လို့  ကြော်ငြာနိုင်အောင်များ အပြိုင်အဆိုင် လုပ်လာကြသလား ထင်ရတယ်။

No comments: