Pages

August 29, 2007

Adobe Photoshop Tutorials

ဒီနေ့  Website တွေမှာ သတင်းတွေ လိုက်ဖတ်ရင်းနဲ့  Photoshop နဲ့  ပတ်သက်တဲ့ Tutorial အများအပြားကို စုပေးထားတဲ့ နေရာတစ်ခုကို တွေ့ ရတယ်။ Advanced Adobe Photoshop Tutorials တွေလို့  ပြောထားပါတယ်။ Adobe Photoshop ကို အသုံးပြုနေသူတွေ၊ အသုံးပြုတတ်သူတွေ အတွက် အဲ့ဒီက Tutorial Links တွေက အသုံးဝင်မယ် ထင်ပါတယ်။



တကယ်ဆို Graphic Design လုပ်တာတွေမပြောနဲ့  Photo Editing လုပ်တယ် ဆိုတာတောင် ကျွန်မနဲ့  အတော့်ကို အလှမ်းဝေးတဲ့ အရာလို့  ပြောလို့ ရပါတယ်။ Photoshop Software ကို Beginner User Level အဆင့်တောင် မသုံးတတ်ပါဘူး။ ဟိုအရင်ကတော့ Photoshop ကို ကွန်ပြူတာထဲမှာ သွင်းထား ဖြစ်သေးတယ်။ Photo တွေကို ပြင်ရမယ်ဆို Resize လုပ်တာရယ်၊ ကိုယ်လိုချင်တဲ့ အပိုင်းလေးကို Crop လုပ်ယူတာရယ်၊ Colour တွေကို လျှောက်ပြောင်းတာရယ်ကလွဲရင် ကျန်တာ ဘာမှမတတ်တဲ့ ကျွန်မအဖို့  Photoshop Software က မလိုအပ်ဘဲ၊ အပိုဖြစ်နေတာကြောင့် နောက်ပိုင်းတော့ Install တောင် မလုပ်ထားဖြစ်တော့ဘူး။ ကျွန်မ တတ်တာတွေလုပ်ဖို့  ကလည်း Paint တို့ ၊ Microsoft Photo Editor တို့  Free ရတဲ့ Google က Picasa တို့ လောက်ကို သုံးပြီးလည်း လုပ်လို့ ရနေတယ်လေ။ ကိုယ်ကသာ ဘာမှ မလုပ်တတ်တာ၊ တခြားသူတွေ လုပ်ထားတဲ့ Design လှလှလေးတွေနဲ့  လှနေတဲ့ ပုံလေးတွေကိုတော့ သဘောကျ၊ နှစ်သက်တတ်ပါတယ်။

Photoshop Software ကို စမ်းသုံးကြည့်မယ်၊ ပုံလေးတွေ ပြင်ကြည့်မယ် စိတ်ကူးတာ အတော်ကြာပြီဖြစ်ပေမယ့် ခုထိတော့ တစ်ခါမှာကို အကောင်အထည် ဖော်ပြီး အလုပ်ဖြစ်သေးဘူး။ တစ်နေ့ နေ့ တော့ အသုံးဝင်လာမယ် ထင်တာတဲ့ ဒီ Tutorlas တွေစုထားတဲ့ Link ကို မှတ်ထားလိုက်တယ်။

Credit to http://www.dennisplucinik.com/

1 comment:

Soe Moe said...

Thanks for sharing N3 . . .