Pages

August 14, 2007

What a Busy Day!

တနင်္လာနေ့  ... (13 August 2007)

အလုပ်အားတဲ့ ရက်တွေမှာ တခြား အလုပ်ရှုပ်၊ စိတ်တွေရှုပ်၊ အိပ်ရေးပျက်တာများနေတော့ မနက်နိုးလာတဲ့ အခ်ျိန်မှာ မကြည်လင်ဘူးဖြစ်နေခဲ့တယ်။အလုပ်အသွား အမ်အာတီရောက်မှ အိမ်မှ ဖုန်းကျန်ခဲ့တာ သိလိုက်ရတယ်။ယူရမယ့် ပစ္စည်းတွေ တော်ရုံနဲ့ ကျန်တယ်ဆိုတာ ဖြစ်လေ့မရှိဘူး။ဒီတခါမေ့တာ နှစ်နှစ် အတွင်းဆို ဒုတိယအကြိမ်လို့  ပြောရမယ်။

အလုပ်ရောက်တော့ လုပ်စရာတွေ အရမ်းများနေတယ်။ အားလပ်ရက်များများရတာ မကောင်းပါလားလို့ တွေးမိပါတယ်။ မနက်ပိုင်း အလုပ်ကြွေးတွေ ပြီးအောင်လုပ်မယ် စိတ်ကူးပြီး လုပ်နေလိုက်တော့ မနက်ပိုင်း ရနေကျ အင်တာနက်ပေါ် လျှောက်ကြည့်ချိန်လေးတောင် မရလိုက်ဘူး။ ၁၂ နာရီ ထမင်းစားချိန်မှာတော့ အလုပ်တွေ အတော်ရှင်းသွားတယ်။

နေ့ လယ် ၂း၃၀ နာရီမှာ Urgent UAT Deployment ရှိတယ်ဆိုတာကြောင့် ထမင်းအမြန်စားပြီး ပြင်ဆင်စရာတွေ အမြန်ပြင်ဆင်လိုက်ရတယ်။ အချိန်မှီ ပို့ စရာရှိတဲ့ Document တွေ ပို့ ပြီး ညနေ SIT Deployment အတွက် အလုပ်ပြန်စလုပ်နေခဲ့တယ်။ ကျွန်မတို့ အဖွဲ့ ရဲ့ Share Document တွေထားတဲ့ Server တစ်လုံးကို Restart လုပ်မယ် အဲဒီ Server ကို Access လုပ်တာ ရပ်ထားပါဆိုတဲ့ Instruction ၀င်လာတယ်။ အချိန်မှီအောင် အသည်းအသန် လုပ်နေရတဲ့ အထဲ ဘယ်လောက်ကြာမှာလဲ မေးကြည့်တော့ ၁၅ မိနစ်လောက်ပဲ ကြာမယ်လို့ ပြောတယ်။ဒါနဲ့  တခြား လုပ်စရာတွေ လုပ်ရင်း စောင့်နေတာ Server က ပြန်တတ် မလာတော့ပါဘူး။ သူလည်း ဆက်တိုက် အလုပ်လုပ်နေရတာ ပင်ပန်းလို့  အနားယူသွားတယ် ထင်ပါတယ်။ ဒါနဲ့  SIT ကို Document တွေမရှိပဲ ရှိတာတွေနဲ့  အဆင်ပြေအောင် လုပ်လိုက်တယ်။

၁ နာရီကျော်ကြာတဲ့ အထိ Server ကို Access လုပ်မရလို့  ဖုန်းဆက်မေးမှ HD Crash ဖြစ်သွားတယ်တဲ့။ Share Document တွေ အားလုံးက အဲဒီမှာ။ ခုနက Release လုပ်လိုက်တဲ့ UAT ကို Deploy လုပ်ပြီးပြီဆိုတာ အကြောင်းကြားတဲ့ အီးမေး ၀င်လာလို့  စိတ်ညစ်တာတွေ မေ့ထားပြီး UAT Tester တွေစီ Announcment မလုပ်ခင် တခါစမ်းကြည့်ဖို့ လိုတော့ ၀င်ကြည့်လိုက်တော့ UAT Site က Login တောင်လုပ်မရပဲ၊ Error တတ်နေတာတွေ့ လိုက် ရတယ်.. ဒါနဲ့  Urgent Announcement ဆိုပြီး ဘယ်သူမှ UAT Site ကို မသုံးပါနဲ့  Software တွေကို Update မလုပ်ပါနဲ့  အီးမေးအမြန်ပို့ ပြီး အကြောင်းကြား။ Deployment Error လား။ File တွေ ကျန်လို့  Error တတ်တာလား၊ တခြား Security Checking လုပ်တာကြောင့်တွေလား၊ ကိုယ်က ကြားခံလို ဖြစ်နေတော့ ဘယ်သူ့ ကြောင့် ဒီလို ဖြစ်တယ်ဆိုတာ သေချာသိမှ ဖြေရှင်းခိုင်းလို့ ရမှာမို့ လို Log Files တွေ လိုက်ဖတ်ရ၊ ဖုန်းတွေ ဆက်မေးလုပ်ရတယ်။

နောက်ဆုံးတော့ Module တစ်ခုမှာ File တွေ ကျန်တာမှန်း သိလိုက်ရပါတယ်။ အဲဒီအပိုင်း Developement လုပ်တဲ့သူတွေစီ အမြန်ဖုန်းဆက်ပြီး Confirm လုပ်ခိုင်းလိုက်ရတယ်။ ခုလ ၁ လစာနဲ့ မလုံလောက်ဘူး၊ ပြီးခဲ့တဲ့ ၇ လပိုင်းက သူတို့  File တွေကို အစီအစဉ် အတိုင်းပြန်ပြီး Deploy လုပ်ပေးပါလို့  တောင်းဆိုတယ်။ အဲဒီလို လုပ်ရင် Ok သွားနိုင်ပါမယ်တဲ့လေ။ ပြောတော့သာ လွယ်တာ ကျွန်မမှာ အရင် Document တွေပြန်ရှာရမှာ မလွယ်ဘူး။

သူတို့ အမှားကို အပြစ်တင်နေဖို့ အချိန်မဟုတ်တာကြောင့် ( ကျွန်မပြောစရာမလိုအောင် သူတို့ ရဲ့ ဖြေရှင်းချက်ကို နားထောင်မယ့်သူတွေက စောင့်နေပြီလေ) ခုတက်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ နောက်ထပ် UAT Package တစ်ခု ပို့ ဖို့ ကြိုးစားရတယ်။ ပုံမှန်ဆို Documentation Server HD Crash ဆိုတော့ ဘာလုပ်ရမယ်မှန်းမသိတော့ဘူး။ Backup ရှိလား လိုက်မေးတော့ ဒီနှစ်လ မအားလို့  Backup မလုပ်ထားကြဘူးတဲ့။ Project Manager ကို Report လုပ်ပြီး၊ ကျွန်မ ကွန်ပြူတာမှာ ရှာကြည့်တော့ တချို့  Doucment တွေရှိနေတယ်။ ဒါတွေသုံးပြီး Data Server က File တွေကို ပြန်ရှာပြီး ပြင်ဆင် အမြန်ပို့ ရတယ်။ Documentation Share Serverပဲ မရတာဖြစ်ပြီ၊ တခြား Share Server တွေအကုန်သုံးလို့  ရနေလို့  တော်သေးတယ် ဆိုရမယ်။

UAT ကို ၅း၃၀ ကျော်ရင် မလုပ်ပေးနိုင်တော့ဘူးလို့  TNS Department က ဖုန်းဆက်တယ်။ ဒါနဲ့  အမြန်လုပ်တာ ၅း၁၅ မှာပြီးသွားတယ်။ UAT Deployment လုပ်ခိုင်းရင် Package ကို dimensions မှာအရင် Upload လုပ်ပြီးမှ၊ Upload လုပ်ထားတဲ့ နေရာရယ်၊ ဘယ်လိုတွေလုပ်ရမယ်ဆိုတဲ့ Instruction တွေကို RSA Tracking System သုံးပို့ ရမှာမို့  Dimensions ကိုဝင်တော့ ကျွန်မ User Name နဲ့  Password က၀င်မရဘူး။ ခုနက တခါလုပ်တုန်းက ရတယ်၊ ခုမရတော့ဘူးဆိုတော့ ရှိသမျှလူ တွေ လိုက်စမ်းခိုင်းတော့ သူတို့ လည်း ၀င်လို့ မရဘူးတဲ့။ ဒီနေ့  မရှင်းရင် မပြီးတာနဲ့  Package ကို Thumb Drive ထဲထည့်ပြီး၊ TNS Department ကို ပြေးရတယ်။ ဟိုကိုရောက်တော့ ၅း၃၀ ရှိနေပြီ။ ကျွန်မကိုမြင်တော့ စိတ်ဆိုးနေတဲ့ပုံတွေနဲ့ ။ သူတို့ အလွန်လို့ လည်း ပြောလို့ မရဘူး၊ သူတို့ မှာလည်း လုပ်စရာတွေက အများကြီးကို။ ဘယ်တတ်နိုင်မလဲ၊ ကျွန်မကလည်း ကိုယ်လိုချင်တာ အတွက် မျက်နှာချိုသွေး ပြုံးပြရတော့တာပေါ့။ သူတို့ ကို Dimensions သုံးမရလို့  ပို့ လို့  မရဘူး ဆိုတော့ မယုံဘူး။ ၀င်ကြည့်ပါဆိုမှ သူ့ User Account နဲ့ ဝင်တယ်။ ၀င်မရတော့ ဒါဆို သူတို့  ဘယ်က File တွေသွားယူရမှာလည်း၊ လုပ်ပေးလို့ မရပါဘူးတဲ့။ ရတယ်။ ငါ ဒီမှာ Copy ကူးလာတယ်၊ ဒါကို သုံးပြီး လုပ်ပေးပါလို့ ပြောလိုက်ရတယ်။ :D အတော်လေး စိတ်ဆိုးသွားပုံ ရပါတယ်ပဲ။ ဒါပေမယ့် ကျွန်မရှေ့မှာတင် Deployment လုပ်ပေးပါတယ်။ ကျွန်မ ကွန်ပြူတာကနေ သူတို့ ကို လုပ်ခိုင်းတာတွေ ကျွန်မကိုယ်တိုင် လုပ်လိုက်နိုင်ပေမယ့် UAT ကို TNS Department ကသာ လုပ်ရမယ်ဆိုတဲ့ Rules ကြောင့် ခုလို လုပ်ခိုင်းနေရတာပါ။

နောက်ဆုံး ၆ နာရီမှာ UAT အဆင်ပြေသွားပါတယ်။ ဒါနဲ့ UAT user တွေကို အီးမေးပို့ ၊ ဖုန်းတွေဆက်ပြီး Testing လုပ်နိုင်ပါပြီးဆိုတာ ပြောတယ်။ အိမ်ပြန်လို့ မရသေးပါဘူး။ တခြား သူတွေ Release လုပ်ထားတာတွေကို SIT မှာ Deploy လုပ်ပေးရဦးမယ်။ မနက်ဖြန်အတွက် UAT package ပြင်ဆင်ပေးရပါဦးမယ်။ ကျွန်မကို တာဝန်ပေးထားတဲ့ RSA တစ်ခုကို ရှင်းဖို့  Program ရေးရဦးမယ်။ SIT Deployment နဲ့  UAT Package ပြင်ဆင်ပြီးချိန်မှာ ည ၈ နာရီထိုးပြီး။ ညဘက် အခန်းကြည့်ဖို့  ချိန်းထားတာတစ်ခုကလည်းရှိတာကို Cancel လုပ်လိုက်ရတယ်။ အရမ်းပင်ပန်းနေလို့  Coding ရေးစရာကို နောက်နေ့ အားမှလုပ်မယ်စိတ်ကူးပြီး အိမ်ပြန်ဖို့ ပြင်ဆင်ပြီးထွက်လာတော့ ည ၉ နာရီထိုးတော့မယ်။

ထမင်းလည်းမစားချင်၊ အိမ်ရောက်ရင်လည်း ချက်စားဖို့ စိတ်မရှိတာကြောင့် ထမင်းဝယ်ပြီး အိမ်ကို တန်းပြန်လာ လိုက်တယ်။ အိမ်အောက်ရောက်တော့ မီးလောင်တာကျနေတာပဲ မီးခိုးတွေ အများကြီးတွေ့ ရတယ်။ အသီးတွေ၊ စားစရာတွေနဲ့  ဖယောင်းတိုင်တွေ၊ စက္ကူတွေကို မီးတွေရှို့ ထားတာတွေ့ အများကြီးပါပဲ။ ဒီတော့မှ တရုတ်တွေရဲ့ တစေကြီးလ၊ တမလွန်ဘ၀က လူတွေစီ ပစ္စည်းတွေကို မီးရှို့ ပြီး ဟွန်ဒီလွှဲတဲ့လ ရောက်ပြီဆိုတာ သတိထားမိ လိုက်တယ်။ ဓာတ်လှေကားနား ရောက်တော့ ပိုပြီး ကြီးမားတဲ့ စားပွဲကြီးတစ်ခုကိုတွေ့ လိုက်ရတယ်။ စားပွဲပေါ်မှာ ဘဲကောင်လုံးကင်တွေ၊ အစားအစာမျိုးစုံ၊ အသီးမျိုးစုံနဲ့  ဖယောင်းတိုင် အကြီးကြီးတွေ ထွန်းထားတာ၊ ရှို့ ထားတဲ့ စက္ကူတွေကလည်းအများကြီးပဲ... နမျောစရာကြီးလို့ တွေးမိတယ်။ ညှော်နံ့ တွေကလည်း ဆိုးရွားလိုက်တာ။ အိမ်ထဲရောက်တဲ့ အထိ ညှော်နံ့ တွေရနေတုန်းပဲ။

အင်း... တကယ်ကို အဆင်မပြေတာတွေများတဲ့နေ့ တစ်နေ့ ပါပဲ။

4 comments:

Thinzar said...

""ဒီတခါမေ့တာ နှစ်နှစ် အတွင်းဆို ဒုတိယအကြိမ်"" တကယ်လေးစားပါတယ်။ သဉ္ဇာဆို တစ်လ နှစ်ကြိမ်မက ကို မေ့တယ်။

Ko Boyz said...

Temp Drive ဆိုတာ အသစ်ပေါ်တဲ့ ဟာလား...။ ဒါမှ မဟုတ် Thumb Drive ကိုပဲ မှားရေးမိတာလား...။ အသစ်ဆိုရင် ကြည့်ချင်လို့ ပုံပြပေးပါဦး...။

Soe Moe said...

ဟင်းမောလိုက်တာ N3 ရယ်။ နင့်စာကိုဖတ်ရတာတောင် ငါတော်တော်မောနေရင် နင်လုပ်ရတာတော့ တော်တော့်ကို မောမှာပဲနော်။ နောက်ဒီလိုမျိုးနေ့တွေ မတွေ့ရပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်

Nay Nay Naing said...

သဉ္ဇာ>> ခုသိပ်မမေ့တတ်သေးပေမယ့် အသက်ကြီးလာလေလေ စိတ်ရှုပ်စရာတွေပိုများလာပြီး ပိုပြီးမေ့တတ်လာလေလေမို့  နောက်ဆို ဒီထက် ပိုမေ့တတ်တော့မယ် ထင်ပါတယ်။ ခေါင်းရှုပ်လာလို့  စိတ်ထဲရှိတာတွေ ချရေးလိုက်တာ၊ ဘယ်သူမှတောင်ဖတ်မယ် မထင်တာကို ဖတ်ပြီး Comment ရေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

Ko Boyz >> မှားရေးလိုက်တာပါ။ ကျေးဇူတင်ပါတယ်။

ှSoe Moe>> ဒီလိုပါပဲ။ ခုတလေ စိတ်မောလူမောမို့  စိတ်ပင်ပန်းတာတွေများ လျော့သွားမလားဆိုပြီး ကြုံရတာတွေ ချရေးလိုက်တာ။ ရေးထားတာတွေဖတ်ပြီး ဖတ်တဲ့သူတွေ စိတ်မောသွားတယ်ဆိုတော့ နောက်ဆို အရေးအသား ဆင်ခြင်မှ ဖြစ်တော့မယ် ထင်တယ်။ ဆိုတောင်းပေးတာ ကျေးဇူးတင်ပါတယ်။