ဟိုတစ်ခါရေးဖူးတဲ့
skreemr လိုပဲ သီချင်းတွေရှာပေးတဲ့ Search Engine တစ်ခုပါပဲ။
SeekMp3 မှာသီချင်းတွေ ရှာကြည့်တာ အတော်လေး အဆင်ပြေပါတယ်။ MP3 search Engine လို့ ဆိုထားပေမယ့် တခြား audio format တွေလည်း ရှာပေးတာတွေ့ ရတယ်။
www.seekmp3.info Hint:You can search by artist/Band Name or Track name or any audio file you want seekmp3 မှာ သီချင်းနာမည်ထည့်ရှာလိုက်ရင် ရှာတွေတဲ့ File Name တွေကို List လုပ်ပေးတယ်။ skreemr မှာလို (File, Description, Album, Details, Original Website ) စတဲ့ တခြား Information တွေကိုတော့ မပြဘူး။ သီချင်းဖိုင်နာမည်ရဲ့ ဘေးမှာ Listen နဲ့  Download ဆိုတဲ့ Buttons နှစ်ခုကိုပဲ ပေးထားပါတယ်။ Listen ကို Click လုပ်လိုက်ပြီး သီချင်းနာထောင်ကြည့်လို့ ရတယ်။ နားထောင်ပြီး ကိုယ်လိုချင်တဲ့ သီချင်းမှန်မှ Download လုပ်လို့ ရတာပေါ့။ skreemr မှာလည်း အဲဒီ Feature ပါ ပါတယ်။
အဲ့ဒီ နှစ်ခုကို ကြည့်ရတာ တစ်ခုနဲ့ တစ်ခု နည်းနည်းတော့ ဆက်စပ်နေပုံရတယ်။ Files တွေရဲ့ Detail info ပြတာ၊ မပြတာက လွဲရင် အတော်လေးတူတယ်။ ဒါပေမယ့် ရှာပေးတဲ့ Result တော့ မတူဘူး။ ဒီနေ့  စမ်းသပ် ရှာဖွေကြည့်သလောက်တော့ seekmp3 က လိုချင်တဲ့ သီချင်းကိုလည်း ပိုပြီး မှန်မှန်ကန်ကန် ရှာပေးနိုင်တာ သတိထားမိတယ်။ နောက်ပြီး seekmp3 က skreemr နဲ့ ယှဉ်ရင် result ပေးတာ ပိုပြီးမြန်တယ်။ တခြား သီချင်းနဲ့  သက်ဆိုင်တဲ့ information တွေကို မသိချင်ပဲ လိုချင်တဲ့ သီချင်းရရင်ပြီးရောဆိုသူတွေ အတွက်တော့ seekMP3 ကပိုပြီး အသုံးဝင်မယ် ထင်ပါတယ်။ ကျွန်မကတော့ နှစ်ခုလုံးကို သုံးဖြစ်မယ် ထင်တယ်။ သီချင်းရဲ့ Information တွေကိုလည်းသိချင်တယ်လေ။ နောက်ပြီး အဲ့ဒီ Search Engines နှစ်ခုက ရှာပေးတဲ့ Result Lists တွေက တူမှ မတူတာ။
Links :
www.seekmp3.info ,
www.skreemr.com
4 comments:
The link, www.seekmp3.info is not working :-??
the link http://www.seekmp3.info is working. try to refresh your page. they faced some server problems,but they solved it.
Anonymous >> Message Reply ပြန်တာ နောက်ကြတာ Sorry ပါပဲ။ အလုပ်မှာဆို Comment Reply လုပ်ဖို့ အဆင်မပြေတာနဲ့  မလုပ်ဖြစ်တာ များတယ်။ အိမ်ရောက်တော့လည်း အလုပ်ရှုပ်နေတာနဲ့  ခုရက်ပိုင်းမှာ ဘလော့ကို မ၀င်ဖြစ်တော့ဘူး။
Thanks Albert!!.
Thank you to both of you for the replies. :)
Post a Comment