Pages

January 14, 2008

14 January 2007

ကျန်းမာရေး မကောင်းပါ။

ဒီနေ့  .. နေ့ လယ်စာ စားပြီးချိန်ကတည်းက မျက်လုံးတွေပူပြီး နှာစီးလာရာကနေ အခု ကိုယ်တွေပါ ပူလာပြီ။ အဖျားဝင်လာပြီ ထင်တယ်။ ဖျားတာ သေချာသွားမှာစိုးလို့  အဖျားရှိမရှိ အပူချိန် တိုင်းမကြည့်တော့ပါဘူး။ ဒီနိုင်ငံရဲ့ ရာသီဥတုကလည်း ခု မိုးရွာလိုက်၊ ခု နေပူလိုက်ဆိုတော့ အလုပ်မှာလည်း ဖျားပြီး ခွင့်ယူတဲ့သူတွေ အများကြီးပဲ။ တချို့ များဆို ဆေးခွင့် ၃ ရက် ဆိုပဲ။ တချို့  က ၂ ရက်တဲ့။ အလုပ်က တစ်ယောက်ပြောသလို တို့ ရုံးမှာ flu vrius တွေ လေထဲပြန့် နေတယ် ပြောတာ မှန်နေပြီ ထင်တယ်။ မနက်က ဘာမှ မဖြစ်သေးဘူး။ အကောင်းကြီးကနေ ချက်ချင်းကြီး နေလို့ မကောင်း ဖြစ်သွားတာ။ ညနေပိုင်း ၄ နာရီက ၆ နာရီ မီတင်ခန်းထဲ သွားထိုင်နေလိုက်ရတော့ အအေးမိသွားပြီး ပိုဆိုးလာတာ လားမသိဘူး။ တခြား အချိန် ခွင့်ယူတာ ဘာမှမဖြစ်ပေမယ့် အခုရက်ပိုင်းမှာ ခွင့်မယူချင်ဘူး။ ဒီသောကြာနေ့  ၁၈ ရက်နေ့ မှာ ပြီးရမယ့် အလုပ်ကလည်း ခုချိန်အထိ ဘာမှမစရ ရသေးဘူး။ တခြား လုပ်စရာတွေလည်း ရှိသေးတယ်။ ဒီရက်ပိုင်း ခွင့်ယူလိုက်ရင် အလုပ်တွေ အချိန်မှီပြီးဖို့  မလွယ်တော့ဘူး။ ဒီလို ရာသီဥတုနဲ့ ဆို ဖျားသွားရင် တော်တော်နဲ့  နလန်ပြန်ထူနိုင်မယ် မထင်ဘူး။ ဒီနေ့ တော့ လိမ်လိမ်မာမာနဲ့  အရမ်းမဖျားခင် ဆေးကြိုသောက်ပြီး အနွေးထည်ထူထူဝတ်လို့  စောစော အိပ်ရာဝင်ပါတော့မယ်။

3 comments:

Ko Boyz said...

ဆေးသောက်ဖို့ သတိပေးတာပဲ...။ သောက်တာ မသောက်တာတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သျွှိာပ...။ ဒီနေ့တော့ အမ်စီပြီ ထင်တယ်...။ မြန်မြန် နေကောင်းပါစေ...။

AwLanMg said...

အအေးမိပြီး ဖျားနေသလား? Panadol ကို ဆောင်ထားဘို့ လိုလိမ့်မယ်။ ဟီး ဆေးကြော်ငြာ ၀င်တာနော် 

Nay Nay Naing said...

ဒီတစ်ပတ်တော့ နေလို့ ကောင်းသွားပြီ။ တစ်ပတ်လောက်တော့ ခံလိုက်ရတယ်။ နေမကောင်းလည်း အလုပ်က ခွင့်ယူလို့ မရတော့ အဖျားပျောက်ဖို့ အချိန်ကြာသွားတယ်။ အစ်ကိုကြီး ကိုအော်လံမောင်က ပုဂံက ပြန်လာပြီးနောက်ပိုင်းမှာ Panadol ကို အထူးကြော်ငြာပေးနေပါလား:P