Pages

January 19, 2007

For You

စဉ်းစားဆင်ခြင်မှု့  မရှိပဲ ကိုယ်လုပ်ချင်ရာကို လုပ်တာဟာ အမြဲတမ်းတော့ မကောင်းနိုင်ပေမယ့်၊ ဘယ်သူ့ ကိုမှ မထိခိုက်ဘူး ဆိုရင်တော့ ဘ၀ ဆိုတာ ခဏလေးမို့  ကိုယ်လုပ်ချင်တာလေးတွေလုပ်ပြီး ပျော်အောင် နေလိုက်တာဟာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်..

Dream what you want to dream;
go where you want to go;
be what you want to be,
because you have only one life and
one chance to do all the things you want to do.

3 comments:

Anonymous said...

အေးဟ၊ မှန်သင့်သလောက်တော့မှန်တယ်။ ဘယ်သူ့ကိုမှမထိခိုက်ဘူးဆိုရင်ပေါ့။ အသက်တစ်ရာမနေရ အမှုတစ်ရာပွေရ။တဲ့အဲလိုအမှုတစ်ရာပွေ ရတဲ့လောကကြီးမှာ တခါတလေစိတ်ချမ်းသာအောင်တော့နေသင့်တယ်လို့ထင်တာပဲ။

Anonymous said...

Hi,
Although u may not know me,I always read ur blog.I just want to share my feelings.Sometimes I wish I could do all the things I want to but..........................

Nay Nay Naing said...

ကျွန်မလည်း ကိုယ်လုပ်ချင်တာ အကုန်လုံးတော့ အမြဲမလုပ်နိုင်ပါဘူး.. ဒါပေမယ့် ကျွန်မ ကြိုးစားလုပ်တာ တစ်ခုတော့ရှိတယ်.. ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတွေ လုပ်ချင်စိတ်ဆန္ဒ ရှိလာရင်.. အဲ့ဒီ ဆန္ဒကို ကျွန်မ တကယ်လုပ်နိုင်တဲ့ အရာတွေနဲ့ ညီအောင် ကြိုးစားညှိလိုက်ပါတယ်.. ဘာမှ အဖြစ်ရှိအောင်မလုပ်နိုင်တဲ့သူဆိုတာ ရှိမှမရှိတာ။ တစ်ခုခုတော့ ဖြစ်အောင် ကျွန်မတို့  အားလုံး လုပ်နိုင်ကြတယ်လို့  ယုံကြည်မိတယ်. ကျွန်မ တစ်ခုခု ဖြစ်ချင်ရင် ကြိုးစားလုပ်ပါတယ်။ ကြိုးစားပါလျှက်နဲ့  ဖြစ်မလာရင်ကျွန်မ ၀မ်းမနည်းတော့ပါဘူး။ ကျွန်မရဲ့ ဆန္ဒနဲ့  ဘ၀ကို ညီအောင်ထပ်တွေးပြီး အဆင်ပြေအောင် နေလိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီ ကိစ္စဟာ လုံးဝမဖြစ်နိုင်တာ သေချာရဲ့လား၊ အဲ့ဒီ အတွက် ကျွန်မ ကြိုးစားမှု့ ကို မလျှော့ပါဘူး။ အခုမဟုတ်တောင် တစ်နေ့ နေ့  တော့ ကျွန်မ ဖြစ်ချင်တာတွေဟာ တခြားပုံစံတစ်မျိုးနဲ့  ဖြစ်လာနိုင်သေးတာပဲလေ...

ခုလို ခံစားချက်တွေကို share လုပ်ပေးတာ ကျေးဇူးတင်ပါတယ်။ နောင်လည်း တစ်ခုခုပြောချင်ရင် ပြောပါ။ ကျွန်မ reply လုပ်တာ တခါတလေ နောက်ကြတတ်လို့  ကြိုတင်တောင်းပန်ပါတယ်။