Pages

January 28, 2007

အကျင့်ဆိုး

နေနေနိုင်တစ်ယောက် မနေနိုင်တော့ပဲ... ဒီသီချင်းကို တင်ဖြစ်သွားပါတော့တယ်..
သီချင်းလေးရဲ့ အဓိပ္ပါယ်က ကောင်းလွန်းလို့ ပါ။

အကျင့်ဆိုး
အလုပ်လုပ်ရာဝယ် အစက သာရယ်
အဆုံးထိအောင်ပင် မကြံချင်တယ်
အာလျှော့တာရယ် ပေါ့ရော့တာရယ်
အဲ့ဒါ အကျင့်ဆိုးတယ်။

တစ်ယောက်က ဒီလို၊ တစ်ယောက်က ဟိုလို
အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ်
နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ၊ ရက်တွေ ကုန်ခဲ့တယ်
ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ ၊သံသရာ ရှည်လာတယ်
မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ်
ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ်

Cho:
(ငယ်သူဟာ နည်းလမ်းမှားကာ၊ အကြီးအကဲများကို မရိုသေတယ်
ရွယ်တူရင် အသင်းအပင်းဖွဲ့ နှောင်၊ အချင်းချင်းတည့်အောင် မပေါင်းကြတယ်
သေချာစွာ နောက်တစ်ထစ်မှတ်ဖွယ်၊ ကောက်ကျစ်တတ်တယ့် ၀ါသနာရယ်
ဂုဏ်ပါဝါမိုးလောက်မကရင်၊ ကိုယ့်အောက်ကလူ နှိပ်စက်တယ်

သူလုပ်တော့ အရာရာမတွင်ကျယ်၊ အများတကာလုပ်တော့ ရှုပ်ဖို့ ကြံတတ်တယ်
အာကျယ်တာတွေရယ်၊ စည်ပင်တိုးစေ အမျိုးမတိမ်ဖွယ်
ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်။ )

အလိုက်မသိတာတွေရယ်
ကိုယ်အဖို့ တော့ ကိုယ်သိတယ်၊ နောက်လူတော့ မသိပါရယ်
ဒီညဉ်မျိုး အလွန်ဆိုးတယ်
ရှေးစကားတွေကိုပယ်၊ ခေတ်အလိုက်တော့ သူနားမလည်
ဆရာ့ကိုလည်း ပြစ်ခါပယ်၊
ဒီညဉ်မျိုး အလွန်ဆိုးတယ်။

ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊ ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊
မြန်မာနိုင်ငံကြီးကို တကယ်၊
ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ
ဒီသီချင်းတေးနဲ့  မနှေးပဲ ပြုပြင်မယ်။

Cho:
......
......

အခု နားထောင်ရတဲ့ "အကျင့်ဆိုး" သီချင်းက သန်မြတ်စိုး ပြန်ဆိုထားတဲ့ ဗားရှင်းပါ။

7 comments:

Anonymous said...

ဒီသီချင်းကိုနားထောင်ချင်နေတာကြာပြီ..
နေနေတင်တဲ့သီချင်းလေးတွေကိုသိပ်ကြိုက်တာပဲ..
မဟာဆန်သူသီချင်းနဲ့ပတ်သတ်တဲ့အဖြစ်လေး..
ရေးရအုံးမယ်..ရင်ထဲ့အနာလေးတစ်ခုပေါ့ဟိဟိ

ThuHninSee said...

connectionမကောင်းလို့ Emailကိုပို့ပေးပါလားဟင်..ကျေးဇူး

Nay Nay Naing said...

သီချင်းတွေ ကြိုက်တယ်ဆိုလို့  ၀မ်းသာပါတယ်... Email ပို့  ထားပါတယ်။ :)

Anonymous said...

နင်ဘာကိုဆိုလိုလဲ ငါသိတယ်နော် . . . .ဟင်း . . . ဟင်း . .
Jack

TKLinn said...

နေနေရေ.. ဒီသီချင်းလေးအတွက် ကျေးဇူးအရမ်းတင်ပါတယ်
ရုံးမှာတောင် နံနက်တိုင်း ၁ခေါက် ရအောင် ဇွင့်ပြရမလိုပဲ
ဟားဟား.. သိပ်ကျေးဇူးတင်တာပဲ..။
ကိုယ့်ကို ကိုယ်လဲ ပြန်သတိပေးရာရောက်ပါတယ်..။

Nay Nay Naing said...

ဒီမှာတော့ ဘယ်သူ့ ဖွင့်ပြရမယ်မှန်း မသိလို့  ကိုယ့်ဟာကိုပဲ သေသေချာချာ ထပ်ခါထပ်ခါ နားထောင်နေလိုက်တော့တယ်..

Unknown said...

တိုက်ဆိုင်လို့ မူရင်းသီချင်းစာသားလေးတွေကို ပြုပြင်လိုက်ပါတယ်။
တေးရေး-ရွှေလိုင်ညွှန့်
ချစ်ဦးညို ဟောပြောပွဲမှဖြစ်ပါသည်။



အလုပ်လုပ်ရာဝယ် အစက သာရယ်
အဆုံးထိအောင်ပင် မကြံချင်တယ်၊
အာလျှော့ခါရယ် ပေါ့ရော့တာရယ်၊
အဲ့ဒါ အကျင့်ဆိုးတဲ့။

တစ်ယောက်က ဒီလို၊ တစ်ယောက်က ဟိုလို
အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ်။
နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ၊
ှနှစ်တွေ ကုန်ခဲ့တယ်။
ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ ၊သံသရာ ရှည်လာတယ်၊
မြန်မာပြည်မှာကွယ်၊ ကောင်းအောင်အကျိုး မနောကရွယ်၊
ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံမယ်။


ငယ်သူဟာ နည်းလွဲမှားဆို၊ အကြီးအကဲများကို မရိုသေတယ်၊
ရွယ်တူရင် အသင်းအပင်းဖွဲ့ နှောင်၊ အချင်းချင်းတည့်အောင် မပေါင်းကြတယ်။
သေချာစွာ နောက်တစ်ထစ်မှတ်ကွယ်၊ ကောက်ကျစ်တတ်တယ်၊ ၀ါသနာရယ်။
ဂုဏ်ပါဝါမိုးလောက်မကယူ၊ ကိုယ့်အောက်ကလူ နှိပ်စက်တယ်။

သူလုပ်တော့ အရာရာမတွင်ကျယ်၊ အများတကာလုပ်ရင်၊ ရှုပ်ဖို့ ကြံတတ်တယ်။
အာကျယ်တာတွေရယ်၊ ပြည်ခွင်တရိုးမှာ တန်ခိုးမှိန်ဖွယ်၊
ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ပယ်။

အလိုက်မသိတာတွေရယ်၊
ကိုယ်အဖို့ တော့ ကိုယ်သိတယ်၊
နောက်လူတော့ ပစ်ခါပယ်၊
ဒီလူမျိုး အလွန်ဆိုးတယ်။
ရှေးစကားတွေကိုပယ်၊ ခေတ်အလိုက်တော့ သူနားမလည်၊
ဆရာ့ကိုလည်း ပစ်ခါပယ်၊
ဒီလူစား အလွန်များတယ်။

ကမ္ဘာမှာလည်း ရှိပေတယ်၊
မြန်မာမှာလည်းရှိပါတယ်၊
မြန်မာနိုင်ငံကြီးကိုကွယ် ဒီအချိုးမျိုး
လူတိုင်းပစ်ခွာ၊ တို့တိုင်းသစ်မှာ
ဆန်းစစ်ဖို့လိုတယ်...........။