Pages

January 21, 2007

Rubaiyat of Omar Khayyam

ဒီ ကဗျာကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒီကဗျာလေးကို လိုက်ရှာနေတာကြာပြီ။ ဟိုနေ့ ကမှ စာအုပ်တစ်အုပ်မှ တွေ့ လိုက်ရလို့  နောက် မမေ့ အောင် ဒီမှာ မှတ်ထားလိုက်ဦးမယ်။

အဲ့ဒီ ကဗျာရဲ့ ကို ပါရှင်းလူမျိုး အိုမာခေယမ် ရေးသားခဲ့ တာလို သိရပါတယ်။ ကဗျာရဲ့ မူရင်းနာမည်က "Rubaiyat" ဖြစ်ပါတယ်။ အဲ့ဒီ စာလုံးရဲ့ အဓိပ္ပါယ်ကို သိချင်လို့ ရှာကြည့်လိုက်တော့ ဒီလိုတွေ့ မိတယ်။
"Rubaiyat" (derived from the Arabic root word for 4) means "quatrains"...

ကျွန်မ မူရင်းကဗျာကို လိုက်ရှာတာ၊ ရှာလို့ မရတာနဲ့  တွေ့ တဲ့ ပုံလေးကိုပဲ သိမ်းထားလိုက်တော့မယ်။
အဲ့ဒီ ကဗျာကို Edward FitzGerald က English လို သာသာပြန်ခဲ့ပြီး၊ မြန်မာလိုကိုတော့ မင်းယုဝေက ဘာသာပြန်ခဲ့တာပါ.

Beneath the Bough
Translated By Edward FitzGerald

Here with a Loaf of Bread beneath the Bough,

A Flask of Wine, a Book of Verse -- and Thou

Beside me singing in the Wilderness --
And Wilderness is Paradise enow.


သစ်ရိပ်သာဝယ်
ဘာသာပြန်သူ = မင်းယုဝေ

သစ်ရိပ်သာဝယ်
ကဗျာလင်္ကာ၊ ဖတ်စရာနှင့်
အစာအတွက်၊
ပေါင်မုန့် တစ်ရှက်နှင့်
တစ်ခွက်သောက်လို၊ ၀ိုင်ချိုချိုနှင့်
နှစ်ကိုယ်ကြည်ဖြူ၊
မောင့်ချစ်သူနှင့်
အတူယှဉ်ကာ၊ နေရပါသော်
ကန္တာရပင်၊ ဖြစ်ပါလျှင်လည်း
မြူရွှင်ခိုလုံ၊ နှိဗ္ဗာန်ဘုံဟု
ကြည်ယုံမှတ်ထင်နိုင်သည်တကား။


ဒီပိုစ်လေးရေးနေရင်း တွေးမိတာက ကဗျာရေးသူ ပါရှင်း ကဗျာဆရာအိုမာခေယမ်ဟာ ၁၁ ရာစုမှာ မမွေးပဲ၊ ဒီခေတ်မှာ မွေးဖွါးကြီးပြင်းလာသူ တစ်ယောက်သာ ဖြစ်မယ်ဆို သူရေးတဲ့ ကဗျာလေးက တစ်မျိုးပြောင်းသွားနိုင်တယ်.... ခု ဒီကဗျာထဲကလို စာအုပ်၊ ပေါင်မုန့် ၊ ၀ိုင် နဲ့  ချစ်သူ ရယ်နဲ့  တင် လုံလောက်တော့မယ် မထင်ဘူး။ ဘာလို မလဲ။ အင်း.. ကျွန်မစိတ်ထင်တော့ .. အင်တာနက်ရတဲ့ ကွန်ပြူတာလေး တစ်လုံးလိုနေမယ် ထင်တယ်။ High Speed Wireless Internect Connection ရတဲ့ Laptop လေးများ ဖြစ်နေမလားပဲရယ်။

5 comments:

Anonymous said...

i think he wont need computer with internet connection. only iPhone will do.
PS: i m not the marketing manager of Apple. :P

Nay Nay Naing said...

But i prefer laptop with high speed connection..and drink for coke cos I don't drink wine.. :D

Anonymous said...

I think he wont drink wine if he is a singaporean. he will drink either Chin Chow or BanDaung. hehe

ThuHninSee said...

ကော်ဖီတစ်ခွက်..ဂစ်တာတစ်လက်.....ချစ်သူ :P

Nay Nay Naing said...

ဂစ်တာက မမွန်တီးမှာလား... ချစ်သူကို တီးခိုင်းမှာလား:P