Pages

January 22, 2007

Happy Birthday Su

မနေ့ က အထိ ကျွန်မထက် ၁ နှစ် ငယ်ခဲ့တယ် သူငယ်ချင်းတစ်ယောက်၊ ဒီနေ့ တော့ ကျွန်မ နဲ့  အသက် တူတူ ဖြစ်သွားပြီ။ ၀မ်းသာပါတယ်။ :D

မဟုတ်ရင် ကျွန်မမွေးနေ့ နဲ့  သူမွေးနေ့ မရောက်ခင် ကာလလေးမှာ ကိုယ်က သူ့ ထက် ၁ နှစ်ကြီးသလို ခံစားနေရတာ၊ ဒီနေ့ ကစပြီ နောက်ကျွန်မမွေးနေ့ ရောက်တဲ့ အချိန်အထိ သူနဲ့  ကျွန်မ အသက်တူသွားပါပြီ။ ကျွန်မရဲ့ အရင်းနှီဆုံးလို့  ပြောရမယ့် ဒီသူငယ်ချင်းက ထူးထူးခြားခြား ကျွန်မနဲ့ မွေးရက်တူပါတယ်။ အင်း.. မွေးရက်တူလို့ လားမသိဘူး သူနဲ့  ကျွန်မ တချို့ အကျင့်လေးတွေမှာ အနည်းနဲ့  အများ တူနေတယ်လို့  ထင်ပါတယ်။ ဒီနေ့ သူ့ မွေးနေ့ ဆိုတော့ မွေးနေ့ ဆုတောင်းလေး လုပ်ဦးမှ...

၂၂- ၀၁ -၂၀၀ရ
မင်္ဂလာရှိသော၊ ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ ဖြစ်ပါစေ။
မွေးနေ့ မှာလည်း ပျော်ရွှင်ပါစေ။
နောက်ရက်တွေမှာလည်း ပျော်ရွှင်ပါစေ။
တသက်လုံး ထာဝရ ပျော်ရွှင်နိုင်ပါစေ။
ပူပန်သောကကင်းစွာနဲ့  အောင်မြင်တဲ့ဘ၀တစ်ခုကိုလည်း အမြဲတမ်း ပိုင်ဆိုင်နိုင်ပါစေ။


မြန်မာလို တော့ မွေးနေ့ ဆုတောင်းပြီးပြီ။ အင်္ဂလိပ်လို ထပ်ဆုတောင်းပေးလိုက်ဦးမယ်။ ကိုယ်တိုင်ရေးထာထက်စာရင် ကူးချတာ က ပိုကောင်းမယ်ထင်လို့  သဘောကျတဲ့ စာသာလေးတွေနဲ့  မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ်။

Birthday Wishes For My Dearest Friend
On your birthday,
I wish for you the fulfillment
of all your fondest dreams.
I hope that for every candle
on your cake
you get a wonderful surprise.
I wish for you that
whatever you want most in life,
it comes to you,
just the way you imagined it,
or better.
I hope you get as much pleasure
from our friendship as I do.
I wish we were sisters,
so I could have known you
from the beginning.
I look forward to
enjoying our friendship
for many more of your birthdays.
I'm so glad you were born,
because you brighten my life
and fill it with joy.

Happy Birthday My Dear Su!

အင်း... ဒီ ညနေကြရင် မွေးနေ့  အထိမ်းအမှတ် ကျွေးတာလေး သွားစားရဦးမယ်။ ( update: မနက်ဖြန်သို့  ရွှေ့ သွားပြီဖြစ်ကြောင်း အကြောင်းကြားလာပါတယ်) ။ မွေးနေ့ လက်ဆောင်ကတော့ မ၀ယ်ရသေးဘူး။ မပေးတော့ရင် ကောင်းမလား။ မနှစ်ကတော့ ပြီးခဲ့တဲ့ ၃ နှစ်စာ မွေးနေ့ တွေအတွက် ဆိုပြီး လက်ဆောင်လေး ၀ယ်ပေးဖြစ်ခဲ့တာတယ်။ ဒီနှစ်လည်း ဘာမှမပေးတော့ပဲ ၂၀၀၉ ရောက်မှပဲ ၃ နှစ်စာ မွေးနေ့ လက်ဆောင်ဆိုပြီး တစ်ခုခု ပေးရင် ကောင်းမလား စဉ်းစားနေမိတယ်။

3 comments:

Anonymous said...

နင်နဲ့ အသက်တူတူဆိုတော့ ငါနဲ့ လည်း အသက်တူတူပဲ ဖြစ်သွားတဲ့ သူတစ်ယောက်ရဲ့ မွေးနေ့ ကို ဆုတောင်းပေးလိုက်ပါတယ်။ ဘယ်သူလဲတော့ မသိဘူးပေါ့။ စုလို့ တော့ ပြောတာပဲ။ ဘာပဲ ဖြစ်ဖြစ်ပါ... ယနေ့ မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်မှု့ အပေါင်း ခညောင်းနိုင်ပါစေလို့ ။

sttw2201 said...

Muahaha, thanks a zillion, pal. if u dont send me birthday wish, u know that i will make "pwan nyan pwan nyan"... :P ae, this "pwan nyan pwan nyan" habit is similar to yours or not... :D

Nay Nay Naing said...

အဲ့ဒီ အကျင့် တူလား၊ မတူဘူးလား.. .. မဖြေတော့ပါဘူး။ ဘေးကလူတွေပဲ ဆုံးဖြတ်ကြပါစေ။ :D..