Pages

January 17, 2007

သံလွင်အိပ်မက် - အမှတ် ၉

သံလွင်ကို အိပ်မက် မက်တဲ့ အခါ ငါတို့ ရဲ့တေးသွားကို ကြားလိမ့်မယ်
ပြောထားတဲ့ အတိုင်းပဲ သံလွင်မောင်တွေဟာ အပြောနဲ့  အလုပ်ညီတယ်ဆိုကြောင်း ပြသတဲ့ အနေနဲ့  သံလွင်အိပ်မက် - အမှတ် (၉) ကို သူများတွေ အိပ်ချိန်မှာတောင် မအိပ်ကြပဲ ညကြီးသန်းခေါင်မှာ ထုတ်ဝေ လိုက်တာကို တွေ့ လိုက်ရပါတယ်။ အမှတ်စဉ် (၉) ဆိုတော့လည်း မှတ်မှတ်ရရ ပေါ့လေ။ ဘာပဲ ဖြစ်ဖြစ် အလုပ်မအားတဲ့ ကြားကနေ မဖြစ်ဖြစ်အောင် စေတနာရှေ့ထား၊ ကောင်းသထက် ကောင်းအောင် ကြိုးစား လုပ်ဆောင်ကြတဲ့ သံလွင်အိပ်မက်မှ အယ်ဒီတာများကို ကျေးဇူးတင်ပါတယ်။

7 comments:

Anonymous said...

ဘာလဲဟ.အမှတ်(၉)ကို ညကြီး သန်းခေါင်ထွက်တာနဲ့ မှတ်မှတ်ရရဖြစ်တာနဲ့ ဘာဆိုင်လို့လဲဟ.

Nay Nay Naing said...

သြော်... ဆိုင်သလားလို့ ပါ...... :D
ဒါပေမယ့်လည်း မှတ်မှတ်ရရ ဖြစ်တာကတော့ တကယ့်ကို မှတ်မှတ်ရရ ပါပဲ...သေချာတယ်...
သိပ် မဝေး စမ်းပါနဲ့ ဟာ..
တကယ်မသိတာဆို တိုးတိုးတိတ်တိတ်မေးပါလား...ဒါဆို ငါပြောပြမှာပေါ့ဟ..

Anonymous said...

why you cover so much for them ?
R they your husbands?
Linda yu ma . hahaah

Anonymous said...

ခွေးဟောင်တိုင်းထမကြည့်ပါနဲ့ မနေနေနိုင်။
သံလွင်အိပ်မက်ကိုဆက်လက်အားပေးကြရအောင်ပါ။

Anonymous said...

Anonymous said...
why you cover so much for them ?
R they your husbands?
Linda yu ma . hahaah

သံလွင်အိပ်မက်ဆိုတာ အွန်လိုင်းစာစောင်ပဲလေ ဒါကိုကြေငြာတာနဲ့ အဲလိုဆဲရအောင် မိုက်ရိုင်းလှချည်လား။ တော်တော်အားယားနေတယ်ထင်တယ်။ တကယ်ပြောရဲရင် နာမည်အ၇င်းနဲ့လာပါလား၊ သောက်ရှက်ကိုမရှိဘူး အဆင့်ကိုမရှိဘူး

Anonymous said...

ကျနော် သံလွင်အိပ်မက် ကိုကြိုက်တယ်။ လုပ်တဲ့သူတွေကိုလည်း အရမ်းချီးကျူးတယ်ဗျာ။

Nay Nay Naing said...

လူတိုင်းမှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိကြပါတယ်။ Public နဲ့  ဆိုင်တဲ့ အလုပ်တွေလုပ်နေသူဟာ၊ အဝေဖန်ခံ နိုင်ရပါတယ်။ အဆဲခံနိုင်ရပါတယ်။ ဒါတွေကို မတုန်လှုပ်ပဲအမှန်တရားကို လက်ခံထားပြီး၊၊ ကိုယ့်လမ်းကို မှန်မှန်ဆက်လျှောက်ကြဖို့ လိုပါတယ်။ သူများပြောတာတစ်ခုနဲ့ ဒေါသ မထွက်ကြပါနဲ့ ။ Anonymous ဆိုပြီး ဆဲထားတဲ့ ပစ်စာဟာ အရေးတယူပြန် reply လုပ်စရာ၊ ရန်ဖြစ်စရာ မဟုတ်ပါဘူး။ အခုလို လာပြီးဆဲတဲ့ သူတွေကို ပြန်ဆဲမယ်၊ ပြန်ရန်ဖြစ်မယ်ဆိုရင်၊ ကျွန်မတို့ ဟာ ကိုယ့်သိက္ခာကိုယ်ချ နေသလို ဖြစ်နေမှာပေါ့။ ဒီကိစ္စမှာ ကျွန်မတို့ ဟာ ပြန်ဆဲ့ကြမယ့်အစား၊ လူကြီးလူကောင်းဆန်ဆန်၊ ကိုယ်လုပ်စရာရှိတာ ရှေ့ဆက်လုပ်ကြတာ အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။

တစ်ခု စဉ်းစားမိတာက လူတွေရဲ့ ဆန္ဒတွေ၊ သဘောထားတွေဟာ ဘယ်လိုမှ တသက်မတ်ထဲ မတူနိုင်ပါဘူး။ လူတိုင်းက သံလွင်အိမ်မက်ဟာ "အားလုံးကောင်းပါတယ်" ဆိုပြီး လိုက်ကောင်းနေကြရင်တော့ တစ်ခုခုမှားနေပါပြီ။ သံလွင်အိပ်မက်မှာ လိုအပ်ချက်တွေ ရှိနိုင်ပါတယ်။ ရှိမှာပါ။ သံလွင်အိပ်မက်ဟာ အကျိုးစီးပွါး တစ်ခု အတွက် လုပ်ထားတဲ့ အရာမဟုတ်ပါဘူး။ လူတိုင်းဖတ်နိုင်အောင် Free လုပ်ပေးထားတဲ့ အွန်လိုင်း magazine တစ်ခုပါ။ အဲ့ဒီတော့ သံလွင်အိပ်မက်ကို မကြိုက်ကြဘူးဆိုရင် ၀ိုင်းဆဲကြမယ့် အစား၊ သံလွင်ထက်ကောင်းတဲ့ အများဖတ်ဖို့ magazine တစ်စောင် ဖြစ်အောင်လုပ်ကြပါလို့  အကြံပေးချင်ပါတယ်။

ခုထွက်နေတဲ့ သံလွင်အိပ်မက်မှာ လိုအပ်ချက်တွေရှိနေပေမယ့် အဖွဲ့ သားတွေဟာ အချိန်ကုန်၊ ငွေကုန်၊ လူအပင်ပန်းခံပြီး လူတိုင်း အလကားဖတ်နိုင်တဲ့ online magazine တစ်စောင်ဖြစ်အောင် လုပ်နိုင်ခဲ့ ကြပါတယ်။ ကျွန်မကိုယ်တိုင် မလုပ်နိုင်တဲ့ အရာမို့  ကျွန်မ အခုလို ချီးကျူးရခြင်းဖြစ်ပါတယ်။ သံလွင်အိပ်မက်လိုပဲဖြစ်ဖြစ်၊ သံလွင်အိပ်မက်ထက်ကောင်းတဲ့ magazine ပဲ ဖြစ်ဖြစ်၊ တခြား အများအတွက် တစ်ဖက်တလမ်းက အကျိုးပြုနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်ဖြစ် ထွက်ပေါ်လာဦး.. အဲ့ဒီ အသစ်ကိုလည်းခုသံလွင်အိပ်မက်ကို ချီးကျူးသလို၊ သံလွင်အိပ်မက်က လူတွေကို ချီးကျူးသလို ချီးကျူး အားပေးနေမှာပါပဲ။