Pages

January 10, 2007

10 January 2006

ဘယ်ရောက်နေလဲ မေးနေသူ၊ တွေးနေသူ၊ သတိရနေသူများသို့ 

ကျွန်မ နေလို့  ကောင်းသွားပါပြီ။ .. ထင်ရတာပဲ။.. ကိုယ်မပူတော့ဘူး ဆိုတော့၊ အဖျားမရှိတော့ဘူး။ အင်း.. ဒါဆို နေကောင်းပြီပေါ့။
နေလို့ နည်းနည်း ကောင်းတာနဲ့  တနင်္လာနေ့ ထဲက အလုပ်ရောက်၊ အလုပ်လုပ်နေရလို့ .. ဘလောခ့်မှာ ဘာမှ မရေးနိုင်ဖြစ်နေတာပါ။

ဒီရက်ပိုင်းမှပဲ အလုပ်မှာကလည်း အလုပ်ရှုပ်တယ် မဆိုသာပေမယ့် လုပ်စရာလေးတွေ မပြတ်ရှိနေတော့ ဘလောခ့်မှာ ပိုစ့်အသစ်မရေး အားဖူး ဖြစ်နေတာပါ။ ခေါင်း သိပ်မကြည်တော့ ဘာကိုမှ သိပ်မတွေးချင်တာလည်းပါ ပါတယ်။ အရင်က ကျွန်မ ဘလောခ့်ရေးတယ်ဆိုတာ အလုပ်လုပ်ရင်း ရေးတာလေ။ အလုပ်မှာ မအားရင် အိမ်မှာ ရေးဆိုရင်လည်း၊ အိမ်မှာဆို ဘလောခ့်ရေးဖို့ အားမရှိလို့ ပါ လို့  ဆင်ခြေပေးချင်မိတယ်။ လူက မဖျားတော့ဘူး ဆိုပေမယ့်၊ ပုံမှန်လူကောင်းလိုတော့ မဖြစ်သေးဘူး။ သက်သာတယ်ဆိုပေမယ့်၊ ချောင်းဆက်ဆိုးနေတုန်းဆိုတော့ ဆေးတွေက ဆက်သောက်နေရတုန်းပါ။ ချောင်းဆိုးပျောက်ဆေး သောက်နေရပါတယ်ဆိုမှတော့ အိပ်ချင်ပြီပေါ့။ အလုပ်သွားမှ ပိုက်ဆံရမှာမို့ သာ အလုပ်လာနေရတာ၊ အလုပ်မှာလည်း အိပ်ငိုက်၊ အိမ်ပြန်ရောက်ပြီဆိုလည်း ထမင်းစားပြီးရင် အရင်လို ကွန်ပြူတာရှေ့တောင် မထိုင်နိုင်တော့ပဲ အိပ်ရာဝင်ပြီး အိပ်ဖို့ ပဲ စိတ်ကူးရှိ၊ အိပ်မိနေပါတော့တယ်။

ကျွန်မ နေမကောင်းတုန်းက ဂရုတစိုက်နဲ့  သတင်းမေး၊ အားပေးကြတဲ့ သူငယ်ချင်းတွေ နဲ့  စားစရာ လာပို့ ပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်မ နေမကောင်းရင် စိတ်ညစ်နေတတ်မှန်းသိလို့  အဝေးကနေပြီး သတိတရ နဲ့  ဖုန်းဆက်၊ စကားတွေပြော၊ စိတ်ချမ်းသာအောင် အားပေးခဲ့တဲ့ အပြင်၊ ကျွန်မ ပြောသမျှ ( အင်း ရစ်သမျှ လို့ ပြောရင်ပိုကောင်းမယ်) နားထောင်ပေးခဲ့တဲ့ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်း ကိုလည်း ကျေးဇူးတင်မိတယ်။

အရင်က ဖျားတယ် ဆိုတာ ဘယ်လိုလည်း သေချာမသိဘူးဖြစ်နေတာ၊ ခုသိလိုက်ရတော့ ဖျားတယ်ဆိုတာ တော်တော် မကောင်းတဲ့ အလုပ်ပဲ။ ကျွန်မ အမေက ကျွန်မကို ကျန်းမာရေးကောင်းတယ်ဆိုတာ နည်းတဲ့ ကုသိုလ်မဟုတ်ဘူးလို့  ဘာလို့  အမြဲပြောခဲ့တာလည်းဆိုတာကို ခုတော့ ကောင်းကောင်းကြီး နားလည်သွားပါပြီ။ တစ်ခေါက်တည်းနဲ့  မှတ်သွားပြီ။ နောက် ဘယ်တော့မှ ထပ် မဖျားချင်တော့ဘူး။ :D

3 comments:

TZA said...

ဝမ်းသာတယ်အေ့..
လုံးဝနေကောင်းသွားမှတွေ့ကြမယ်လေ..
အားမွေးထား အားမွေးထား

မေ said...

မိုးတွေရွာနေတယ်။ နေကောင်းပျောက်ကာစ ဂရုစိုက်ဦးနော်

Nay Nay Naing said...

ကို TZA >>>
ဝမ်းသာတာကို ၀မ်းသာတယ်အေ.. :P
ဟိုနေ့ က မေးတယ်ဆိုတာ သိရတယ်.. ကျေးဇူးပဲ အစ်ကိုရေ..
ကျွန်တော် ဖျားနေလို့၊ မဟုတ်ရင် တွေ့ ဖြစ်မှာပါ... ကျောင်းတွေ ဖွင့်ပြီ မဟုတ်လား.. နောက်မှ တွေ့ ကြတာပေါ့ အစ်ကိုရာ...

မမေ>>
ဟုတ်ကဲ့.. ကျေးဇူးပဲ မမေ.. :)
မိုးရွာရင် နေမကောင်းပြန်ဖြစ်ချင်လာတယ်။ ခု ချောင်းပြန်ဆိုးနေပြီ။
အိမ်တွင်းအောင်းလိုက်ဦးမယ်