Pages

January 12, 2007

Law Of Nature - ဓမ္မတာ

မြန်မာစာပေလောကတွင် ကျော်ကြား ထင်ရှားသော ကဗျာတစ်ပုဒ်။
ဒီကဗျာကို နာရပတိစည်သူ မင်းလက်ထက်မှာ မင်းယဉ် နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယ အမတ် ကရေးစပ်ခဲ့တယ်လို့  သိရပါတယ်။ မင်းပြစ်မင်းဒဏ်ကြောင့် သေခါနီးဆဲဆဲမှာ ရေးစပ်ခဲ့တာလို့  မှတ်သားရပါတယ်။ ခွင့်လွှတ်ခြင်း နဲ့  မတည်မြဲသော လောကသဘာဝကို ဒီကဗျာမှာ ရေးဖွဲ့ ထားပုံမှာ ထိမိလှပါတယ်။

"ဓမ္မတာ" မျက်ဖြေလင်္ကာ
အနန္တသူရိယ အမတ်

သူတည်းတစ်ယောက်၊ ကောင်းဖို့ ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ။
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည်၊
ရေပွက်ပမာ တသက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့ ၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လှဲတတ်သည်။
မချွတ်စသာ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ ၏။ ခိုက်ကြုံဝိပါက်၊
သံသာစက် ၊ ကြိုက်လတ်တွန်မူ၊
တုံ့ မယူလို၊ ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊ ချင်ဘိစင်စစ်၊
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏။
သွေးသည် အနိစ္စာ ငါခန္ဓာတည်း။


Law Of Nature
Translated by Pe Maung Tin and G.H. Luce.

When one attains property,
Another is sure to perish.
It is the law of nature.

Happiness of life as king-
Having a golden palace to dwell in,
Court life, with a host of ministers about one,
Enjoyment__showdow__peace,
No break to felicity__
Is but a bubble mounting for a moment to the surface of the ocean.

Thought he kill me not,
But in mercy and pity release me,
I shall not escape my karma.
Man's stark-seeming body
Lasteth not ever;
Verily it is the nature of every living thing to decay.

Thy slave,I beg
But to bow down in homage and adore thee!
If the wheel of samsara
Mpast deeds offer me vantage,
I seek not for vengeance.
Nay,master, mine awe of thee is too strong!

If I might, yet I would not touch thee;
I would let thee pass without scathe.
Dissolution lures the elements of my body.

No comments: