ဒီနေ့  အလုပ်က ပြန်လာပြီးရင် နောက် ၂ ရက် အလုပ်သွားစရာ မလိုတော့ဘူး။ အားလပ်ရက် ရတော့မယ်။ ကဲ .. ကဲ .. စိတ်ချမ်းသာစွာနဲ့  နေ့ သစ် တစ်ခုကို စတင်လိုက်ပါဦးမယ်။မနေ့ ညနေထဲက ရွာနေတဲ့မိုးက ခုထိ မတိတ်သေးဘူးဆိုတော့ တကယ်ဆို ဘယ် အလုပ်သွားချင်ပါ့မလဲ။ ပြီးတော့ ဒီမိုးက တိတ်မယ့်ပုံမရှိဘူး၊ တစ်နေကုန် မိုးရွာမယ့်ပုံပါပဲ။ ပုံလေးထဲကလို့  ဟိုတိုးဒီတိုး ဟိုကွေးဒီကောက် နဲ့ ပျင်းကျောလေးဆန့် ပြီး အိမ်မှာပဲ အိပ်နေလိုက်ချင်မိတယ်။ ဒါပေမယ့် လူဆိုတော့လည်း စားဖို့ နေဖို့  အလုပ်လုပ်ရ ပေဦးတော့ မပေါ့။
2 comments:
Ya. TGIF. enjoy ur weekend :)
Thanks.. You too. Have a Great Weekend :)
Post a Comment