Pages

January 26, 2007

Cool Java Script

ဒီတစ်ခါ ပရိုဂရမ်မာတွေ လက်ဆော့လို့ ရတဲ့ Java Script တစ်ခု အကြောင်း ရေးချင်ပါတယ်။

ကျွန်မ ကို ဟိုနေ့ က သူငယ်ချင်းတစ်ယောက်က Script လေးတစ်ခု Gtalk ကနေ လှမ်းပေးပါတယ်။ ပြီးတော့ Browser ဖွင့် ၊ Google or Yahoo လို WebSite တစ်ခုဖွင့်လိုက်၊ ပြီးရင် Browser မှာ သူပေးတဲ့ Script လေး ထည့်လိုက်တဲ့.. ဟိုတလောက ကျွန်မရေးဖူးတဲ့ Funky Javascirpt လိုမျိုးပဲ ထူးဆန်းတာလေး တွေ့ ရမယ် ပြောတယ်။ ကျွန်မ စမ်းကြည့်တယ်.. ဘာမှလည်း ထူးခြားတာ မတွေ့ ဘူး။

ဘယ်ဖြစ်မလဲ ... အဲ့ဒီ Script က Auto Movement လုပ်ပေးတာမှ မဟုတ်တာ။ သူငယ်ချင်း ရှင်းပြတာနဲ့ .. ကျွန်မလည်း Button တွေ၊ Picture တွေ၊ Icon လေးတွေ ကို Click လုပ်ပြီး မလွှတ်ပဲ.. တခြားနေရာပို Drag လုပ်လိုက်ပါတယ်။ ပုံလေးတွေက နဂိုနေရာမှာ မရှိတော့ပဲ ကျွန်မ ဆွဲခေါ်လာတဲ့ နေရာကို ရွှေ့ သွားတာကို တွေ့ လိုက်ရ တယ်ရှင့်။ ပြီးတော့ Text တွေကိုလည်း ဒီ Java Script ကို သုံးပြီး ပြောင်းကြည့်လို့ ရပါတယ်။ IE နဲ့  FireFox နှစ်မျိုးလုံးမှာ အလုပ် လုပ်ပါတယ်။ ဒီမှာပါ..

javascript:document.body.contentEditable='true'; document.designMode='on'; void 0
1.Open Browser ( IE or FireFox)
2.Open One Web Site
3.Copy Java Script
4.Paste JavaScript at Address Bar and Click Enter
5.Feel free to edit whatever you want on the page

ဒါလေးသုံးပြီး တခြား Programmer တွေကို နောက်လို့ ရတယ် ဆိုတာကို တွေးလိုက်မိတယ်။

အလုပ်မှာ သူများရေးထားတဲ့ WebPage တွေ Test လုပ်ရရင်... အဲ့ဒီ Script လေးကို သုံးပြီး.. ဟိုပြောင်း ဒီပြောင်းလေးလုပ်... ပြီးရင် အဲ့ဒီ Page ရေးတဲ့ Programmer ကို ခေါ်ပြပြီး .. ဒါဘယ်လိုတွေ ဖြစ်နေတာလဲလို့ မေးလိုက်ရင်...... အဲ့ဒီတစ်ယောက် ဘယ်လို ဖြစ်သွားမလဲ ..... ဘယ်လို တုန့် ပြန်မလဲ..... သိချင်မိတယ်။ :D... နောက်ထပ် စဉ်းစားမိတာက Programmer ကို ဘေးနား ခေါ်ပြမယ့် အစား.. Print Screen လုပ်ပြီး Email လေးပို့ ပြီး မေးရင် ပိုကောင်းပါလိမ့်မယ်.. ဘာလို့ လဲဆိုတော့ တချို့ Programmer တွေက သူတို့ ရေးထားတဲ့ Page မှာ တစ်ခုခုမှားနေပြီ ဆိုပြီး ပြလိုက်ရင် ဒါသူတို့ ရဲ့ Site မှ ဟုတ်ရဲ့လား၊ သေချာရဲ့လား ဆိုပြီး URL ကို ကြည့်လေ့ ရှိကြ တယ်လေ။ အဲ့လိုသာ ကြည့်လိုက်ရင် ကျွန်မ run ထားတဲ့ JavaScript ကိုသူတို့ တွေ့ သွားနိုင်လို့ ပါ။ ပြောသာပြောတာ ကျွန်မ အလုပ်မှာ နောက်စရာ လူမရှိလို့  နောက်လို့  မရဘူး ဖြစ်နေတယ်။ တတ်နိုင်သူများ ဘယ်လို နေမလဲဆိုတာကို သိအောင် စမ်းကြည့် ပါလား။

5 comments:

Myo Kyaw Htun said...

False နဲ့ Off ပြန်ပြောင်းတာတော့ မရဘူးနော်။ ဘာပဲဖြစ်ဖြစ် နောက်လိုက်ရတာ ပျော်စရာကြီး

Nay Nay Naing said...

ဟုတ်တယ်၊ စမ်းကြည့်တာ မရဘူး။ ဒါနဲ့ ဘာလို့  Fasle and Off ပြောင်းချင်တာလဲ။
နောက်ရတာ ပျော်ဖို့ ကောင်းတယ်ဆိုလို့  နောက်စရာလူ လိုက်ရှာပြီး နောက်ဦးမယ်...

MYO HAN HTUN said...

Knowledge အတွက်ကျေးဇူးပါပဲ ဗျာ။

Myo Kyaw Htun said...

ပြင်ပြီးတာနဲ့ original mode ကိုပြောင်းချင်လို့ပါ။ ဒါမှ ပိုပြီး ပိပိရိရိ နဲ့ ဖိန့်လို့ရတာပေါ့။ ဒါပေမယ့် try ကြည့်တော့ မရပါဘူး။

Nay Nay Naing said...

နောက်တာတောင် ပိပိရိရိ နောက်ချင်တယ် ဆိုပါလား... ကောင်းပါတယ်.. နောက် စမ်းသပ်တာ အောင်မြင်ခဲ့ရင် ပြောပြပါဦး။