Pages

October 10, 2006

Funky JavaScirpt

ပြီးခဲ့တဲ့  သောကြာနေ့ က သူငယ်ချင်းတစ်ယောက်က စမ်းကြည့်ဆိုပြီး JavaScript code တစ်ခုပေးတယ်။ ထုံစံအတိုင်း ဘာကြီးလာပေးတာလဲ၊ ဘယ်လို စမ်းရမှာလဲ ပြန်မေးရတော့ တာပေါ့။ သူက browser ကိုဖွင့်လိုက်၊ ပြီးတော့ yahoo ရဲ့ home page ကိုသွားတဲ့။ ပြီးရင် သူပေးတဲ့ JavaScript ကို copy လုပ်ပြီး လက်ရှိ yahoo ပွင့်နေတဲ့ browser ရဲ့ address bar မှာပဲ paste လုပ်ကြည့်လိုက်တဲ့။ ဘာဖြစ်လဲ သိမယ်ပြောတယ်။ သူပြောတဲ့ အတိုင်း စမ်းလုပ်ကြည့် လိုက်တာ တော်တော်လေး သဘောကျသွားတယ်။ ဒါပေမယ့် သူပေးတဲ့ code က IE browser မှာပဲ အလုပ်လုပ်တယ်။ FireFox မှာ အလုပ်မလုပ်ဘူး ဖြစ်နေတယ်။

ဒါနဲ့  စဉ်းစားမိလိုက်တယ်။ အဲ့ဒီတစ်ယောက် ဒီ script ကို သူ့ ဟာသူ ရေးတာတော့ မဖြစ်နိုင်ဘူး။ ( အကြောင်း သိတွေပဲလေ။ သူရေးတာဆို ဒီလို ဘယ်နေမလဲ။ ဟီး... ) သူ တနေရာရာက ရတာပဲနေမှာ၊ ဒါဆို internet မှာ ရှာကြည့် ရင် တွေ့ ချင်တွေ့ မှာ ဆိုပြီး လုပ်လက်စ အလုပ်ကို ရပ်ပြီး google မှာ ရှာကြည့်တယ်။ မတွေ့ ဘူးဗျာ။ ဘယ်တွေ မလဲ။ ကျွန်မက သူပေးတဲ့ script ကို copy & paste လုပ်ပြီး search နဲ့  ရှာကြည့်လိုက်တာကို။ ဒီနေရာမှာ တစ်ခုပြောစရာရှိတယ်။ Google Search မှာ ရှာမရတာတွေကို တခါတလေ Yahoo Search နဲ့  ရှာရင်တွေ့ တက်တယ်၊ ဒါနဲ့  yahoo မှာ ဆက်ရှာကြည့်လိုက်တော့ link တော်တော်များများ တွေ့ တယ်။ အဲ့ဒီက လင့်တွေကို လိုက်ဖတ်ကြည့် လိုက်တော့ FireFox မှာ အလုပ်လုပ်တဲ့ script တခုကိုပါ တွေ့ လိုက် ရတယ်။

အဲ့ဒီ script နှစ်ခုလုံးက စမ်းကြည့်တာ Yahoo နဲ့  Google အပြင် တစ်ခြား web pages တော်တော်များများမှာ အလုပ်လုပ်တာတွေ့ ရတယ်။ Blogger မှာလဲ အလုပ်လုပ်ပါတယ်။ ဒီလို စမ်းကြည့်လို့ ရပါတယ်။

Click here to JavaScript Code - ကူးရလွယ်အောင် code တွေကို Text File နဲ့  ပေးထားတာပါ။

၁။ ပေးထားတဲ့ script ကို copy လုပ်ပါ ( IE သုံးနေရင် IE ကို copy လုပ်ပါ။ FireFox သုံးနေရင်တော့ FireFox ကို copy လုပ်ပါ) copy လုပ်ရာမှာ တစ်ကြောင်းတည်း ဖြစ်အောင် လုပ်ရပါမယ်။
၂။ ပြီးရင် copy လုပ်ထားတဲ့ script ကို browser ( ကျွန်မရဲ့ ဘဘောခ့် နဲ့  စမ်းမယ်ဆိုရင်တော့ ကျွန်မ ဘလောခ့် ရှိနေတဲ့ page) ရဲ့ address bar မှာ paste လုပ်ပြီး Enter (or) Click Go.

ဘာဖြစ်လည်း တွေ့ ရမှာပါ။

............
............

4 comments:

မေ said...

Firefox မှာ အလုပ်မလုပ်ဘူး။ ဗားရှင်းကြောင့်လားမသိဘူးနော်။ IE မှာတော့ မြင်ရတယ် နေနေ၊ မိုက်တယ် :D

Chan Mya Soe said...

မိုက်သယ် .. ဒီတစ်ခါပဲတွေ့ဘူးတယ် ဟီးဟီး

mgthantzin said...

မိုက်တယ်ဗျာ..။ =)

Anonymous said...

cool...but it works within the screen the moment Enter was hit...scroll down?...it doesn't follow...

btw, can't read the comments... lol...a lot of squares...