Pages

October 01, 2006

ကလေး ကဗျာများ

ကြောင်ဖားမြီးတံတို

ကြောင်ဖားကြီး မြီးတံတို
အဆီကို စား အသားကို မျို
ကြောင်အိုပေမှေး
ကိုက်ပါလှဲ့ လေး။

ဒါလေးကို " ဦးသန်းထွတ်ရဲ့ ကျွန်တော်နှစ်သက်မိသော ကဗျာများ " စာအုပ်မှာတွေ့ လို့  ကူးယူဖော်ပြတာပါ။

ကျွန်မတို့  ငယ်ငယ်တုန်းက ကြားနေကြ ကဗျာလေးတွေပါ။ ကဗျာလို့ ခေါ်မလား။ သားချော့တေးလို့  ပဲ ပြောရမလား။ ဘယ်လိုပဲ ခေါ်ခေါ် ဒီစာသားလေးတွေဟာ ကျွန်မတို့ ငယ်ငယ် ကလေးဘဝ ထဲက ရင်ရင်နှီးနှီး ကြားဘူးနေတဲ့ အရာလေးတွေပါ။ ကျွန်မ စဉ်စားမိသလောက်တော့ တော်တော်များများကို ရှိတာပဲ။ ကျွန်မ မှတ်မိသလောက်လေးတွေကို ဒီမှာ တင်ဦးမယ်။ တချို့  လည်း မှတ်မိကြမှာပေါ့ တချို့ လည်း မေ့လောက်ပြီ ထင်တယ်။ ဘာပဲပြောပြော .. အမှတ်တရ.. ပေါ့။

No comments: