Pages

October 28, 2006

Why Work?

မနေ့ က အလုပ်မှာ လုပ်စရာမရှိ အားနေတော့ ပျင်းပျင်းရှိတာနဲ့  ဟိုစဉ်းစား ဒီစဉ်းစား လုပ်မိတယ်။ လူတိုင်း ကြုံဘူးမယ်လို့  ထင်ပါတယ်။ မနက် ၉ နာရီကနေ ညနေ ၆ နာရီ ဆိုတဲ့ အချိန်ဟာ အလုပ်မှာ လုပ်စရာ ရှိနေတဲ့ သူတွေ အတွက်သာ ခဏလေး လို့  ထင်ရနိုင်ပေမယ့်၊ ဘာမှ လုပ်စရာမရှိ၊ ကွန်ပြူတာ တစ်လုံးရှေ့မှာ ကိုယ်စိတ်မ၀င်စားတဲ့ စာတွေကို ထိုင်ဖတ်နေရုံက လွဲရင် ကျန်တာ ဘာမှ လုပ်လို့  မရတဲ့ သူတစ်ယောက် အတွက်တော့ တော်တော့်ကို ရှည်ကြာ စိတ်ပျက် ပျင်းရိငြီးငွေ့ ဖွယ်တဲ့ အချိန်ကာလပါပဲ။ အလုပ်မှာ အလုပ်လုပ်စရာ မရှိပဲ ဒီတိုင်းထိုင်နေရတာ လောက် စိတ်ပျက်ဖို့  ကောင်းတာ ရှိမယ် မထင်ပါဘူး။

လုပ်စရာမရှိလို့  ဟိုစဉ်းစား ဒီစဉ်းစား လုပ်နေမိရာကနေ မေးခွန်းလေး တစ်ခု ကိုယ့်ကိုကိုယ် ပြန်မေးလိုက်မိတယ်။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ အလုပ်မှာ ထိုင်နေရင်း တွေးမိတာဆိုတော့ အလုပ်နဲ့ ဆိုင်တာကိုပဲ တွေးမိ တာပါ။ ကျွန်မကို ကျွန်မ ပြန်မေးမိတဲ့ မွေးခွန်းကတော့ "ငါဘာလို့  အလုပ် လုပ်နေတာလဲ" ဆိုတဲ့ မေးခွန်းလေးပါ။ ပထမတော့ ကိုယ့်ကိုကိုယ် ပြန်မေးမိတဲ့ မေးခွန် အတွက် ကိုယ့်ဟာကို အဖြေက အဆင်သင့် မရှိ ဖြစ်နေ ပါသေးတယ်။ နောက် တွေးရင်းနဲ့ တော့ မေးခွန်းရှိရင် အဖြေရှိရမယ် ဆိုသလိုပဲ အဲ့ဒီ မေးခွန်း အတွက် အဖြေ ကို စဉ်းစားလို့  ရလိုက်ပါတယ်။

ကိုယ့်ဟာကို အဖြေရရုံနဲ့  မပြီးသေးဘူး၊ ညနေ ၆ နာရီကလည်း မထိုးသေး၊ အိမ်လည်း မပြန်နိုင်သေးဘူး ဆိုတော့ သူများတွေရော ဒီမေးခွန်းကို အမေးခံရရင် ဘယ်လို ဖြေ မလည်းလို့  ဆက်ပြီး အတွေးရှည် နေမိ ပြန်တယ်။ အဲ့ဒီ အချိန်က ဘေးနားမှာ မေးစရာ လူကလည်း မရှိ၊ online ကနေ့  တဆင့် သူငယ်ချင်းတွေကို မေးရအောင်ကလည်း အလုပ်မှာ ဘယ် messenger ကိုမှ သုံးခွင့် မရှိဘူး ဆိုတော့၊ ထုံးစံ အတိုင်း google လုပ်ကြည့်လိုက်တာ အဲ့ဒီ မေးခွန်းကို ဖြေထားတဲ့ page တော်တော် များများကို တွေ့  လိုက်ရတယ်။ အဲ့ဒီ page တွေကို လျှောက်ဖတ်ကြည့်ရင်းနဲ့  ဒီpage လေးကို တွေ့ ပြီး သဘောကျ နှစ်သက်သွားလို့  ကျွန်မရဲ့ ဘလောခ့် ပြန်လည် ဖော်ပြလိုက် ပါတယ်။

* Work in celebration of your natural strengths, talents and gifts.
* Work to make your weaknesses irrelevant, for they are.
* Work at something you love doing, something that brings you joy.
* Work to feel the satisfaction of good hard work, of intentional effort.
* Work to break a sweat, and to get dirty and gritty and real.
* Work to fulfill your personal mission, or
* Work to show your agreement with another’s mission.
* Work to make a difference, to feel fulfilled, to “make meaning.”
* Work to serve others well, and serve your spirit for giving.
* Work to support someone you care about.
* Work to help someone you believe in.
* Work to learn what you don’t yet know, and
* Work to teach, coach, and mentor others as only you can.
* Work for a cause you feel deeply about.
* Work to leave a legacy.
* Work to create a better future.
* Work to deliver a gift to humanity.

Source : Why Work By Rosa Say

လူတိုင်း လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိကြသည်။

5 comments:

sttw2201 said...

i only have simple and single answer. Work to prevent meself from turning into a couch potato! Oh, i m spending 2 minutes of reading and typing away the comments. miss my TV chair already, gotta go... :P

Kyal Sin said...

ဘာလို့ အလုပ်လုပ်သလဲ။ တော်တော်စဉ်းစားစရာကောင်းတာပဲ။
ကဲ မောင်ကြယ်စင်…မင်းရော ဘာလို့ အလုပ်လုပ်သလဲ။
မောင်ကြယ်စင် ဖြေ……..
အင်း……အလုပ်ကလွဲရင် ဒီ ဒွန္ဒရာ ကြီး မှာဘာမှလုပ်စရာမရှိတာ။ ဒါကြောင့်အလုပ်လုပ်ရတာပေါ့။

Anonymous said...

မမွန်ကို အခုနေ..ဘာလို့အလုပ်လုပ်တာလဲမေး၇င်တော့
စင်ကာပူMOEနဲ့ အလုပ်၃နှစ်လုပ်ပေး၇မယ်ဆိုတဲ့BOND ၇ှိလို့ပါလို့ဖြေ၇မယ်ထင်တယ်။ အဲဒါပြီး၇င်တော့ ကိုယ့်လုပ်ချင်တာတွေ လုပ်တော့မယ်...

Myo Kyaw Htun said...

ကျွန်တော်ကတော့ အခုလတ်တလော ကိုယ်ဝါသနာပါတဲ့ အလုပ်မှာ ရောက်နေတော့ အဲဒီ့ feel မဖြစ်သေးဘူး။ ကြုံဦးမှာပါဗျာ။ အဲ့ဒီ့အချိန်ကြလဲ ...

Nay Nay Naing said...

အဖြေလေးတွေ ရေးပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပထမဆုံးလာဖြေတဲ့ အဖြေရှင်ရေ... သူငယ်ချင်းတွေ အားလုံးထဲမှာ အလုပ်အကြိုးစားဆုံးနဲ့  လက်ရှိ အလုပ်အတွက် အချိန်အများဆုံးပေးသူကြီး :P....

ကြယ်, နင်က ဘာမှ လုပ်စရာမရှိလို့  အလုပ်လုပ်တာဆိုတော့ အလုပ်ချိန်ပြီးရင် သိပ်အားနေမှာ ပေါ့နော်။ နင် အားနေမှာကို ငါမကြည့်ရက်ပါဘူး။ လုပ်စရာလေးတွေ ရှာပြီး လာပေးဦးမှနဲ့ တူတယ်။ :P

မမွန် bond ၃ နှစ်မြန်မြန်ပြည့်ပြီး သွားချင်တဲ့ နေရာ မြန်မြန်သွားပြီး၊ လုပ်ချင်တဲ့ အလုပ်တွေ လုပ်နိုင်ပါစေ။ :)

မျိုးကျော်ထွန်း... ၀ါသနာပါတဲ့ အလုပ်ကို လုပ်နေရတယ်ဆိုတော့ ကံကောင်းတာပေါ့။ တကယ်ဝါသနာ ပါတာနဲ့  လက်ရှိလုပ်နေရတဲ့ အလုပ် ထပ်တူကြတဲ့ သူက ရှားတယ်လေ။