သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တသတ်လျှာတည်း။
ကြင်နာသနား ငါ့အားမသတ် ယခုလွှတ်လည်း မလွတ်ကြမ္မာ လူတကာကို ခန္ဓာခိုင်ကျည် အတည်မမြဲ ဖောက်လွှဲတတ်သည် မချွတ်စသာ သတ္တ၀ါတည်း။
ရှိခိုးကော်ရော် ပူဇော်အကျွန် ပန်ခဲ့တုံ့၏ ခိုက်ကြုံဝိပါတ် သံသရာစက်၌ ကြိုက်လတ်တွန်မူ တုံ့မယူလို ကြည်ညိုစိတ်သန် သခင်မွန်ကို ချန်ဘိစင်စစ် အပြစ်မဲ့ရေး ခွင့်လျှင်ပေးသည် သွေးသည်အနစ္စာ ငါ့ခန္ဓာတည်း။
အနန္တသူရိယအမတ်ကြီး
ပုဂံခေတ်
Source : Planet ( Thank to Bleeds and TDO )
No comments:
Post a Comment