Pages

October 11, 2006

How to stop automatic updates from installing IE 7.0

ဒီမနက် သူငယ်ချင်း တစ်ယောက်က ပြောတာနဲ့  Microsoft က နောက် သိပ်မကြာခင် IE 7.0 ကို auto update လုပ်တော့မယ်တဲ့ ဆိုပြီး သိလိုက်ရတယ်။
IE 7 Auto Update News.

IE 7.0 စထွက်တည်းက သူများတွေ ပြောင်းသုံး၊ စမ်းသုံးကြည့်  နေကြတာ သိပါတယ်။ ကျွန်မကတော့ ခုချိန်ထိ IE 6 ကို သုံးနေတုန်းပါပဲ။ IE 7 ကပိုကောင်းရင် ကောင်းမှာပါ။ ဒါပေမယ့် ခုချိန်ထိတော့ ပြောင်းသုံးကြည့် ဖို့  ရည်ရွယ်ချက် မရှိသေးပါဘူး။ မလိုအပ်ပဲ IE 6 ကနေ IE 7ကို ပြောင်းလိုက်လို့ တက်လာမယ့် ပြဿနာတွေကို အရှင်းချင်းဘူး။ ကျွန်မလိုပဲ IE 7.0 ကို ပြောင်းမသုံးပဲ IE 6 ကို ပဲ သုံးချင်တဲ့ သူတွေ အတွက်တော့ ဒီသီတင်းက တော်တော် မကောင်းတာပဲ။ Microsoft က တခါတလေ အဲ့လို့  မဟုတ်ကဟုတ်က အလုပ်တွေ သိပ်လုပ်ပါတယ်။ သူ ဟာသိပ်ကောင်းနေရင် ကိုယ့်ဟာကို ပြောင်းသုံးမှာပေါ့။ ဒါမို့ လည်း တခါတလေ Microsoft product တွေသုံးရတာ စိတ်ကုန်မိတာပါ။ ထားပါလေ။ ခု.. IE 6 ကနေ 7 ကို auto update မလုပ်ချင်သူများ ဘယ်လို ကာကွယ်လို့  ရတယ် ဆိုတာလေးကို ပြောပြ ချင်တာပါ။

ပတမ ဆုံးအနေနဲ့  IE70Blocker.cmd ကို ဒီမှာ ဒေါင်းလုတ် လုပ်ပါ။ ပြီးရင် အောက်က ပြောထားတဲ့ အဆင့်တွေ အတိုင်းလုပ်လိုက်ပါ။ မြန်မာလို မရှင်းတတ်လို့  English လိုရှင်းထားတာကိုပဲ ပြန်လည် မျှဝေလိုက်ပါတယ်။

1. Copy the IE70Blocker.cmd to drive C of your PC or Notebook
2. Go to command prompt and navigate to drive C of your Pc or Notebook
3. Run the IE70Blocker.cmd with the following parameter
C:\>IE70Blocker.cmd machine name /b

Usage:
ie70blocker.cmd [machine name] [/B] [/U] [/H]
B = Block Internet Explorer 7.0 deployment
U = Allow Internet Explorer 7.0 deployment
H = Help

4. You should see a notification on the command prompt screen
Note : This step only block Window Automatic Updates from Installing IE 7.0 on your PC automatically. It does not prevent you from manually installing it. Thus if you choose to do a manual window updates. It will not be shown under priority or express updates but under optional updates. If you choose to install it under optional or by custom method, it will still be deploy into you PC

4 comments:

kyawmintun said...

ကျနော် လာလည် သွားတယ်ဗျို့

Anonymous said...

IE7, they say, has security features which IE6 does not have...the rationale behind auto update is to secure all public...the unsuspecting users who (if not via auto update, do not use IE7) got attacked via IE6 can be distribution centers...(I don't mean that IE7 is flawless though)...

after all, i spend 90% of my online time in firefox...

Nay Nay Naing said...

IE 7 ကို မကြိုက်တာ မဟုတ်ဘူးဗျ။ IE 7 ကို auto လာ update လုပ်မှာကို မကြိုက်တာပါ။ ပြီးတော့ Microsoft ရဲ့ ထုံးစံ အတိုင်း တစ်ခုက တစ်ခုပြောင်းတာ သိပ်ပြဿနာတက်တတ် တော့၊ လန့် တာလည်း ပါ ပါတယ်။ မလို အပ်တဲ့ ပြဿနာတွေ မရှင်းချင်ဘူးဗျာ။ ကျွန်တော်တို့  အလုပ်မှာဆို ကြုံရတာက တစ်ချို့  web application တွေ IE 6 မှာ အလုပ်လုပ်ပြီး၊ IE 7 မှာ အလုပ် ကောင်းကောင်း မလုပ်ဘူး ဖြစ်နေတယ်။

ပုံမှန် အိမ်မှာတော့ Firefox ကို main browser အနေနဲ့  သုံးဖြစ်ပါတယ်။ ဒါပေမယ့် IE ကို လုံးဝ ပြစ်ပယ်လို့ တော့ မရသေးဘူးဗျ။ တစ်ချို့  site တွေက IE နဲ့ ပဲ အလုပ်လုပ်ပြီး၊ firefox နဲ့  အလုပ် မလုပ်ဘူးလေ။ ခုချိန်ထိတော့ အိမ်မှာရော အလုပ်မှာပါ IE 6 ကို ပဲ သုံးပြီး firefox ကိုတော့ အသစ် ထွက်တိုင်း downlaod လုပ်ပြီး သုံးဖြစ်ပါတယ်။ ခု firefox 2 က RC 3 ထွက်နေပြီလေ။

Nay Nay Naing said...

ကျွန်တော်တော့ firefox 2 ကို ပိုကြိုက်တယ်။ အရင် version တွေထက် သုံးရတာ ပိုမြန်လာတယ် ထင်မိတယ်။ တစ်ခြား feature အသစ်တွေလည်း အများကြီးပါတယ်။ စမ်းတော့ သေချာ မစမ်းကြည့် ရသေးဘူး။ ခုရက်ပိုင်း အိမ်မှာ မရှိသလောက် ဖြစ်နေတော့ စမ်းဖို့  အချိန်မရဘူးဖြစ်နေတယ် အစ်ကိုရေ..