Pages

October 19, 2006

19 Oct 2006

ခုပဲ ဖေဖေကို လေဆိပ်လိုက်ပို့ ခဲ့တဲ့။ ဒီတစ်ပတ်လုံး ဖေဖေရောက်နေတာနဲ့  အလုပ်တွေ ရှုပ်နေတာ။ တော်သေးတယ်၊ အလုပ်အဟောင်းက ထွက်ပြီး အလုပ်အသစ်မ၀င်ဖြစ်သေးတဲ့ အချိန်ဆိုတော့ ဟိုပို့ ဒီပို့  နဲ့  ဖေဖေ အလုပ်ကိစ္စတွေကိုလည်း လိုက်လုပ်ပေးဖြစ်သွားတယ်။ အလုပ်သာ လုပ်နေတယ်ဆို ဖေဖေနဲ့  တွေ့ ဖို့  အချိန် ရှိမှာ မဟုတ်ဘူး။ ဘယ်မှ တော့ သိပ်လိုက်မပို့  ဖြစ်လိုက်ပါဘူး။ ဖေဖေက သူ sentosa မရောက်တာ ၁၀ ကျော်ပြီဆိုလို့  မနေ့ ကတော့ sentosa လိုက်ပို့ဖြစ်လိုက်တယ်။ ဒီတစ်ခေါက် ဖေဖေက hotel မှာ မနေပဲ အိမ်မှလာနေပြီး လိုတာ အားလုံးဝယ်ပေး သွားတယ်။ အိမ်ပြောင်းခါစဆိုတော့ လိုနေတာတွေက တော်တော်များတယ်။ ခုလိုလာပြီး ၀ယ်ပေးသွားတော့ ကိုယ့်ပိုက်ဆံ မကုန်တော့ဘူးပေါ့။ နောက်တစ်ခေါက်တော့ hotel မှာပဲ တည်းတော့မယ်တဲ့ ။ နောက်တစ်ခေါက် မေမေ နဲ့  ညီမလေး ပါ ပါလာရင်ကောင်းမယ်။ ဒါဆို ညီမလေးနဲ့  shopping သွားလို့ ရတယ်။ အိမ်ကိုတော့ သတိရသား။ ပြန်ရင် ကောင်းမလား စိတ်ကူးနေတာ၊ ညီမက သူ final exam ဖြေနေတယ်၊ ပြန်မလာနဲ့ ဦးဆိုလို့  နောက်မှ ပဲ ပြန်တော့မယ်။ အဓမ္မ ခွန်ကလည်း ၁ နှစ်နီးပါစာ ပေးဖို့ ကျန်သေးတယ်။ ရန်ကုန် ကို ပြန်မယ်ဆို အဲ့ဒါကြီးရှင်းသွားမှ ပြန်လို့ ဖြစ်မှ ဆိုတော့ ရှင်းဖို့ က ပိုက်ဆံ မရှိဖြစ်နေတာနဲ့  အတော်ပဲဖြစ်သွားတယ်။ အော်.. ကိုယ့်တိုင်းပြည် ကိုယ်တောင် ပြန်ချင်တိုင်း ပြန်လို့  မရ၊ ပိုက်ဆံရှိမှ ပြန်လို့ တဲ့ ဘ၀တွေများ ဆိုးလိုက်တာနော်။

No comments: