Pages

October 31, 2006

Halloween Day

ဒီနေ့  Halloween နေ့ ။ သူငယ်ချင်းတွေက ပြောတယ် ဒီညနေ သူတို့  Halloween ပါတီသွားကြမယ်၊ အလုပ်မှာ ဆိုလည်း ဒီနေ့  အတွက်ဆိုပြီး ထူးထူးခြားခြား ပြင်ဆင်ထားတာတွေ ရှိတယ်တဲ့။ အင်း…. မနာလို ဖြစ်အောင် ပြောနေကြမှန်း သိရက်နဲ့  မနာလို ဖြစ်ချင်လာတယ်။ သူတို့ စီမှာ ဘယ်လောက် ထူးခြားထူးခြား ဒီမှာတော့ ဘာမှ မထူးခြားတဲ့ နေ့ လေး တစ်နေ့ ပါပဲ။

သူတို့ လုပ်တာနဲ့  ကျောင်းတက်နေရင်း အချိန်ပိုင်း အလုပ်ဝင်တုန်းက အလုပ်မှာ ကြုံခဲ့ရတဲ့၊ Halloween နေ့ နဲ့  Halloween ပါတီကို သတိရသွားတယ်။ အဲ့ဒီနေ့  မတိုင်ခင် တစ်ပတ်၊ နှစ်ပတ် အလိုထဲက အလုပ်မှာ ပြင်ကြ ဆင်ကြနဲ့  အလုပ်တွေ ရှုပ်နေကြတယ်။ အလုပ်ပျက်လို့  စိတ်တိုရတဲ့ကြားထဲ ပြင်ပြီး၊ ဆင်ပြီးတော့ တွေ့ ရတာက လှတပတလေးတွေလည်း မဟုတ်။ အလုပ်မှာရောက်နေတာနဲ့  မတူပဲ အိမ်အိုအိမ်ဟောင်း သရဲရှိတဲ့ အိမ်ထဲ ရောက်နေရတဲ့ အတိုင်းပဲ ခံစားခဲ့ရတယ်။ Halloween နေ့  ရောက်တော့လည်း အလုပ်ရောက်တာနဲ့  GM နဲ့  Manager တော်တော်များများကို ၀တ်စုံနက်ကြီးတွေ ၀တ်၊ မျက်နှာတွေမှာလည်း မဲမဲကြီးတွေချယ်လို့ ၊ ခေါင်းမှာ ကလည်း စုန်းမတွေ ဆောင်းတဲ့ ဦးထုပ်မျိုးတွေဆောင်ပြီး တွေ့ ရပြန်ရော။ manager မ တစ်ယောက်ဆို လက်ထဲမှာ တံမြက်စီးကြီး ကိုင်ထားတာ စုန်းမကြီးနဲ့  တူလိုက်တာလို့  တွေးမိတာပဲ။ အပြင်မှာတော့ ဘယ် ပြောရဲပါ့ မလ၊ ဒါပေမယ့် စိတ်ထဲမှာ ကြီးကောင်ကြီးမားတွေနဲ့  ပေါရဲ လိုက်တာလို့  ပြောခဲ့မိတာပေါ့။ သူတို့ က staff နဲ့  customer တွေကို လိုက်နှုတ်ဆက်၊ သကြားလုံးတွေ လိုက်ပေးနဲ ပျော်စရာတော့ အကောင်းသား။ ဘာပဲ ပြောပြော အဲ့ဒီနေ့ က ဟိုလူလာပေး၊ ဒီလူလာပေးနဲ့  သကြားလုံးတွေတော့ အများကြီးရခဲ့တာကို သတိရမိတယ်။ ( ခုမှ စဉ်းစားမိတယ်၊ သူတို့ တွေနဲ့  ယှဉ်ရင် လူကောင်သေးသေးလေးမို့  ကလေးတစ်ယောက် လို့  သဘောထားပြီး သကြားလုံးတွေ လာလာပေးတာနဲ့  တူပါရဲ့။ )

ညဖက် အိမ်ပြန်ရောက်တော့လည်း ကလေးတွေ လာပြီး တခါးခေါက်တာနဲ့  ကြုံရပြန်ရော။ ပုံဆိုးပန်းဆိုး ပုံတွေနဲ့  ဆိုတော့ တစေ၊ သရဲ၊ မှင်စာ လေးတွေလားလို့  လန့် သွားတာပဲ။ ကိုယ်ကလည်း တစ်ခါမှ မကြုံ ဘူးတော့ ဘာလုပ်ရမှန်းမသိ၊ သူတို့ ကလည်း သူတို့  size လောက်ပဲ ရှိတဲ့ လူမျိုးခြား တစ်ယောက်ကို မြင်တော့ ဘာပြောရမှန်း မသိ၊ နှစ်ဘက်လုံး ကြောင်တောင်တောင်ဖြစ်သွားကြတာ၊ ပြီးတော့ တစ်အိမ်တည်း တူတူနေတဲ့ Scottish မ က bell သံကြားလို့  ဆိုပြီး ထွက်လာတာနဲ့  ကျွန်မတို့ ကို တွေ့ သွားပြီး၊ ကလေးတွေ ကို သကြားလုံးတွေ ပေးလိုက်မှ အဆင်ပြေ သွားတော့တယ်။ ပြီးတော့ သူက ရှင်းပြတယ်။ နောက် အုပ်စုတွေလာရင် ပေးဖို့ ဆိုပြီး သူဝယ်ထားတဲ့ သကြားလုံးတွေထားတဲ့  နေရာကို ပြတယ်လေ။ မှတ်မှတ်ယယ ပတမဆုံး Halloween ည အတွေ့  မကြုံပါပဲ။ အဲ့ဒီ နှစ်ကတော့ ကြုံရတယ်ဆိုတာကလည်း ကျွန်မက အပြင်မှာ အိမ်ငှါး နေဖြစ်ခဲ့လို့ ပါ။ အရင်နှစ်တွေက အဆောင်မှာနေတာဆိုတော့ ဒါမျိုး မကြုံရပါဘူးလေ။

4 comments:

Anonymous said...

၇ူံးမှာအဲလိုလုပ်တာ ပျော်စ၇ာကြီးနော်.ဒါပေမယ့် ညဖက်သာ အဲဒီလိုဝတ်စားပြီး လာလည်၇င် မမွန်တော့လန့်သေမှာပဲထင်တယ်။
၇ုပ်၇ှုင်တွေထဲမှာပဲ မြင်ဖူးတယ်။ အဲဒီနေ့က ဘာအထိမ်းအမှတ်နဲ့လုပ်တာလဲဟင်...

Nay Nay Naing said...

ပျော်ဖို့ တော့ကောင်းတယ် မမွန်ရဲ့။ ဆော့နေရသလိုပဲ။ ကလေးတွေဆော့ သလို့  လူကြီးတွေလည်း ၀င်ဆော့လို့ ရတာပေါ့။ အဲ့ဒီနေ့  အကြောင်းသိချင်လို့ လား။ ဟီး။ ကျွန်တော် ရှေ့ မှာပိုစ့်တစ်ခု ရေးထားသေးတယ်။ မမွန်လာကြည့်တဲ့ အချိန်က အဲ့ဒီပိုစ့်ကို ပြန်ပြင်နေလို့  ခဏ hide လုပ်ထားတာနဲ့  ကြုံသွားလို့ ပါ။

Myo Kyaw Htun said...

ဘယ်နေရာသွားသွား အဲ့ဟာကြီးနဲ့ တိုးနေတယ်။

Nay Nay Naing said...

ဘာကြီးနဲ့  တိုးတာလဲ။ holloween ပိုစ့်တွေ နဲ့ လား။