Pages

January 13, 2007

ဘယ်သူရှိမလဲ - ဇော်ဝင်းထွဋ်

ဒီရက်ပိုင်း ရာသီဥတုက မိုးလေးတအေးအေးနဲ့  ဆိုတော့ ညအိပ်ရင် သီချင်းတိုးတိုးလေး ဖွင့်ပြီး အိပ်တဲ့ အကျင့်ကို ပြန်လုပ်ဖြစ်နေတယ်။ အဲ့ဒီတော့ နားမထောင်ဖြစ်တာကြာနေတဲ့ သီချင်းဟောင်းတွေ ပြန်နားထောင်ဖြစ် သွားတာပေါ့။ တချို့ သီချင်းဟောင်းလေးတွေက နားမထောင်ရတာကြာပြီ ဆိုပေမယ့် ခုပြန် နားထောင် ဖြစ်တော့လည်း အရင်ကလိုပဲ ကြိုက်နှစ်သက်မိနေတုန်း ပါပဲ။ အရသာ တမျိုး စီပေါ့။

ဒီ ဇော်ဝင်းထွဋ် ရဲ့ ဘယ်သူရှိမလဲ ဆိုတဲ့ သီချင်းကို ဟိုအရင် စပြီး နားထောင်ခဲ့တုန်းကလည်း ကြိုက်နှစ်သက်ခဲ့တယ်၊ ခုပြန်နားထောင်ဖြစ်တော့လည်း နှစ်သက်နေတုန်းပါပဲ။

ဘယ်သူရှိမလဲ - ဇော်ဝင်းထွဋ်
အမုန်းမီးများပဲ နှလုံးသားထဲမှာ တ၀ုန်းဝုန်းကျွမ်းလောင်နေပြီ
ရှေးရှေးတုန်းက ကောင်းခဲ့ဖူးသမျှ ခုကျ မင်းက မေ့ပြီ
ချစ်ခဲ့ကြတဲ့ ရက်၊လ၊နှစ် တို့ မင်း ပြန်စောင်းကာ မကြည့်ဘူး
ငါ့ဘ၀လေး တစ်စစီ မင်းရက်စက်သွားပြီ
ဘယ်သူရှိမလဲ

cho:
အရမ်းချစ်ပြီးမှ အချစ်နဲ့  မပေါင်းချင် ဘယ်သူရှိမလဲ
လောကကြီးထဲ အချစ်နဲ့  မဝေးချင် ဘယ်သူရှိမလဲ
အသည်းကွဲရတော့ မျက်ရည်မကျတာ ဘယ်သူရှိမလဲ
ပြော... အချစ်ရေ..
ဘယ်သူရှိမလဲ

မင်းအတွက် လုံးလုံးပေးအပ်ခဲ့တဲ့ /ထားတဲ့ ငါ့အချစ်ရဲ့တန်ဖိုး
မင်းမသိပဲနဲ့  စတေးပြစ်ခဲ့တဲ့ ငါ့ယုံကြည်မှု့ အားလုံး
အဆုံးသတ်ကြတော့ နစ်မြုပ်သွားတဲ့ ငါ့အိပ်မက်ကမ္ဘာလေး
နှလုံးသားအား တစ်စစီ မင်းခွဲစိတ်ခဲ့ပြီ
ဘယ်သူရှိမလဲ

cho:

ငါဆိုတာ မင်းအတွက်အသက်ရှင်ခဲ့တဲ့ အကြောင်းတွေ ပြောတာ အကြိမ်ကြိမ်ပဲ
ဒီကမ္ဘာမှာ ငါ့လောက် မင်းအပေါ် ဂရုစိုက် ချစ်နိုင်ခဲ့တာ ဘယ်သူရှိမလဲ
နှစ်သက်ခဲ့တဲ့ ငါ့ရဲ့အပြုအမူတွေကို နင်....ခုတော့.... ကြည့်မရ .... ငါ့ဘဝ

cho:

3 comments:

Anonymous said...

I didn't listen this song b4. from which album? anyway thankz for sharing. :)

Nay Nay Naing said...

ဘယ် Album ကလည်း မသိဘူး။ မေးကြည့်ဦးမယ်။ ဒါနဲ့  အဲ့ဒီသီချင်းနင် ကြိုက်လား။ Heart ထိသွားတာလား။ မရည်ရွယ်ပါဘူး သူငယ်ချင်းရယ်၊ ငါ မိုးပေါ်ထောင်ပစ်လိုက်တာပါ။ :P

Unknown said...

နောက်ဆုံးထွက်တဲ့ မျှော်လင့်ချက်ကမ်းခြေ ထဲကလားမသိဘူး။ ခုနောက်ပိုင်းထွက်တဲ့ ကိုညီထွဋ်သီချင်းတွေက သိပ်ရင်ထဲကိုမရောက်တော့ဘူး။ ကျနော်တော့။ တစ်ခွေလုံးမှ ၂ ပုဒ်၊ ၃ ပုဒ်လောက်ပဲ ကြိုက်တော့တယ်