Pages

January 29, 2007

To Read - Java Tutorials

ခုတလော ဟိုရှုပ်ဒီရှုပ် လုပ်နေတာနဲ့  ကိုယ့်အလုပ် ကိုယ်သေချာမလုပ်ဖြစ်ဖူး ဖြစ်နေတယ်။ အိမ်မှာ ဆိုလည်း ဟိုရှုပ်ဒီရှုပ်နဲ့  ဖတ်မယ် စဉ်းစားထားတဲ့ စာတွေလည်း သေချာ မဖတ်ဖြစ်၊ အလုပ်ရောက်ပြန်တော့လည်း အလုပ်နည်းနည်းအားတဲ့ အချိန်ဆို ဖိုရမ်ဖတ်၊ ဘလောခ့်တွေဖတ်၊ မြန်မာသတင်းဆိုဒ်တွေဖတ်၊ နောက်ပြီး ဘလောခ့်ရေးတာကိုပဲ လုပ်ဖြစ်နေတယ်။ တခါတလေမှသာ Technical Websites တချို့ က IT news တွေကို ဖတ်ဖြစ်တယ်။

ဒီရက်ပိုင်း ကိုယ်လုပ်နေတာတွေ ပြန်စဉ်းစားကြည့်မိတော့ ကျွန်မ လက်ရှိ လုပ်နေတဲ့ အလုပ်အတွက် အကျိုးရှိမယ့် စာတွေ မဖတ်ဖြစ်တာ ကြာပြီဆိုတာ သတိထားမိလိုက်တယ်။ လက်ရှိ ကျွန်မ လုပ်နေတာက IT Programming နဲ့  ပတ်သက်တဲ့ အလုပ်၊ အဓိက သုံးတဲ့ Programming Language က Java။ အဲ့ဒီတော့ အလုပ်မှာ အားတယ်၊ အချိန်ရတယ် ဆိုရင် Java နဲ့  ပတ်သက်တဲ့ Tutorial လေးတွေပဲ ပေါ့ပေါ့ပါးပါး ဖတ်တာ ကောင်းတယ် ဆိုပြီး တွေးမိလိုက်တယ်။

အရင်က ကျွန်မ Java Tutorials တော်တော်များများကို အွန်လိုင်းကနေ ဖတ်ခဲ့ဖူး ပါတယ်။ အကြောင်းအရာ တစ်ခုကို အဓိကထားမဖတ်ပဲ Java ကို သိအောင် ဖတ်မယ်ဆို Sun Java က Tutorials တွေကို အကြိုက်ဆုံးပါပဲ။ အဲ့ဒီက Tutorials တွေက Java စပြီး လေ့လာသူတွေ အတွက်လည်း သင့်တော်သလို၊ Java Language နဲ့  အလုပ်လုပ်ပြီး တစ်ခုခုဆို သိသလိုလို မသိသလိုလို ဖြစ်နေတတ်တဲ့ ကျွန်မတို့ လို လူတွေအတွက်လည်း သင့်တော့်ပါတယ်။

ဒီရက်ပိုင်းတော့ အလုပ်မှာ အားတဲ့ အချိန်လေး Java Tutorials လေးတွေ ပြန်ဖတ်လိုက်ဦးမယ်... ကျွန်မလုပ်လေ့ရှိတာက အဲ့ဒီ Sun က Tutorials ကို အဓိကထား ဖတ်ပြီး၊ နောက်အသေးစိတ် သိချင်တာလေးတွေ ရှိလာရင် Google အားကိုးပြီး ရှာဖတ်လိုက် ပါတယ်။ ကျွန်မ့ အတွက်တော့ အဲ့လို ဖတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပါတယ်။

ကျွန်မ ဖတ်လေ့ရှိတဲ့ Sun Java Tutorials လင့်ခ့်တွေပါ။

Sun Java Tutorials (Books)
Sun Java EE Tutorials
Sun Java WebServices Tutorials
Other Resourcss For Java Programmers

Sun Tutorials တွေ ပြန်ကြည့် ဖြစ်မှပဲ.. Sun မှာ Java Tutorials' Blog ဆိုပြီး အသစ် လုပ်ထားတာကို တွေ့ လိုက် ရတယ်.. အဲ့ဒီမှာ Sun က Java Tutorials တွေနဲ့  ပတ်သတ်တဲ့ သတင်းတွေကို တင်ထားပေးတဲ့ အတွက် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်မ အတွက်တော့ နောက်ဖတ်စရာ Technical Blog တစ်ခု တိုးလာတာပေါ့။

No comments: