ရှေ့ မှာ ပိတ်ကာ တားဆီးနေတဲ့ အရာတွေကို ဖယ်ရှား .. ရှေ့ ဆက်ဖို့  ကြိုးစားရင်း.....

Block ဖြစ်နေတာတွေဖယ်ဖို့  စဉ်းစားတဲ့အခါ.. ဟိုးရှေ့ ကိုရောက်ဖို့ သာထက်သန်နေတဲ့ စိတ်တွေကို ထိမ်းချုပ်၊ နောက်ပြန်ဆုတ်ဖို့ လိုရင် ပြန်ဆုတ်၊ ပတ်ဝန်းကျင် တစ်ခုလုံး ဖြစ်နေတာတွေ အကုန် မြင်အောင်ကြည့်... လုပ်စရာရှိတာတွေ ကို စနစ်တကျစီစဉ် လုပ်ကိုင်ပြီး အတားအစီး အားလုံးကို ဖယ်ရှား ဟိုး.. ရှေ့ ဆုံး သွားရမယ့် နေရာကို ရောက်အောင် သွားလိုက်ပါ။
ဘ၀မှာ ကြိုးစားရလို၊ ဒီမှာလည်း ကြိုးစား... တစ်နေ့  အသွား အပြန် ၁၀ မိနစ်လောက်စီလောက် အချိန်ပေး လိုက်တယ်။ အခု Beginner Level 400 ပြီးသွားပြီ။ Intermediate Level 400 နဲ့  Bonus Level 400 ကျန်သေးတယ်။ ဒီဟာလေး မဖျက်ပဲ ထားလိုက် အုံးမယ်။
သိပ်ပြီး ခေါင်းရှုပ်မခံချင်တာနဲ့  အရင်ဆော့နေကြ ဆူဒိုကူးတောင် ရပ်ထားတာ အတော်ကြာပြီ။ ဖုန်းနဲ့  ဂိမ်းဆော့လေ့ သိပ်မရှိဘူး။ ဖုန်းဆိုတာ စကားပြောဖို့ ထားတာဆိုတော့ ဂိမ်းဆော့ဖို့ မဟုတ်ဘူးလေ။ ;) ဂိမ်းဆော့ရင် ဖုန်းအားကုန်တာ မြန်တယ်။ ဒါကြောင့် ဖုန်းမှာ ဂိမ်းတွေ သီးသန့်  လိုက်ရှာ မသွင်းဖြစ်ဘူး။ သူငယ်ချင်းတွေ ဆော့နေတာ မြင်မှ စိတ်ဝင်စားတယ်ဆို ဂိမ်းနာမည်မှတ်ထားပြီး စမ်းကြည့်လေ့ ရှိတာ။ မကြိုက်ရင် ပြန်ဖျက် လိုက်တယ်။ ပြီးခဲ့တဲ့ သောကြာညနေပိုင်း ညစာ သွားစားရင်း သူငယ်ချင်းတစ်ယောက် အဲဒီဂိမ်းဆော့နေတာတွေ့ တာနဲ့  စိတ်ဝင်စားသွားတယ်။ တနင်္လာညနေပိုင်း အလုပ်အပြန်လမ်းမှာ စဆော့ကြည့်တယ်။ မဆိုးဘူး။ လွယ်တယ်။ Relax ပဲဆော့ပါတယ်။ စိတ်အပင်ပန်း မခံဘူး။
လက်ရှိ ဖုန်းထဲမှာ ရှိနေတဲ့ ဂိမ်း ဒါအကုန်ပဲ။

Unblock Me - Free Game
2 comments:
နေနေရေ အဲဒီဂိမ်းလေးခုမှာ တို့နဲ့ နှစ်ခုတူတယ်။ Unblock me & Sudoko :). ပြီးတော့ အကြိုက်ဆုံး နှစ်ခုပဲ။
အစ်မနေနေ အဲဒီ Unblock Me ကနည်းသိရင် level 20 30 လောက်ကခဏလေးဘဲ..။ ဥပမာ..အတုံးတစ်ခုကို ရွှေ့လိုက်ရင် သူ့နေရာကို နောက်တစ်တုံးက ၀င်ကိုဝင်ရမယ်..။ အဲသလိုလုပ်ရင်းနဲ့ နောက်ဆုံးကျ ထွက်ပေါက်ပေါ်လာတယ်..။ တစ်ခါတစ်လေ ထွက်ပေါက်ပေါ်နေတာတောင် မသိဘူး..ဆက်ရွှေ့လို့ကောင်းတုန်း..။ ;D
Post a Comment