ကျွန်မ လက်ရှိအသုံးပြုနေတဲ့ Zawyi Unicode က ကိုမောင် ခေါ် ကိုရဲ ရဲ့ ဘလော့မှာ ပေးထားတဲ့ ဖိုင်ကို Download ယူပြီး သုံးနေတာပါ။ ကျွန်မ အတွက် သုံးရတာ အဆင်ပြေတယ်။ Windows 7 Enterprise Edition (32-Bit) OS မှာ သုံးနေခြင်း ဖြစ်ပါတယ်။
ဘလော့ပိုင်ရှင် ရေးထားတာအရဆို ပထမ Windows Vista အတွက် ရရးထားတာ၊ နောက်တော့ Windows 7 မှာလည်း ရတယ် ဆိုပြီး Update လုပ်ထားတယ်။ Install လုပ်ရတာ လွယ်ပါတယ် အဲဒီက Zip ကို Download လုပ်၊ ပြီးတော့ အထဲမှာတွေ့ တဲ့ Setup ဖိုင်ကို နှိပ်လိုက်ရင်ရပြီ။
အဲဒီဘလော့မှာ ရှယ်ယာလုပ်ပေးထားတဲ့ Zawgyi Unicode Installer ကို Windows 7 64-Bit သာမက တခြား OS တွေမှာပါ အသုံးပြု လို့ ကြောင်း ရေးသာထားတာ တွေ့ ရပါတယ်။ အဲဒီ ဆိုဒ်မှာ Windows 7, ZawGyi Unicode နဲ့  ပတ်သက်တဲ့ တခြား ပိုစ့်လေးတွေလည်း တွေ့ မိတယ်။
* * * * * * * *
ကျွန်မ အနေနဲ့  Zawgyi Unicode/Fonts တွေကို သာမန် User တစ်ဦးအဖြစ်နဲ့ သာ အသုံးပြုတတ်သူ ဖြစ်တာကြောင့် ကိုယ်အသုံးပြုနေတဲ့ အရာ၊ အင်တာနက်ပေါ်မှာ ကို Google အားကိုးနဲ့  ရှာလို့  တွေ့ မိတဲ့ နေရာတွေကို ပြန်ညွှန်းပေးခြင်းမျှသာ ဖြစ်ပါတယ်။ ပထမ တစ်ခုက ကိုယ်နဲ့ အဆင်ပြေနေတော့ နောက်တွေ့ တဲ့ Installers တွေ တစ်ခုနဲ့ တစ်ခု ဘာကွာလဲ ဆိုတာမျိုးကို သိဖို့  အချိန်ယူ စမ်းသပ် ကြည့်တာမျိုးတောင်မှ မလုပ်ဖြစ်ခဲ့ ပါဘူး။အားလုံးပဲ.. တခြား Installer လေးတွေ သိတာ၊ ထူးတာ၊ ကောင်းမွန်တာလေးများ ရှိတယ်ဆို ပြန်လည် မျှဝေသတင်း ပေးကြပါလို့  တောင်းဆိုချင်ပါတယ်..
Other Related Posts:
Firefox 3, Arial Font and ZawGyi Unicode
7 comments:
Windows 7 OS မရှိသေး.
Zawgyi Keyboard L installer ကိုသုံးရင်လည်း အဆင်ပြေမယ် ထင်ပါတယ် ။ zawgyi.net ကနေပဲ ယူလိုက်တာပဲ ၊ သွင်းရင် run as administrator အနေနဲ့သွင်းရင် ရမယ်ထင်တယ် ။ သိတာလေး ပြောတာပါ ။
ခမမ
ty NN :)
ကျွန်တော်လက်ရှိသုံးနေတာတော့ ခမမ ပြောတဲ့ Zawgyi Keyboard L installer ဘဲဖြစ်ပါတယ်။ zawgyi.net ကနေဘဲ ရယူပါတယ်။ 64 bit မှာလဲ အဆင်ပြေပါတယ်။
link is broken
ဘယ် Link ကိုပြောတာပါလဲ။ စမ်းကြည့်တာတော့ ဒီပိုစ့်က Link တွေအကုန် အဆင်ပြေပါတယ်။
အမပေးတဲ့ လင့်ကရပါတယ် အဲဒီလင့်မှာမှ ဒေါင်းတော့ မရတော့တာ အခုတော့ တခြားလင့်က အဆင်ပြေသွား ပါပြီ ဘာပဲဖြစ်ဖြစ်ကျေးဇူးပါ.... :D
btw, full of food fotos :)
Post a Comment