Pages

October 04, 2007

Outsourcing! We are just a continent away

ဒီနေ့ တော့ movie chip လေးတစ်ခုကြည့်ပြီး ရယ်ဖြစ်သွားတယ်။ ရယ်လိုက်တော့ စိတ်တင်းကျပ်မှုတွေ နည်းနည်းတော့ လျော့သွားတာပေါ့။US မှာနေထိုင်သူတစ်ယောက်ကို "We are just a continent away" လို့ နောက်ဆုံးမှာ ပြောပြီး ကူညီဖို့  ဖုန်းဖြေကြားနေတဲ့ Operator က India ကပါ။ အသေအချာ နားထောင်ကြည့်မယ်ဆို အဲ့ဒီ Operator က တစ်ချိန်ထဲမှာ service အများအပြားကို ကူညီဖြေကြား ပေးတာတာဖြစ်ကြောင်းသိရတယ်။ Service တွေကတော့ အစုံပါပဲ။

ဒါလေးကြည့်ရင်း ရှိသမျှ US က Services တွေ အကုန်လုံးရဲ့ HelpDesk, Information Service မှန်သမျှကို India ကိုပဲ Outsourcing ပေးထားသလားထင်နေရအောင် တစ်ခုခုသိချင်လို့ ပဲဖြစ်ဖြစ်၊ အကူအညီလိုလို့ ပဲဖြစ်ဖြစ်၊ Customer Service ဖုန်းနံပါတ်တွေ ခေါ်လိုက်ရင် Indian တွေနဲ့ ပဲ တိုးနေရတယ် ဆိုတဲ့ သူငယ်ချင်းတွေ ငြီးကြတဲ့ စကားကို သတိရမိတယ်။။ တစ်ခါလည်း သူငယ်ချင်းတစ်ယောက်က သူအိမ်ပြောင်းလို့  အင်တာနက် service လျှောက်တာ ပြဿနာတတ်နေလို့  Live chat လုပ်ပြီး မေးစရာရှိတာတွေ မေးရင်း တဘက်ကလူကို ဘယ်ကနေ ချက်နေတာပါလဲ မေးလိုက်တော့ India ကပါလို့  ပြန်ဖြေတာကြုံဖူးတဲ့အကြောင်း ပြောဖူးတယ်။

ခုနောက်ပိုင်းဆို နိုင်ငံကြီးတွေမှာ လူကိုယ်တိုင်ကိုယ်ကျ သွားရောက်လုပ်ကိုင်ဖို့ လိုတဲ့ ကိစ္စမျိုးတွေမဟုတ်ရင် ဈေးသက်သာတဲ့ နိုင်ငံတွေကို Outsourcing ပေးနေကြတာများပါတယ်။ အထူးသဖြင့် Helpdesk လို အလုပ်မျိုးဆို အင်္ဂလိပ်လို အပြော၊အရေး မဆိုးဘူးဆိုရမယ့် အိန္ဒိယလို ဖိလစ်ပိုင်လို နိုင်ငံမျိုးတွေကို Outsourcing ပေးတာများပါတယ်။ အဓိကတော့ အိန္ဒိယဖြစ်တယ်ဆိုတာ အားလုံးသိနေပြီးသားပါ။

Credit to THKZ
Other Links:
ADG Security: We're Just a Continent Away!(YouTube)

No comments: