Pages

October 15, 2007

14 October 2007

တနင်္ဂနွေ မနက်စောစော ထပြီး ဘုန်းကြီးကျောင်းသွားဖြစ်တယ်။ စနေညက မနက် ၄ နာရီ ကျော်လောက်မှ အိပ်ဖြစ်ပေမယ့် တနင်္ဂနွေမနက် ၇ နာရီလောက် နိုးလာတယ်။ ပုံမှန်ဆို ဘယ် အဲ့ဒီအချိန်နိုးနိုင်ပါ့မလဲ။ မတွေ့ တာ အတော်ကြာပြီး ဖြစ်တဲ့ သူငယ်ချင်း တစ်ယောက်က ဒီနေ့ မှာ ဘုန်းကြီးကျောင်း သွားရအောင်လို့ ကြိုမှာထားပြီး၊ ဘယ်အချိန်သွားမယ် သေချာ မပြောရသေးတာကြောင့် စိတ်စောပြီး စောစောနိုးလာတာပါ။ ဒါနဲ့  သူငယ်ချင်းကို ဖုန်းဆက် ပြီး တွေ့ မယ့်နေရာ၊ အချိန် ပြောလိုက်တယ်။ ၈း၃၀ ဘုန်းကြီးကျောင်းအရောက်သွားမယ် မှန်းထားပေမယ့် ကျွန်မ နောက်ကျနေတာနဲ့  တကယ်တန်း ဘုန်းကြီးကျောင်း ကို ရောက်တဲ့အချိန်မှာ ၉ နာရီ ထိုးခါနီးနေပါပြီ။

At Toa Payoh Monastery - 14 October 2007

လူသားအားလုံး အချင်းချင်း လှည့်ပတ်ခြင်း၊ ဖိနှိပ်ခြင်း ၊နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းမှ ကင်းရှင်းကြလို့  ဘေးဥပါဒ် ရန်အပေါင်းမှ ဝေးကွာကာ ကိုယ်စိတ်နှလုံး ငြိမ်းချမ်းမှု့ရကြပါစေ။

No comments: