The Spanish Historical Ship: The Nao Victoria (16th century)
@
Vivo City (Singapore)
ဒီမနက် Vivo City ကိစ်စရှိလို့  သွားရင်း ရုပ်ရှင်တွေ၊ ကာတွန်းတွေ ထဲကလို စပိန် ရှေးဟောင်း သင်္ဘောတစ်စီး ကမ်းစပ်မှာ ရပ်ထားတာ တွေ့ ခဲ့ရတယ်။ သင်္ဘောပေါ် တတ်ကြည့်လို့ ရပေမယ့် အချိန်သိပ်မရလို့  ၀င်မကြည့်ဖြစ်ခဲ့ဘူး။ အပြင်က ဓာတ်ပုံနည်းနည်းပဲ ရိုက်ဖြစ်ခဲ့တယ်။ အဲဒီနားမှာ ဓာတ်ပုံရိုက်နေတဲ့သူတွေ အများကြီးပဲ။ အချိန်ရတယ်၊ စိတ်ဝင်စားတယ်ဆို သွားကြည့် သင့်တယ်။@
Vivo City (Singapore)
သင်္ဘောပေါ် တတ်ကြည့်ခွင့်ပြုတဲ့ အချိန်...
From The Nao Victoria |
From The Nao Victoria |
ဒီအလံကြောင့် စပိန်သင်္ဘောမှန်းသိခဲ့တယ်..
From The Nao Victoria |
ခေါင်းတွေ့ ခေါင်းရိုက် ... အမြှီးတွေ့  အမြှီးရိုက်
From The Nao Victoria |
အပေါ်ထပ်က လှမ်းကြည့်တဲ့အချိန်မှည အဲဒီနားမှာ လူသိပ် မရှိသေးဘူး။ အောက်ဘက်ရောက်တဲ့ အချိန်ကြတော့ လူတန်းက နည်းနည်း ရှည်နေပြီ။ ထူးထူးဆန်းဆန်း အဲဒီလူတန်းထဲက လူအများစုက ဒီနိုင်ငံမှာတွေ့ နေကြ တရုတ်ကုလားတွေ မဟုတ်ကြဘူး။
From The Nao Victoria |
အဲဒီ စပိန်သင်္ဘောက ဟိုးရှေးဟောင်း သင်္ဘောပုံစံ တင်မကဘူး မူရင်းအရွယ် အစားအတိုင်း ဆောက်ထားတာဖြစ်ပြီး ခရီးသည် ၂၅ ယောက် စီးနှင်းလိုက်ပါနိုင် သိရတယ်။ နှစ်စီးဆောက်ထားတာတဲ့။ အခုတွေ့ တဲ့ Vivo မှာတွေ့ တဲ့ အစီးက ၁၆ ရာစု ပုံစံ၊ နောက်တစ်စီးက ၁၇ ရာစုပုံစံ (Name: The Galeón Andalucía)။ သင်္ဘောအကြောင်း အသေးစိတ်အချက်အလက်တွေ သိချင်တယ်ဆို ဒီဆိုဒ် မှာ ဖတ်ကြည့်လို့  ရပါတယ်။ Google လုပ်ကြည့်ထားတာ။ အင်တာနက်ပေါ်မှာ အဲဒီသင်္ဘောတွေရဲ့ ဓာတ်ပုံတွေလည်း အများကြီးတွေ့ တယ်။
Nao Victoria (16th Century)
6 comments:
http://sl.glitter-graphics.net/pub/934/934742gt8r5oa91c.gif
ခေါင်းတွေ ခေါင်းရိုက် ... အမြှီးတွေ အမြှီးရိုက်
ဆိုတော့
"ခေါင်းကျက်ခေါင်းစား၊ အမြီးကျက် အမြီးစား " ဆိုတာ သတိရမိတယ် :P
"ခေါင်းကျက်ခေါင်းစား၊ အမြီးကျက် အမြီးစား " ဆိုတာ အနော်တို့ မဟုတ်ဘူး
အနော်တို့ က “ အမြီးစားအမြီးကျက် ၊ ခေါင်းစားခေါင်းကျက် “ .. မကျက်သေးခင်စားနေတာ စားနေရင်းမှကျက်ရတာ ဟိဟိ။
ကျေးဇူးပဲ နေနေ? မန်းဒေးက ဗီဗို ရောက် တော့ သင်းဘောကို တွေ့ခဲ့တယ် ? ဘာမှန်း မသိဘူး နေနေ ပြောမှ ပဲ သိတော့ တယ်
ဘယ်မှ မရောက်ပါဘူး.
အမှန်က ဘလော့တို့ ဖဘတို့လဲ တို့မလုပ်သင့်ဘူး. ကိုယ့်အရွယ် ကိုယ့်ဘာသာဘဲသီးခြားနေသင့်တယ်။ မနေနိုင်လို့ နေနေနိုင်ရယ်.................
Post a Comment