Pages

March 31, 2015

Shan Noodles

ပုံမှန်ဆို ရှမ်းခေါက်ဆွဲ စားလေ့မရှိဘူး။ မကြိုက်ဘူး။ မဖြစ်မနေ စားရတောင် တစ်ဇွန်း၊ နှစ်ဇွန်းထက်ပို မစားဖြစ်ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေ့ နေ့ က စားခဲ့ရတဲ့ ဒီရှမ်းခေါက်ဆွဲကိုတော့ ကြိုက်တယ်။ စားလို့ ကောင်းလို့  တစ်ပန်းကန်လုံး ကုန်အောင်စားဖြစ်ခဲ့တယ်။ ချက်ပြုတ် ပြင်ဆင်ကျွေးတဲ့သူ စေတနာကောင်းလို့  စားလို့  ပိုကောင်းတာလည်း ဖြစ်မယ်။

From Burmese Food


ပထမဆုံးအကြိမ် ရှမ်းခေါက်ဆွဲကို နှစ်သက်စွာနဲ့ တစ်ပန်းကန်လုံးကုန်အောင် စားဖြစ်ခဲ့ခြင်း အမှတ်တရ ဒီမှာလာမှတ်ထား လိုက်တယ်။

သေချာနှံ့အောင်နယ်ပြီးမှ စားရတယ်ဆိုလို့  အားပါးတရ (တူ သုံးပြီး) နယ်လိုက်တာ ဒီပုံထွက်သွားတယ်။ အစုံပါအောင်ထည့်ထားပေးတာလို့ ပြောတယ်။ ဆီတို့ ဖူးတော့ လုံးဝ မစားတတ်လို့ ထည့်မပေးဘူး။ ဂျူးမြစ်ချဉ်လည်း ပါတယ်။ ဓာတ်ပုံထဲမှာ မမြင်ရဘူး ဖြစ်နေတယ်။

From Burmese Food

No comments: