Pages

December 31, 2013

The last lunch of 2013

၃၁-၁၂-၂၀၁၃..
ထုံးစံအတိုင်း ဒီနေ့  နေ့ တစ်ဝက် အလုပ်လုပ်ရတယ်။ အလုပ်က အပြန်မှာ အထက်လူကြီးဟောင်းက နေ့ လည်စာ လိုက် ကျွေးမယ်ဆိုခေါ်တယ်။ တကယ်ဆို မသွားချင်ဘူး။ ဒါပေမယ့် လူမှု့ ပေါင်းသင်းဆက်ဆံရေး ဆိုတာကြီးက ရှိသေးတော့လည်း သွားချင်တာ မသွားချင်တာ အသားထား လိုက်သွားစားရတော့တာပေါ့။ အသက်ကြီးလာလေလေ လုပ်ချင်တာ မလုပ်ရ၊ လုပ်သင့်တာ လုပ်နေရတာများလာ လေလေ ဖြစ်မယ်ထင်တယ်။

စားသောက်ဆိုင်ကို နေ့ လည် ၁၂း၃၀ လောက် ရောက်သွားတာ ပြောရင်းစား၊ စားရင်းပြော လုပ်ရတာ ဆိုင်ကထွက်လာတော့ ၃ နာရီ ရှိပြီ။ စားဖို့ ထက်စာရင် စကားပြောဖို့ က အဓိကလို့ ပြောရင် ရမယ် ထင်တယ်။

From Everything


From Everything

အများကြီး မစားနိုင်ဘူး။ ဒါပေမယ့် ပုဇွန်ကြိုက်လို့  ပြန်ခါနီးမှာ နောက်တစ်ခေါက်သွားယူစားရင်း လှတပတလေး ဖြစ်အောင် ထည့်လာတယ်။ ဒီလိုပဲ စိတ်ကူးတည့်ရာလုပ်ပြီး စိတ်ချမ်းသာအောင်နေရတယ်။ ပုဇွန် နှစ်ကောင်ဆို အသည်းပုံ တစ်ခုရတယ်။လေးကောင်ဆိုတော့ အသည်းနှစ်ခု။
From Everything

ကျန်းမာရေးနဲ့  ညီညွတ်အောင် အသီးအနှံလေး စားလိုက်အုံးဆို တိုက်တွန်းတာကြောင့် ဒီလောက်သွား ယူစားလိုက်ရတယ်။ ဗိုက်ပြည့်နေပြီ။ လူကြီးတွေနဲ့  ထမင်းစားရတာ မလွယ်ဘူး။

From Everything
ဒီညနေ အသိတစ်ယောက် အိမ်မှာ ညစာ သွားစားရအုံးမယ် ဆိုတော့ ဗိုက်ထဲ နေရာ ချန်ထားရသေးတယ်။ ညစာကလည်း ကောင်းမယ် ထင်တယ်။ Spaghetti ကို လက်စွမ်းပြပြီး special ချက်ကျွေးမှာတဲ့။

နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကြိုတဲ့ အနေနဲ့  ဒီနေ့  တစ်နေကုန် အစားများများပြီး စိတ်ချမ်းသာ လူကျန်းမာအောင်နေရမယ်။

No comments: