Pages

December 30, 2013

The fruit called Star Apple

သစ်သီး တစ်မျိုး။ အရင်က တစ်ခါမှ မသိ၊ မစားခဲ့ဖူးဘူး။ သူငယ်ချင်းတစ်ယောက် ယူလာပေးလို့ မြင်ဖူး စားဖူးသွားကြတယ်။ အားလုံး စားရအောင်ဆို အများကြီး ယူလာပေးတယ်။

တကယ်ဆို စားနေတုန်း မျက်နှာအမူအယာ ဘယ်လိုပြောင်းလဲသွားတယ် သိအောင် လေးရိုက်ထားလိုက်ရမှာ။ ခုတော့ ရိုက်ဖြစ်ခဲ့တဲ့ အသီးဓာတ်ပုံတွေပဲ မှတ်ထားလိုက်တယ်။

အသီးက အနီနဲ့  အစိမ်းမျိုးဆိုပြီး အရောင်နှစ်မျိုးရှိတယ်ပြောတယ်။ ခုစားကြည့်တာကတော့ အစိမ်းရောင် အသီးမျိုး။

From StarApple

ပုံကြည့်ပြီးတော့ အခွံမာ အသီးလို ထင်တာ မဟုတ်ဘူး။ ကိုင်ကြည့်တော့ အခွံက ခပ်ပျော့ပျော့ပဲ။ အထဲက အသားကလည်း ခပ်ပျော့ပျော့ဆိုတော့ အသီးကို သရက်သီးစတဲ့တခြားအသီးတွေစားသလို အခွံနွာပြီး စားလေ့မရှိဘူး ပြောတယ်။ ဘယ်လိုစားလေ့ရှိကြလည်းဆို အသီးကို နှစ်ခြမ်းခွဲပြီး ဇွန်းနဲ့ ခြစ်စားတယ်။ ဒါမှမဟုတ် လေးစိတ်စိတ်ပြီး အထဲက အစားကို ကိုက်စားတယ်။ ရှောက်ချိုသီး စားသလိုမျိုး။ အခွံ မစားရဘူး။

နှစ်မျိုးလုံး စားကြည့်ဖြစ်တယ်။ နှစ်ခြမ်းခြမ်းပြီး ဇွန်းနဲ့  ခပ်စားရတာကို ပိုကြိုက်တယ်။ စားလည်းပြီးတော့ အခွံက ခွက်လေးပုံစံ ကျန်ခဲ့တယ်။

From StarApple

အရသာက ချိုတယ်။ ကျွန်မ အတွက်တော့ အဲ့ဒီအသီးအရသာက သြဇာသီး အရသာနဲ့  ဆင်တယ် ခံစား ရတယ်။ အဖြူရောင် အစေးနေရာစားမိရင် နည်းနည်း ဖန်တယ်။ တခြား သူတွေ ကတော့ ကြိုက်ကြတယ်။ စားကောင်းတယ်လို့  ပြောတယ်။

အစေ့ယူပြီး အပင်စိုက်ကြည့်ရင်ကောင်းမလား စိတ်ကူးမိကြတယ်။ ဒီနိုင်ငံမှာ အဲဒီစိတ်ကူး အကောင်အထည်ဖော်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ ရန်ကုန်မှာဆိုရင်တော့ အစေ့ကို ပျိုးထားဖြစ်မှာ သေချာတယ်။

From StarApple
Google ကနေ လိုက်ရှာဖတ်ကြည့်တော့ ဒီအသီးက Central America ကလို့ သိရတယ်။ ဖတ်မိသလောက် အာရှမှာ ဗီယက်နမ် (Vietnam) နဲ့  ဖိလစ်ပိုင် (Philippines) ထင်ရှားတယ်လို့  စားလေ့ရှိတယ် သိရတယ်။ တခြားနိုင်ငံတွေမှ ရှိမရှိ မသိဘူး။

Reference:
YouTube မှာတွေ့ တဲ့ Star Apple ဘယ်လို စားရလဲဆိုတာ How to Eat A Star Apple by Big Island Farm Fresh Foods
ဗီယက်နမ်တွေ ပြောလေ့ရှိတဲ့ Vú Sữa အကြောင်း Vú Sữa-Milky fruit-a thoughtful story
Wiki: မှာတွေ့ ရတဲ့ အချက်အလက်တွေ Chrysophyllum cainito
Scientific Name:Chrysophyllum cainito
Common Names: Star Apple, Vú Sữa (Vietnam), Swarnapathry(Malayalam), Golden-leaf tree (English), Caimito, Estrella, Caimo morado, Caimito maduraverde, (Spanish), Cainito, Ajara (Portuguese), Caimite, Caimitier (French)
Family: Sapotaceae
Relatives of Caimito: mamey sapote, green sapote, abiu, and canistel.
Origin: West Indies and Central America.
Distribution: Caimito is found throughout the Caribbean Region, Central America, northern South America, Australia, and some countries of Southeast Asia and Africa. History: Caimito was observed growing by Spanish explorers in Peru during the 1500s. Seeds were introduced into Hawaii in 1901 and into Florida around 1887. During the 20th century it was distributed to parts of Asia and Africa.

No comments: