Pages

September 05, 2007

နာခံမှုကို စမ်းစစ်ခြင်း - မိုးသီးဇွန်

ဒီစာအုပ်ထွက်ပြီးဆိုတဲ့ အကြောင်း မဇ္ဈိမအင်တာနက် စာမျက်နှာမှာတွေ့ လိုက်ရထဲက စိတ်ဝင်တစားနဲ့  ဖတ်ချင်နေခဲ့တာပါ။ ဒီမနက်တော့ အဲ့ဒီစာအုပ်ကို ရေးသားသူ ကိုမိုးသီးဇွန်ရဲ့ ခွင့်ပြုချက်နဲ့  ရွက်မွန်စာမျက်နှာမှာ တင်ထားပေးတာ တွေ့ လိုက်ရတဲ့ အတွက် အရမ်းကို ၀မ်းသာသွားမိတယ်။ ကျွန်မလိုပဲ အဲ့ဒီ စာအုပ်ကို ဖတ်ချင်နေသူတွေ သိရှိပြီး ဒေါင်းလုတ်လုပ်ယူ၊ ဖတ်ရှုနိုင်အောင်လို့  သတင်းပေးလိုက်ပါတယ်။

၈၈ ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုမိုးသီးဇွန်ရဲ့ လောကနီတိကို ဝေဖန်ထားတဲ့ စာအုပ်။ လောကနီတိမှာ ပါတဲ့ အာဏာရှင်စနစ်ကို အားပေးတဲ့ အယူအဆတွေ၊ အကြောက်တရား၊ လက်စားချေမှုနဲ့ ရန်လိုမှုတွေ သွပ်သွင်းထားတဲ့ ရှေးဟောင်း ဟိန္ဒီ နိုင်ငံရေးနဲ့ လူမှုရေး အယူအဆတွေကြောင့် ဝေဖန်ရတယ် ဆိုတဲ့ စာရေးသူရဲ့ အယူအဆ။ နှစ်ပေါင်း တထောင်နီးပါးမှာ လောကနီတိကို ပထမဆုံး စိန်ခေါ်လိုက်တဲ့ စာအုပ်။


ဒီစာအုပ်ကို ၀ယ်ယူချင်တယ်ဆို ဒီလိပ်စာကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

နာခံမှုကို စမ်းစစ်ခြင်း
တန်ဖိုး - ၁၀ ဒေါ်လာ
မှာယူလိုပါက
The Irrawaddy Brother
P.O Box – 51
Maesot, Tak – 63110
Thailand
Email: iwd@csloxinfo.com

စာအုပ်ရေးသားသူ ကိုမိုးသီးဇွန် နဲ့  ရွက်မွန်စာမျက်နှာကို အထူးကျေးဇူးတင်ပါတယ်။

Credit to THKZ

Releated Link:
Mizzimaburmese - Moe Thee Zon's Book

No comments: