Pages

September 27, 2007

ငွေကြာရံဘုန်းကြီးကျောင်းအား ၀င်ရောက်ရိုက်နှက်ဖမ်းဆီး

ညက တောင်ဥက္ကလာက ငွေကြာရံဘုန်းကြီးကျောင်းကို စစ်သားတွေဝင်ရောက်ပြီး ဘုန်းတော်ကြီးတွေကို အကြမ်းဖက် ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်း ကြားခဲ့ရတယ်။ မယုံနိုင်စရာ သတင်းတစ်ခု ဖြစ်ပေမယ့် နေရာစုံကနေပြီး အဲ့ဒီ သတင်းဟာ မှန်ကန်ကြောင်း confirm လုပ်တဲ့ သတင်းပေးချက်တွေ ကို တွေ့ နေခဲ့ရတယ်။ အခုတော့ မိုးမခ ဘလော့မှာ သက်သေအဖြစ် ဓာတ်ပုံတွေနဲ့  တကွ တင်ပေးထားတာတွေ့ ရပါတယ်။ ညကြီးမိုးချုပ်မှာ ဘုရားသားတော် ဘုန်းတော်ကြီးများကို အကြမ်းဖက် ၀င်ဖမ်းတယ်ဆိုတာ တကယ့်ကို ယုတ်မာ ရိုင်းစိုင်းချက်ကတော့ ကမ်းကုန်လွန်းနေပြီးလို့  ဆိုရမယ်။


မနေ့ ညက စစ်သားတွေ ၀င်ဆီးသွားခြင်းခံရတယ်ဆိုတဲ့ ဘုန်းကြီးကျောင်းများစာရင်းပါ။ ( နစ်နေမန်း cBox ကတွေ့ တာပါ)
  • ဘုန်းကြီးကျောင်းများ ငွေကြာရံ(တောင်ဥက္ကလာ)၊ စစ်ကိုင်း (သုဝဏ္ဏ) ၊ မိုးကောင်း(တောင်ဥက္ကလာ)၊ သိပ္ပံ(ရွှေဂုံတိုင်) ၊ မဂ္ဂင်(သင်္ဃန်းကျွန်း)၊ သိမ်ဖြူဂုံးဆင်းက ဘုန်းတော်ကြီးကျောင်း
  • ငွေကြာရံမှာ မနက်က ထွက်ပြေးလွှတ်မြောက်သွားတဲ့ဘုန်းကြီးတွေပြန်ရောက်နေကြပီ ။ အဲဒီဘုန်းကြီးတွေ ဆွမ်းစားနေတဲ့အချိန်ကိုအခုပြန်ဝင်ဖမ်းနေတယ်မိုးပေါ်ကိုသေနတ်ပေါက် ပီး ပြန်လည်ဝင်ဖမ်းနေပါတယ် (((ခိုင်လုံသောသတင်း))) ထို့ ကြောင့်လူထုက ငွေကြာရံကျောင်းမှ လုံခြုံရေးတပ်ကို ၀ိုင်းထားသည်ဟု သိရသည်။

1 comment:

Anonymous said...

there even hav video interview about that nite in monestery.
at http://www.channelnewsasia.com/video
under 28 sep
the title is
Japan to keep aid to Myanmar despite killing of Japanese journalist