Pages

September 27, 2007

Bloody Day - 27 Sept 2007

ဒီနေ့ ကို ... အားလုံးက ပြောနေကြတယ်... သွေးစွန်းသောနေ့ တဲ့ ... မနေ့ က သွေးစွန်းသော ဥပုသ်နေ့.. ဒီနေ့  အခြေအနေကတော့ မနေ့ ကထက်တောင် ပိုပြီးဆိုးရွားလှပါတယ်... ၂၆ ရက်ကုန်လို့  ၂ရ ရက်နေ့ အကူး အချိန်လေးမှာတင် ငွေကြာရံ ဘုန်းကြီးကျောင်းက သံဃာတော်တွေရဲ့ သွေးမြေကျရုံမက၊ တစ်နေ့ လုံးလည်း သံဃာတော်တွေ၊ ကျောင်းသားလူငယ်တွေနဲ့  ပြည်သူတွေရဲ့ သွေးတွေ မြေခခဲ့ရပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။

Bloody Day - 27 September 2007

CNN မှာ ကြေငြာသွားတဲ့ သတင်အရတင် ဒီနေ့  မြန်မာပြည်မှာ စစ်အစိုးရရဲ့ အကြမ်းဖက် ပစ်ခတ်မှု့ ကြောင့် ဂျပန်နိုင်ငံသား သတင်းထောက် တစ်ဦးအပါအ၀င် လူ ၁၀ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့  သိရတယ်။ ဂျပန်နိုင်ငံသား သေဆုံးတဲ့အကြောင်း သတင်းနဲ့  ဓာတ်ပုံကို ဒီမှာ ကြည့်နိုင်ပါတယ်။

တစ်နေ့ လုံး ဖတ်နေ၊ ကြားနေ ၊ ကြည့်နေရတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေအရ ပစ်ခတ်မှု့ တွေကြောင့် ဗမာပြည်သူတွေ လူအများအပြား သေဆုံးကြကြောင်း သိရတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကို စစ်တပ်က ယူဆောင်သွားကြောင်း သိရတယ်။ ဒီနေ့ အကြောင်းကို စစ်အစိုးရ သတင်းစာတွေကနေ ဘယ်လိုများ လိမ်ညာလှည့်ဖျားပြီး သတင်းမှားတွေ လွှင့်ဦးမလဲ မသိဘူး။ ထုံးစံအတိုင်း လူစုခွဲရုံ ခြိမ်းခြောက်တဲ့ အနေနဲ့  မိုးပေါ်ထောင်ပစ်တာပါလို့  ပဲ ပြောဦးမလား။ အခုဆို သူတို့ ဘယ်လောက် လိမ်ညာပြီး ပြောနေပါစေ။ ဘယ်သူမှ သူတို့ စကားကို ယုံကြည်ကြတော့မှာ မဟုတ်ပါဘူး။ ( အရင်ကလည်း ဘယ်သူမှ ယုံမယ်မထင်ပါဘူး။ အခုတော့ ပိုပြီး သက်သေ အခိုင်အလုံနဲ့ ပေါ့။ ) အခုရက်တွေမှာဆို ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကို အမှန်တရားကို ချစ်မြတ်နိုးတဲ့ ပြည်သူတွေရဲ့ စွန့် စား သတင်းယူနိုင်မှု့  တွေကြောင့် စစ်တပ်ရဲ့ ပစ်ခတ်မှုတွေ၊ သတ်ဖြတ်မှုတွေအကြောင်း သတင်းအမှန်တွေကို တကမ္ဘာလုံးသိအောင် အချိန်မခြား ဖြန့် ဝေလိုက်နိုင်ပါတယ်။ မြန်မာပြည်ထဲကနေပြီး သတင်းပေးပို့ သူတွေ၊ ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးသူ တွေ နဲ့  ဖြန့် ဝေသူ အားလုံးကို လေးစားစွာ ဦးညွှတ်လိုက် ပါတယ်။ ဒါပေမယ့် ဂရုစိုက်ကြပါ။ စစ်အစိုးရက သူတို့ သတင်းတွေ မပြန့် အောင် နည်းမျိုးစုံနဲ့ ကြိုးစားတားဆီးနေတယ်ဆိုတဲ့ အကြောင်း dvb မှာ ဖတ်လိုက်ရပါတယ်။ ပြည်တွင်းကလှုပ်ရှားမှု့ တွေ၊ သတင်း၊ အခြေအနေ အမှန်တွေ ကမ္ဘာကို ဖြန့် နိုင်ဖို့ ဆိုတာ ဒီအချိန်မှာ အရေးကြီးနေပါတယ်။ လျှို့ ဝှက်ကြပါ။ အလွန်သတိရှိစွာ လှုပ်ရှားဖို့ လိုနေပါတယ်။

Source : Reuters.com
Military officials release smoke canisters after firing upon a crowd of thousands, which took to the streets of Yangon's city centre to protest, September 27, 2007.

ဓာတ်ပုံတွေ၊ ဗီဒီယို အပိုင်းအစတွေ ကြည့်ရတာ အားလုံးရဲ့ ကြွေးကြော်သံတွေကို ကြားရတာ စိတ်ဓာတ်တွေ တတ်ကြွလာသလို ၊ တဖက်ကလည်း သွေးသန်ရဲရဲ ဓာတ်ပုံတွေ မြင်ရတဲ့ အခါတွေနဲ့  စစ်သားတွေရဲ့ အတင်း အားဓမ ဖမ်းဆီးခေါ်ဆောင်မှုကို ခံနေရသူတွေကို မြင်ရတာတော့ ၀မ်းနည်းဖို့ ကောင်းပါတယ်။ ဒါပေမယ့် လူထုအင်အားလျှော့မသွားပဲ လူတွေများသထက်များလာကာ ရှေ့ ဆက်ပြီး လူထုဆန္ဒတွေကို ဖော်ထုတ်ဖို့  ကြိုးပန်းနေကြတာကို သိရတော့ အားတတ်မိတယ်။ အောင်မြင်ကြပါစေ။

တွေးနေမိတာတစ်ခုရှိတယ်။ ဒီရက်ပိုင်းမှာ မနက်စောစော အိမ်ကထွက်ခွါသွားတော့ ကောင်းကောင်းမွန်မွန်နဲ့ ပေါ့၊ ဒါပေမယ့် ညနေမိုးချုပ် အိမ်ပြန်ချိန်တိုင်လို့ အိမ်ပြန်ရောက်မလာပဲ ဘယ်စီရောက်သွားမှန်းမသိ သတင်း စုံစမ်းမရပဲ လမ်းစပျောက်ဆုံး သွားသူတွေ ဘယ်လောက်များ ရှိနေပြီလဲ။ ဘေးကင်းကြပါစေ။ ပျောက်ဆုံး သွားသူတွေနဲ့  သူတို့ ရဲ့ မိသားစုဝင်တွေ ပြန်လည် စုံတွေ့ နိုင်တဲ့ နေ့ အမြန်ဆုံး ရောက်ရှိပါစေ။


Source : Mandalay Gazette

Monks Praying soldiers shooting in burma -2007-09-27 (YouTube)
Photos show 'death' of Japanese man in Burma - telegraph.co.uk
Myanmar troops threaten to shoot - reuters.com
သတင်းတွေမပြန့် အောင် ကြိုးစားနေတဲ့ စစ်တပ်ရဲ့ လုပ်ဆောင်မှု့ တွေ (dvb)
Protesters and police face off this morning on the streets of Rangoon -guardian.co.uk

No comments: