Pages

September 17, 2007

My Weekend

သောကြာနေ့  ညနေက စလို့  တနင်္ဂနွေ ညအထိ... တကယ်ဆို မထူးခြားပါဘူး..

ဒီတစ်ပတ် အားလပ်ရက်မှာ သောကြာနေ့ ည တစ်ညကလွဲရင် စိတ်ညစ်စရာမရှိ အေးအေး ဆေးဆေးပဲ ကုန်ဆုံးသွား ခဲ့တယ်ဆိုရမယ်။ အရာရာကို စိတ်ရှည် သည်းခံပါဆိုတဲ့ တည်ငြိမ်တဲ့ တိုက်တွန်း စကားတစ်ခွန်းကို ကြိုးစားနားထောင် ဖြစ်ခဲ့ပါတယ်။ သောကြာ ညနေအလုပ်က အပြန်မှာတော့ သူငယ်ချင်း တစ်ယောက်နဲ့  အပြင်သွား ဖြစ်ခဲ့ပေမယ့် စနေရော တနင်္ဂနွေရော ဘယ်မှ မသွားပဲ အိမ်မှာပဲ နေဖြစ်ပါတယ်။ အားလပ်ရက် တွေကို အိပ်ရေးဝအောင်အိပ်၊ စာအုပ်တချို့ ဖတ်၊ အေးအေးဆေးဆေး စကားပြော၊ အ၀တ်လျှော်၊ အိမ်ခန်းရှင်း၊ မ၀င်တာ ကြာပြီ ဖြစ်တဲ့ မီးဖိုချောင်ထဲဝင် ထမင်းဟင်းချက်စားပြီး သက်တောင့် သက်သာလေးပဲ ကုန်ဆုံးသွားစေ ခဲ့တယ်။ သီချင်းအတော်များများ နားထောင်ဖြစ်တယ်၊ သတင်းတွေတော့ အတော်များများ လိုက်ဖတ်ဖြစ်တယ်။ တကယ်ဆိုရင် ပျော်ရွှင်မှုကို အမြဲရှာဖွေလိုသူတွေ အတွက်ဆို ဘာမှ ထူးထူးခြားခြား မရှိပျင်းစရာ ကောင်းတဲ့ WeekEnd တစ်ခုလို့  ဆိုနိုင်ပါတယ်။ ဒါပေမယ့် စိတ်ရှုပ်စရာမရှိ တည်ငြိမ် အေးဆေးစွာ ဖြတ်သန်းခဲ့ရတဲ့ အားလပ်ရက်တွေ မို့  ဒီလို အားလပ်ရက်တွေကို ကျွန်မကတော့ သဘောကျ နှစ်ခြိုက်ပါတယ်။

အားလုံး ငြိမ်ချမ်းပျော်ရွှင်တဲ့ အားလပ်ရက်တွေကို အစဉ် ပိုင်ဆိုင်နိုင်ပါစေ။

2 comments:

MYO HAN HTUN said...

သြော် .... ငါ့ ညီမ နေနေနိုင် .. ရေ .. အကိုလည်း စနေ တနင်္ဂနွေဆိုတာ ဘယ်လိုများ ကုန်သွားသလဲလို့ စဉ်းစားရင်း တစ်ခါတလေ စိတ်ညစ်မိတယ် .. နာရီတွေများ ဆွဲလှည့်နေသလားလို့ အောင်းမေ့မိတယ် ..

ကိုတိုး

Nay Nay Naing said...

ကိုတိုးရေ ဒီတစ်ပတ်လည်း တူတူပါပဲ။ အချိန်ကုန်မြန်လိုက်တာ။