Pages

September 02, 2007

ခေါင်းစဉ်မရှိသော ကဗျာတစ်ပုဒ်

ဒီရက်ပိုင်း ဖတ်ဖြစ်တဲ့ ကဗျာတွေထဲက ကြိုက်နှစ်သက်မိတဲ့ ကဗျာတစ်ပုဒ်ပါ။ နောက်ပိုင်း ကဗျာတွေကို ဖတ်မိရင် ကဗျာရဲ့ သမိုင်းနောက်ကြောင်းကိုလည်း လိုက်ရှာကြည့်ဖြစ်တယ်။ ဒီကဗျာကို ချစ်ခင်သူတွေကို ဆုံးရှုံးလိုက်ကြရသူများကို အားပေး၊ နှစ်သိမ့်တဲ့ အခါတွေမှာ ပို့ ပေးလေ့ရှိကြပါတယ်။ ဒီကဗျာကို အင်တာနက်ပေါ်မှာ လိုက်ရှာကြည့်ရင် အမျိုးကွဲပေါင်းများစွာ တွေ့ ရမှာပါ။ ဒီကဗျာရေးသားသူ Mary Frye ဒီကဗျာကို သူ့  သူငယ်ချင်းမိခင်ရဲ့ အသုဘရှုသွားရင် ဖြစ်ပေါ်လာတဲ့ ခံစားချက်ပေါ်မူတည်ပြီး ရေးသားခဲ့ခြင်း ဖြစ်ကြောင်း ဖတ်ရပါတယ်။ ကဗျာအကြောင်းသိချင်ရင် ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။

Mary Elizabeth Frye (1905-2004)

Do not stand at my grave and weep,
I am not there, I do not sleep.
I am in a thousand winds that blow,
I am the softly falling snow.
I am the gentle showers of rain,
I am the fields of ripening grain.
I am in the morning hush,
I am in the graceful rush
Of beautiful birds in circling flight,
I am the starshine of the night.
I am in the flowers that bloom,
I am in a quiet room.
I am in the birds that sing,
I am in each lovely thing.
Do not stand at my grave and cry,
I am not there. I do not die.

ကဗျာလေးကိုဖတ်ပြီး အရင်တုန်းက ကျွန်မ ပြောတတ်တာတွေကို ပြန်တွေးမိတယ်။ ကျွန်မ နဲ့ ရင်းနှီးသူတွေကို ကျွန်မ သေဆုံးသွားတယ်လို့  ကြားခဲ့ရင် လူမလာနိုင်တောင် နောက်ဆုံးနှတ်ဆက်တဲ့ အနေနဲ့  ပန်းလှလှလေး တစ်ပွင့်လောက်တော့ ရောက်အောင် ပို့ ပေးကြပါလို့  ကျွန်မ ပြောလေ့ရှိတယ်။ ပန်းစည်းတွေ၊ ပန်းခြင်း အကြီးကြီးတွေကို ပြူးပြူးပြဲပြဲနိုင်တဲ့ ထင်တဲ့အတွက် ကျွန်မ မကြိုက်ပါဘူး။ နောက်ပြီး ကျွန်မပြောလေ့ရှိတာက ကျွန်မရဲ့ အုတ်ဂူလေးကိုလည်း ခရစ်ယန်သင်္ချိုင်းတွေမှာလို သေးသေးလေးလုပ်ပေးပါ။ ဘေးပတ်လည်မှာ ပန်းပင်လေးတွေ စိုက်ပေးထားပါလို့  မှာတတ်တယ်။ သူများတွေ အမြင်မှာ ကျွန်မရဲ့ အုတ်ဂူလေးကို လှပနေစေချင်တာကြောင့် ဖြစ်မယ် ထင်တယ်။ နောက်ပြီး အရင်က ကျွန်မတို့  အိမ်နားမှာရှိတဲ့ ခရစ်ယန်သင်္ချိုင်းမှာ ဒါတွေမြင်နေကြမို့ ဒီလိုမျိုးတွေ စိတ်ကူပေါက်ခဲ့တာ ဖြစ်ပါလိမ့်မယ်။
တကယ်တော့ ကျွန်မ သေဆုံးသွားပြီ၊ နောက်တဘ၀ကို ပြောင်းသွားပြီ ဆိုမှတော့ ဒီဘ၀က အကြောင်းအရာ တွေကို သိမှာမှ မဟုတ်တော့တာ။တကယ်တော့ လူတစ်ယောက် သေဆုံးသွားတယ်ဆို အဲဒီလူက ဘာမှ မသိနိုင်တော့ ပါဘူး။ ကျန်ရစ်သူတွေသာ ဘယ်တော့မှာ ပြန်လာမှာ မဟုတ်တော့တဲ့ ထွက်ခွါသွားသူရဲ့ အရိပ်တွေကို မမေ့နိုင်ပဲ တမ်းတနေမိကြတာပါ။ ရေးထားတာတွေက ကဗျာလေးနဲ့ တော့ မဆိုင်ပါဘူး။ စိတ်ထဲပေါ်လာတာတွေ ချရေးလိုက်တာ။

2 comments:

Nwai Hninn said...

I like this poem. Thanks for your sharing, sis .

Nay Nay Naing said...

Sis Nwai Hninn , I am glad to know that u like this poem..:)