Pages

September 07, 2007

မင်းတစ်ယောက်တည်း မဟုတ်ဘူး - ဇော်ဝင်းထွဋ်

အရာရာ အဆင်မပြေမှုတွေ များလာလို့  စိတ်ပျက်အားငယ်နေအချိန်တွေမှာ ဒီသီချင်းကို နားထောင်ကြည့်သင့် ပါတယ်။ တကယ်ဆိုရင် ဖြစ်ချင်တာတွေ မဖြစ်တဲ့ ဒီကမ္ဘာလောကကြီးမှာ အဆင်မပြေမှု တွေကြုံတွေ့ နေရတာ... ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး...

အေးစက်စက်မျက်နှာများ .. ပေါ့ပျက်ပျက် အတွေးအခေါ်များ
ရက်စက်တဲ့ အပြုအမူတွေအကြား...
မင်းတစ်ယောက်တည်း မဟုတ်ဘူး..

အားလုံးက သူစိမ်းတစ်ရံများ.. အသုံးနည်းတဲ့ မေတ္တာတရား
အသည်းဟတ်တက် အထီးကျန်နေသလား..
မင်းတစ်ယောက်တည်း မဟုတ်ဘူး..

မင်း.. မင်း.. ပေးခဲ့တဲ့ ထိခိုက်မှုများ..
ကိုယ်.. ကိုယ်.. စာနာမှု့ နဲ့  မျှဝေခံစား..
မင်းတစ်ယောက်တည်း မဟုတ်ဘူး..

ဘာမှ မင်းအားမငယ်နဲ့ .. စိတ်ဓာတ်လည်း ကျမနေနဲ့ 
ဖြစ်ချင်တာတွေ မဖြစ်တဲ့ ကမ္ဘာထဲ
မင်းတစ်ယောက်တည်း မဟုတ်ဘူး

သူများတွေလည်း မင်းလိုပဲ.. ကိုယ်လည်းပဲ မင်းလိုပဲ
ရှောင်တိမ်းမရတဲ့ ဒုက္ခတွေထဲ
မင်းတစ်ယောက်တည်း မဟုတ်ဘူး..

ဒီသီချင်းဟာ ကိုယ်ပိုင်သံစဉ် တေးတစ်ပုဒ်လို့  သိရတယ်။ သီချင်စာသားကို မင်းချစ်သူက ရေးသားပြီး၊ သီချင်းသံစဉ်ကိုတော ဇော်ဝင်းထွဋ်က ထည့်သွင်းကာ ဇော်ဝင်းထွဋ်ကိုယ်တိုင်ပဲ သီဆိုထားတာပါ။

မင်းတစ်ယောက်တည်း မဟုတ်ဘူး (MTV - YouTube)
စာသား မင်းချစ်သူ ၊ သံစဉ် ဇော်ဝင်းထွဋ် ၊ တေးဆို ဇော်ဝင်းထွဋ်

No comments: