အစက Window Vistaကို ခုမှပေါ်တဲ့ OS အသစ်လည်း ဖြစ်တာရယ်... Licensed Version ရမှာ ရယ်ကြောင့်သာ သွင်းကြည့်လိုက်တာပါ။ အသစ်ဆို စမ်းသုံးကြည့်ချင်တယ်။ ဒါပေမယ့် Priated Version ကိုတော့ မသုံးချင်ပါဘူး။ Microsoft က ထွက်တဲ့ OS တွေဆို သူက ထုတ်လိုက် သူများက breakလုပ်လိုက် သူက fix ပြန်လုပ်လိုက် နဲ့ ဆိုတော့ Licensed Version သုံးမှ Update အမြဲ လုပ်နိုင်တာမို့  သုံးရတာ အဆင်ပြေ ပါတယ်။ Priated Version သုံးရင် အကောင်ကိုက်ခံရဖို့ ပိုလွယ်တယ် ထင်တယ်..
Window Vista မှာက ပိုဆိုးပါတယ်။ အရင် Microsoft Windows တွေတုန်းက ကိုယ့်စက်မှာ Installation လုပ်ပြီး Activation မလုပ်ပဲ သုံးလို့ ရပေမယ့် ခု Window Vista မှာတော့ မရတော့ပါဘူး။ Installation လုပ်ပြီး၊ ရက် ၃၀အတွင်း Activation လုပ်ရ ပါတယ်။ မလုပ်ရင် ရက် ၃၀ ကျော်တာနဲ့ တချို့  Functions တွေ အလုပ် မလုပ်တော့ပါဘူး။ ဟိုတလောကတောင် Window Vista ကို National CD မှာ ၀ယ်ပြီး သုံးကြတယ့် သူတွေ၊ ရက် ၃၀ ကျော်ရင် သုံးလို့ မရတော့ဘူးဆိုပြီး ပြောနေသံတွေကြားရပါသေးတယ်။ ခု ကျွန်မ ကွန်ပြူတာမှတော့ Window Activation လုပ်ထားလိုက်ပါတယ်။

Vista က Hardware Requirement က အရမ်းများတယ်။ ကျွန်မထင်တာတော့ Graphic Card တောင်းတာ များတယ် ထင်တယ်။ ကျွန်မ့ကွန်ပြူတာမှာ Window Experience Index Score ကို ကြည့်လိုက်တော့ Rating 2.0 ပဲ ရှိတယ်။ ဘာလို့ လည်းသေချာကြည့်တော့ Graphics မှာ နည်းနေတာပါ။ အင်တာနက်မှာ လိုက်ကြည့်တာ ကျွန်မကွန်ပြူတာနဲ့  ကျန်တဲ့ Specifiaction တွေ အတူတူလောက်ရှိတဲ့ ကွန်ပြူတာ၊ ဒါပေမယ့် က Graphic Card Memory 256 ရှိတာဆို Rating 4.0 ကျော်ကျော်ရှိပါတယ်။ ကျွန်မလည်း Rating လေးတော့ ကောင်းစေချင်ပေမယ့် Graphic Card Memory 256 or 512 ရှိတာ ထပ်ဝယ်ပြီး၊ လက်ရှိ ရှိနေတဲ့ 128 ကို လွှတ်မပြစ်နိုင်ဆိုတော့ 2.0 နဲ့ ပဲ ဆက်သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။


ဒါပေမယ့် Rating 2.0 ပဲ ရှိတယ်ဆိုပေမယ့် Window Areo Feature ရပါတယ်.. ဘာရယ်တော့မဟုတ်ဘူး Vista က တခြား Windows တွေ နဲ့  သုံးရတာ အတော်လေးကွာခြားတယ်၊ ပြီးတော့ အဲ့ဒီ Areo Feature ကြောင့် ကြည့်ရတာ အရမ်းလှတယ် ထင်မိတယ်။ Frame လေးတွေက အရောင် ကြည်ကြည်လေးတွေ။ ခုမှ စသုံးလို့ သာ အချို့ ဟာတွေက အရင် Windows တွေနဲ့  မတူလို့  တမျိုးဖြစ်နေတာ နောက်ပိုင်းတော့ အဆင်ပြေသွားမယ် ထင်ပါတယ်



Related Link : Microsoft Window Vista ,
Window Vista : Compare Editions
4 comments:
သြော်အခုတော့ သူက ဗစ်စ်တာသုံးဖို့ ဗီဇာရသွားပြီပေါ့။ Graphicတော့ တော်တော်ကောင်းတယ်နော်။ ဒါပေမယ့် ငါလိုအပ်တဲ့ တချို့softwareတွေ ဒီအပေါ်မှာ အလုပ်မလုပ်ဘူးဟာ။
Windows Vista ရဲ့ Graphic ပိုင်းကတော့ တော်တော်လေး ကောင်းလာတယ်။ Effect တွေတော်တော်မိုက်နေတာကို တွေ့ရတယ်။ သူများတွေပြောတော့ Driver တွေ တင်တာ သိပ်အဆင်မပြေဘူးတဲ့။ တစ်ချို့ကလည်း USB Device တွေ၊ Bluetooth (ဘီလူးတု သရဲတု သစ္ဆေတု) တို့ အလုပ်လုပ်တာ အဆင်မပြေသေးဘူးလို့ ပြောသံ ကြားတာပဲ ဗျာ။
Home basic လေးသုံးကြည့်တာ graphic တော်တော်မိုက်တယ်နော်။ ဒါပေမဲ့ သုံးနေမကျလို့ မျက်စိထဲ တမျိုးပဲ။ အကုန်လုံးကို အားအားရားရား update လုပ်တတ်တာရယ်၊ application ဖြစ်ဖြစ် software ဖြစ်ဖြစ် ဖွင့်ရင် ဘာတွေစစ်မှန်းမသိ လျှောက်စစ်နေတာရယ်ကြောင့် loading time ကြာတယ်လို့ထင်တယ်။
ဘာပဲဖြစ်ဖြစ် အသစ်သုံးရတာ ပျော်စရာပေါ့။
Comments ပေးသူ အားလုံးကို ကျေးဇူးတင်တယ်..
Vista က Graphic မိုက်တာတော့ အမှန်ပဲ။ တစ်ခုခု click လုပ်ရင် popup ပေါ်လာပြီး ဆက်လုပ်မလား မေးတာကလည်း စိတ်ရှုပ်နေတဲ့ အချိန်ဆို တော်တော် စိတ်အနှောက်အယှက်ဖြစ်တယ်။ ကိုမျိုးကျော်ထွန်းပြောသလို့  တချို့  Software တွေက Vista ကို support မလုပ်သေးဘူးနဲ့ တူတယ်။ ဒီစက်မှာတော့ ဘာ Software မှ ထူးထူးခြားခြား မသွင်းရသေးတော့ သိပ်မသိသေးဘူး။ ဒါပေမယ့် sound card နည်းနည်း ပြဿနာတက်နေတယ် ထင်တယ်။ အဲ့ဒါ ရှင်းဖို့ ကြိုးစားနေတုန်းပဲ။
Post a Comment