Pages

March 29, 2007

အရိပ်ကောင်းသော သစ်တပင်

ဒေါက်တာစင်သီယာမောင် နဲ့  ထိုင်း-မြန်မာ နယ်စပ်က မယ်တော်ဆေးခန်း ဆို မြန်မာ့အရေး စိတ်ဝင်စားသူတိုင်း၊ နိုင်ငံရေးမှ မဟုတ်ပါဘူး၊ လူမှု့ ရေးလုပ်ငန်းတွေကို စိတ်ဝင်စားသူတိုင်း ကြားဖူးမှာပါ။ ဒေါက်တာ စင်သီယာမောင်ရဲ့ လုပ်ဆောင်မှု့ တွေနဲ့  မယ်တော်ဆေးခန်း အကြောင်းတွေကို အင်တာနက် သတင်းတွေမှာ အမြဲတွေ့ နေရပါတယ်။ လေးစားစရာကောင်းလှတယ်။

ခေတ်ပြိုင်မှာ ဒေါက်တာ စင်သီယာမောင် အကြောင်း ရေးထားတဲ့ စာအုပ်လေးတစ်အုပ် တင်ထားတာ တွေ့ လိုက်လို့  အားလုံးလည်း ဖတ်ကြည့်နိုင်အောင် ဒီမှာ သတင်းပေးလိုက်ပါတယ်။ ဒီစာအုပ်လေးဖတ်ပြီးတော့ ဒေါက်တာ စင်သီယာမောင် အကြောင်းနဲ့  သူရဲ့ လုပ်ဆောင်မှု့ တွေအကြောင်း ပိုသိရတာပေါ့။ အများအကျိုး ဆောင်ရွက်နေကြသူတွေ အကြောင်းဖတ်ရ၊ ကြားရတာတိုင်း ၀မ်းမြောက်ဝမ်းသာနဲ့  ချီးကျူးမိတယ်။ အဲ့လို လုပ်ကိုင်နေသူတွေကိုလည်း လေးစားမိတယ်။ ကျွန်မတို့ ဆို သူတို့ လို မလုပ်နိုင်ဘူးလေ။

မယ်တော်ဆေးခန်း ရဲ့ သတင်းတွေ၊ လုပ်ဆောင်မှု့ တွေကို သိချင်တယ်ဆိုရင် Mae Toe Website မှာ သွားဖတ်ကြည့်လို့  ရပါတယ်... အဲ့ဒီမှာ လွတ်မြောက်ရေးနယ်မြေမှ ကျန်းမာရေးလုပ်သားများ စုစည်း ထုတ်ဝေတဲ့ နိုင်တင်ဂေး ကျန်းမာရေး ဂျာနယ်ကို Zip Files တွေနဲ့ တင်ပေးထားတာတွေလည်း ရှိပါတယ်။ အချိန်ရရင် သွားဖတ်ကြည့်ကြပါ။


Related Link :
ဒေါက်တာစင်သီယာမောင် (သို့ မဟုတ်) အရိပ်ကောင်းသောသစ်ပင် - စိုးနေလင်း
Mae Tao Clinic (မယ်တော်ဆေးခန်း)
Nightingale Health Journal ( နိုက်တင်ဂေး ကျန်းမာရေးဂျာနယ်)

2 comments:

MYO HAN HTUN said...

ကျွန်တော်က ကိုယ်ရေးရာဇ၀င် ဖတ်တာ တော်တော့်ကို ၀ါသနာပါလို့ အခုလို Share လုပ်ပေးတဲ့ နေနေနိုင်ကို ကျေးဇူးအထူးတင်ပါတယ်။

Nay Nay Naing said...

ကျွန်တော်လည်း အတ္တုပ္ပတ္တိတို့  ကိုယ်ရေးရာဇ၀င်တို့ ကို ဖတ်ရတာ ကြိုက်တယ်။ ကျွန်တော် ဘလောခ့်ကို လာလည်လေ့ရှိတာ ကျေးဇူးတင်တယ်ဗျာ။ :)