Pages

March 13, 2007

wxWidgets

wxWidgets ဆိုတာ Cross Platforms မှာသုံးလို့ ရတဲ့ GUI တည်ဆောက်တဲ့ toolkit တစ်ခုပါ။ wxWidgets သုံးထားတဲ့ GUI တွေဟာ တခြား ဟာတွေထက်စာရင် ပိုပြီး အဆင်ပြေတယ်။ အင်း.. သူကတော့ native look and feel လို့  ပြောထားပါတယ်။ ခက်တယ်.. တချို့ စကားလုံးတွေက ကိုယ့်ဟာကိုတော့ သိပေမယ့် ပြန်ရေးဆို မရေးတတ်တော့ဘူး။ ထားပါ .. wxWidgets အကြောင်း ဆက်ပြောဦးမယ်။


ဒီ wxWidgets Library ကို C++ သုံးပြီးရေးထားတာပါ။ wxWidgest ကို လာရှာကြည့်မယ်ဆို C++ အတွက် Framework ဖြစ်တယ်ဆိုပြီး ရေးထားတာတွေ တွေ့ ရတယ်။ C++ တစ်ခုအတွက် သုံးလို့ ရတာ မဟုတ်ဘူး။ တခြား Programming Langauges တွေမှာလည်း သုံးလို့ ရပါတယ်။ BASIC (wxBasic), Common Lisp (wxCL), D programming (wxD), Eiffel (wxEiffel) , Erlang (wxErlang), Haskell (wxHaskell), Java (wx4j), JavaScript (wxJS), C#/.NET (wx.NET), Lua programming (wxLua), Perl (wxPerl), Python (wxPython), Ruby (wxRuby), Smalltalk (wxSqueak) တွေမှာ ခုလက်ရှိ သုံးနိုင်ပါတယ်။ wxWidgets က လက်ရှိ support လုပ်တဲ့ Porgramming Lists ကို ကြည့်လိုက်တာ တချို့  Programming Langauges တွေကိုဆို ကျွန်မ ကြားတောင် မကြားဖူးဘူး။ နောက်ထပ် တခြား programming langauges တွေမှာ သုံးလို့ ရအောင် ဆက်ပြီ develope လုပ်နေကြတယ် သိရပါတယ်။

wxWidgets ဟာ Cross Platforms လို့ ပြောထားတာနဲ့  ဘယ် platforms တွေမှာ သုံးလို့ ရလဲ သိချင်လို့  ရှာကြည့်လိုက်တော့ Windows, Apple Macintosh, Linux/Unix (X11, Motif, and GTK+), OpenVMS နဲ့ OS/2 တွေမှာ သုံးနိုင်တယ်သိရတယ်။ နောက်ပြီး embedded system မှာ သုံးလို့ ရအောင်လုပ်နေတာက under developement လို့  ပြောထားတော့ ဒီထက်ပိုပြီး နာမည်ကြီးလာဦးမယ် ထင်ပါတယ်။

"wxWidgets enables a program to compile and run on several computer platforms with minimal or no code changes." တဲ့.. ကျွန်မတို့ လို software developer တွေ အကြိုက်ပေါ့။ ဘာမှ code တွေပြောင်းစရာမလိုပဲ Platform အကုန်မှာ အဆင်ပြေနေရင် ပိုတောင် ကြိုက်သေးတယ်။ ဘာမှ ရေးစရာမလိုရင် ပိုတောင် ကြိုက်ကြဦးမယ်ထင်တယ်။

wxWidgets က Native AIPs တွေကို ခေါ်သုံးထားတာသိရတယ်။ ဒီလို Native APIs တွေကို ခေါ်သုံးရင် အပြင်အဆင် အဆင်ပြေရုံတင်မက တခြား Custom APIs တွေကို သုံးပြီး ရေးထားတာထက် ပိုလည်း မြန်တယ်။ " wxWidgets code prefers calling a native widget on the platform, instead of reimplementing custom widgets. This leads to a faster, more native looking interface when compared to toolkits like Swing (for Java) "

wxWidgets နဲ့  ရေးထားတဲ့ screens shots လေးတွေ ကြည့်ချင်တယ်ဆို ဒီမှာ ကြည့်လို့ ရပါတယ်။ ကျွန်မ ကတော့ စာတွေ ဘယ်လောက်ရေးပြီး ဘာတွေ ကောင်းပါတယ် ပြောနေနေ.. ပုံလေးတွေနဲ့  ဒါကိုသုံးပြီး ဒါတွေ လုပ်ထားတယ် ဆိုတာမျိုးလေး ကြည့်လိုက်ရတာကို ပိုကြိုက်တယ်။ စိတ်ဝင်စားရင် သွားကြည့်လိုက်ကြပါ။ wxWidgets က Free Open Source Project တစ်ခုပါပဲ။

ဒီမှာကတော့ wxWidgets ကို သုံးထားတဲ့ Software တချို့  ..
* aMule - 'All-platform' P2P client based on eMule
* Audacity - a free/open source sound editor
* Audiobook Cutter - A user-friendly MP3 audiobook splitter.
* Code:locks - The free/open source, cross platform Free C++ IDE
* e - Collaborative Text Editor for Windows
* Juice (podcasting), an aggregator application that is used to download podcast media files
* Mahogany - An OpenSource cross-platform mail and news client.
* Monolith - tool to distribute copyrighted data
* MUTE - anonymous file sharing
* VLC media player - cross platform multimedia player

Source : wxwidgets.org , wikipedia.org

2 comments:

Thinzar said...

တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ widget အကြောင်း share လုပ်ထားတာ ကျေးဇူး။

Nay Nay Naing said...

Technical post တွေ ဖတ်မယ့်သူ၊ စိတ်ဝင်စားသူ မရှိဘူး ထင်နေခဲ့တာ.. ခုလို အားပေးတာ ကျေးဇူးပါပဲ ညီမလေး သဉ္ဇာ ..