ဒီနေ့ မနက်တော့ လိုတဲ့ အခြောက်အခြမ်းတွေ ၀ယ်ရအောင် ဆိုပြီး သိမ်ကြီးဈေးကို တစ်ခေါက်ရောက်ဖြစ် ခဲ့တယ်။ အမေနဲ့  အတူ ငါးရံခြောက်၊ ပုဇွန်ခြောက်၊ ငါးပုတ်ခြောက်၊ ငရုတ်သီး နဲ့  တခြားလိုတာတွေ ၀ယ်ဖြစ်ခဲ့တယ်။ ဈေးတွေများ ကြီးချက်ကတော့ မပြောပါနဲ့ တော့။ အမေက ဈေးမေးလိုက်၊ ပစ္စည်းတွေ ၀ယ်လိုက်တဲ့ ကျွန်မက ဘုရား တလိုက်နဲ့  တော်တော်လေး ကုသိုလ်တွေတော့ အတော်ရခဲ့ပါတယ်။
ကျွန်မ မှတ်မိသလောက်ဈေးလေးတွေ ပြောပြဦးမယ်..
ငါးရံခြောက်က အကောင်ကြီး ကို ၁၃၀၀၀( သောင်းသုံးထောင်ဈေး)
ငါးပုတ်ခြောက် အချိုခြောက်လို့ ပြောတာပဲ ၂၅၀၀၀ ( နှစ်သောင်း ငါးထောင်ဈေး)
ပုဇွန်ခြောက်မှုန့် က ၈၀၀, ၉၀၀, ၁၀၀၀ နဲ့  ၁၂၀၀ ဆိုပြီး အစားစားရှိတယ်..
လက်ဖက်နဲ့  စားတဲ့ ရွှေပုဇွန်ခြောက် သေးသေးလေးတွေ အတော်လေးကို သေးတယ်… ၁၇၅၀၀ (သောင်းခုနှစ်ထောင်ငါးရာ ဈေး)
တခြား ပုဇွန်ခြောက်ဈေးတွေ တော့ ဒီမှာသာ ကြည့်ပါတော့…
No comments:
Post a Comment