Pages

March 11, 2007

Myanmar e-Library


USDA Youth ( ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့  ဖွံ့ ဖြိုးရေးအသင်းကြီး - ပြည်သူတွေခေါ်တာတော့ ကြံ့ဖွတ် ) က တင်တဲ့ Myanmar e-Library.. ဒီနေ့ ဆို နေပြည်တော်မှာ အဲ့ ဒီ Myanmar ပထမဆုံး e-Library ဖွင့်ပွဲကြီးကို အကြီးအကျယ်လုပ်မှာလို့ သိရတယ်.. အင်း သူတို့ တွေ အပြောအရတော့ စာအုပ်ကြီးတွေကို 0 (zero) and 1 (one) တွေ ပြောင်းပြီး အင်တာနက်ပေါ်ကို တင်လိုက်တဲ့ မြန်မာ့ စစ်အစိုးရ အထောက်အပံ့ရ online library ကြီးဖြစ်ပါတယ်တဲ့ လေ။ This is the first National Online Library System in Myanmar လို့ ရေးထားတယ်။

စာအုပ်တွေမှာ download နဲ့  read ဆိုပြီး button နှစ်ခုပေးထားတာတွေ့ ရတယ်။ ဒါပေမယ့် စာအုပ်အတော်များများ မှာတော့ အဲ့ဒီ button နှစ်ခုမပါသေးပဲ စာအုပ်နာမည်ပဲ e-library book list မှာ ရှိနေသေးတာ တွေ့ ရတယ်။ အင်း.. သူတို့ လည်း ဖွင့်ရမယ်ဆိုတဲ့ ဖွင့်ပွဲ အမှီ booklist တွေ တင်လိုက်ရတော့ စာအုပ်တွေအားလုံးကို zero one ပြောင်းဖို့  အချိန်မမှီလိုက်ဘူးနဲ့ တူပါတယ်။ အဲ့ဒီ နာမည်ပဲ ရှိပြီး ဖတ်လို့လည်းမရ၊ download လုပ်လို့ လည်းမရသေးတဲ့ စာအုပ်တွေကို ဘယ်တော့များ zero one ပြောင်းပြီး တင်မလဲ စောင့်ကြည့်လိုက်ဦးမယ်။

ရှိနေတဲ့ eBook တွေကို ဖတ်မယ်၊ download လုပ်မယ်ဆိုရင်တော့ မန်ဘာ ၀င်ဖို့ တော့ လိုတယ်နော်... မန်ဘာကို ၁ နှစ် အလကား ၀င်ခွင့်ပြုမှာလို့ လည်း ကြားလိုက်ရတယ်။ အဲဒီ ၁နှစ် ပြီးရင်တော့ ဘာတွေဘယ်လို ဖြစ်မလဲ မသိဘူးပေါ့နော်။ ဘယ်အရာကိုမှ အစိုးမရတဲ့ တရား သဘောလေးကို နားလည်ထားရမယ်လေ။ ဒါနဲ့  အဲ့ဒီမှာ member ၀င်မယ်ဆို ဖြည့်ရတာတွေက တခြား web site တွေနဲ့  မတူဘူးရှင့်။ ကျွန်မတော့ ဖြည့်ချင်တာ ဖြည့်လိုက်တာပဲ .. diamond member ဆိုလားပဲ ဖြစ်သွားပါတယ်။ ခုထိတော့ member ၄၀ မပြည့်သေးပါဘူး။ ၀င်ကြည့်ကြပါ။ ဘာတွေရှိနေလည်း သိရတာပေါ့။

ဘာပဲဖြစ်ဖြစ် e-library ကို ကြိုဆိုပါတယ်။ နိုင်ငံမှာ ရှိသင့်တဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ခုလို စာအုပ်နာမည် စာရင်းတွေပဲ ရှိနေမယ့်အစား စာအုပ်တွေပါ တကယ်ရှိလာဖို့ လိုပါတယ်။၊ ရှားရှားပါးပါး စာအုပ်တွေ၊ ခေတ်ပေါ်စာအုပ်တွေ ဝေေ၀ဆာဆာ နဲ့  e-library ကြီး ဖြစ်လာမယ်ဆိုရင်တော့ အရမ်းကောင်းမှာပါပဲ။

2 comments:

Unknown said...

အေးဟ. . .အဲဒီwebsiteကိုသွားကြည့်ပြီးပြီ။ ဖွင့်ပွဲအခုမှ လုပ်ထားလို့ထင်တယ်။ မိုးပျံဖူဖောင်းလေးတွေတောင် လွှင့်လို့ . . .။ ငါထင်တာတော့ ကလေးနဲနဲဆန်တယ်ထင်တာပဲ။

ညီညီ(သံလွင်) said...

တိုက်တိုက်ဆိုင်ဆိုင် ဒီကဗျာလေးကို သွားသတိရလိုက်တယ်..

သမုဒ္ဒရာရေမျက်နှာထက်
ခဏတက်သည့်
ရေပွက်ပမာ..