Pages

March 16, 2007

သံသရာရေစီးထဲမှာ - ဇော်ဝင်းထွဋ်

ညက ဒီသီချင်းလေး နားထောင်ဖြစ်ရင်း ဟို... ကျောင်းတက်တုန်းက အချိန်တွေကို သတိရသွားတယ်။ ဒီသီချင်းတွေကို မကြာခဏ နားထောင်ဖြစ်တုန်းက အချိန်တွေ.... ကျောင်းတော်ကြီးရယ်၊ သူငယ်ချင်းတွေရယ်. အထူးသဖြင့် Morrell Hall မှာ နေခဲ့ရတဲ့ အချိန်တွေ... Gispy Lane မှာလမ်းလျှောက်ခဲ့တာတွေ... အများကြီးပါပဲ.....

သံသရာရေစီးထဲမှာ
ရေး - ဆောင်းဦးလှိုင်
ဆို - ဇော်ဝင်းထွဋ်

အချိန်တန်ရင် ထွက်ခွါသွား ရထားတစင်းထဲ
လူဆိုတဲ့ ခရီးသည်တွေ အဆင်းအတက်နဲ့ 
သံသရာရယ် စက်ဝိုင်း တစ်ခုလိုပဲ
မသေချာစွာ လည်ပတ်တုန်းပါကွယ်

ဒါဏ်ရာတွေ ရှုပ်ပွကာ အသည်းကြွေမှ
လူတွေဟာ ဘ၀အသိ မှန်ရတော့မှာလား
အားလုံးပဲ
မကောင်းကြတော့ဘူး

အရှေ့ ဖက်ဆီ ရောင်နီဦး အလင်းရောင်သန်းလုပြီ
သံဝေဂများစွာ ဒီလူ့ ဘဝ
အမှောင်နဲ့  အလင်းရဲ့ ကိုယ့်အသည်းကြား
ရင်ထဲရှိတယ် သီချင်းလေး အဆုံးမသတ်တော့

နွေဂိမာန် ၀ဿန်မိုးစက် ဟေမန်နှင်းထဲ
မရပ်မနားသွားနေ ဒီခရီးရထား
မွေးဖွားခြင်းနဲ့  သေဆုံးခြင်းကြား
အချိန်နဲ့  တို့ ကမ္ဘာလည်ပတ်မှု့ မ ရပ်သရွေ့ တော့

No comments: