Pages

March 12, 2007

XRuby - Ruby to Java bytecode compiler

XRuby ဆိုတာ Rudy Source Code (.rb) တွေကို Java Bytecode (.class) အနေနဲ့  ပြောင်းပေးနိုင်တဲ့ ပထမဆုံး compiler ပါ။ လက်ရှိ stable version ဖြစ်တဲ့ version 0.1.3 က ပြီးခဲ့တဲ့ အပတ်(မတ် ၆ ၂၀၀၇) ကမှ ထွက်ထားတာဖြစ်ပါတယ်။

Ruby က ခု နှစ်ပိုင်းမှာ Hot ဖြစ်လာရုံမကပဲ ခုဆို အတော်များများ ၀ိုင်းပံ့ပိုးနေကြပါပြီ။ ဟိုတလောကတင် NetBean က Ruby နဲ့  JRuby ကို Support လုပ်မယ် ပြောတယ်။ Visual Studio 2005 အတွက် Ruby Plugin တွေလုပ်ကြတယ် ( Ruby In Steel) ။ နောက်ပြီး Lunix မှာဆိုလည်း Ruby က Pre-Installed လုပ်ပြီးသား ပါတယ်။ Sun Java ကလည်း Ruby Scripting Langauge ကို တော်တော် သဘောကျပုံရတယ်။ JRuby ဆိုပြီး လုပ်တယ်။ ခုဆို Google ကလည်း ဒီ Java နဲ့  Ruby ပိုအဆင်ပြေအောင်လို့  XRuby ကို support လုပ်ပေးတယ်။

Ruby In Steel က ပိုက်ဆံပေးဝယ်ရမယ်။ JRuby က Free Programming Language ၊ NetBean ကတော့ အစကတည်းက free IDE၊ ခု XRuby က Open Source Project ပါဖြစ်လို့  ၀ါသနာပါတယ် ဆိုရင် ၀င်တောင်ရေးလို့ ရပါသေးတယ်။

Source:
XRuby - http://xruby.com/default.aspx
XRuby (Google) - http://code.google.com/p/xruby/
JRuby - http://jruby.codehaus.org/
NetBean adopts Ruby JRuby
Ruby In Steel - http://www.sapphiresteel.com/

No comments: