ကျွန်မ အလုပ်မှာ ကျွန်မတို့  မြန်မာတွေဟာ စင်္ကာပူအစိုးရကို Tax ပေးရယုံမက မြန်မာ အစိုးရကိုလည်း လခရဲ့ ၁၀ % ပေးရသေးတယ်။ Double Tax ပေးရတဲ့ အကြောင်းပြောပြတော့ အလုပ်က လူတွေက မယုံဘူးတဲ့။ မဖြစ်နိုင်ဘူးလို့  ပြောပါတယ်။ ခုတော့ သူတို့ ကို ဒီနေ့ ထုတ် Today သတင်းစာပြပြီး Myanmar တွေ Double Tax ပေးရှိတယ်ဆိုတာ သက်သေပြလိုက် ပါတယ်။ ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပါပဲ။ ကြားရတာကတော့ အဲ့ဒီပွဲကို မြန်မာသံအမတ်ကြီးကို ဖိတ်ပေမယ့် မအားလို့ မလာဖူးပြောတယ်တဲ့။ မအားလို့ မဖြစ်နိုင်ပါဘူး၊ မလာရဲတာပဲနေမှာ။

ဒီသတင်းကို ဖတ်ဖြစ်အောင် သတင်းပေးတဲ့ ကိုအော့နဲ့ ပီစပိရစ်ကို ကျေးဇူးတင်ပါတယ်။
Other Related Link :
Avoidance of Double Taxation - Blog
Avoidance of Double Taxation - Yahoo Group
Double Tax and Me - N3
2 comments:
အခုရက်ပိုင်းတွေမှာ စင်ကာပူက ဘလော့ကာတော်တော်များများရဲ့ ဘလော့တွေမှာ ဒီကိစ္စကို အားတက်သရော ရေးကြ၊ သတင်းဖော်ပြကြတာကို တွေ့နေရတယ်။ အဲဒီကြိုးပမ်းမှုကြီး အောင်မြင်ကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်။
အခွန် ၂ ခါ မပေးချင်တော့ဘူးဗျ.. အောင်မြင်ပါစေ ဆုတောင်းပေးတာ ကျေးဇူးပါပဲ အစ်ကိုသံလွင်.
Post a Comment